Quran Apps in many lanuages:

Surah An-Nisa Ayahs #134 Translated in Burmese

وَإِنْ يَتَفَرَّقَا يُغْنِ اللَّهُ كُلًّا مِنْ سَعَتِهِ ۚ وَكَانَ اللَّهُ وَاسِعًا حَكِيمًا
သို့ရာတွင် အကယ်၍ ထို (ဇနီးမောင်နှံ) နှစ်ဦးတို့သည် (မိမိတို့အချင်းချင်း သင့်မြတ်နိုင်ခြင်းငှာ နည်းလမ်းမရှိတော့၍) ကွာရှင်းခွဲခွာကြပါမူ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ များပြားသောကျေးဇူးတော်ဖြင့် (ယင်းဇနီးမောင်နှံနှစ်ဦးတို့အား) တစ်ဦးကိုတစ်ဦး မတောင့်တ မကြောင့်ကြရအောင် ပြုလုပ်ပေးတော်မူအံ့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်ပေါများကြွယ်ဝတော်မူသော ကျေးဇူးတော်ရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَلَقَدْ وَصَّيْنَا الَّذِينَ أُوتُوا الْكِتَابَ مِنْ قَبْلِكُمْ وَإِيَّاكُمْ أَنِ اتَّقُوا اللَّهَ ۚ وَإِنْ تَكْفُرُوا فَإِنَّ لِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ وَكَانَ اللَّهُ غَنِيًّا حَمِيدًا
ထို့ပြင်တဝ အာကာသကောင်းကင်များ၌ ရှိရှိသမျှသော အရာဝတ္ထုများကိုလည်းကောင်း၊ ပထဝီမြေကြီး၌ ရှိရှိသမျှသော အရာဝတ္ထုများကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်တော်မူ၏။ မုချဧကန် ငါအရှင်မြတ်သည် အသင်တို့အလျင် ကျမ်းဂန်ရရှိပြီးဖြစ်သောသူတို့ကိုလည်းကောင်း၊ အသင်တို့ကိုလည်းကောင်း၊ “အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ကြကုန်လော့” ဟု အမိန့်ပေးတော်မူခဲ့၏။ သို့ရာတွင် အကယ်၍သာ အသင်တို့သည် မယုံမကြည် သွေဖည်ငြင်းပယ်ကြပါမူ (အလ္လာဟ်အရှင်မြတ်၌ မည်သို့မျှ အကျိုးယုတ်နစ်နာမှုရှိမည်မဟုတ်၊ အသင်တို့၌သာ အကျိုးယုတ်နစ်နာမှုရှိအံ့။ အဘယ်ကြောင့်ဆိုသော်) အာကာသကောင်းကင်များနှင့် ပထဝီမြေကြီး၌ ရှိရှိသမျှတို့ကို အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်တော်မူသောကြောင့်တည်း။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသောအရှင်၊ ချီးမွမ်းထောပနာပြုခြင်းအပေါင်းကို ခံထိုက်တော်မူသောအရှင် ဖြစ်တော်မူသတည်း။
وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ وَكَفَىٰ بِاللَّهِ وَكِيلًا
အမှန်စင်စစ် အာကာသကောင်းကင်များနှင့် ပထဝီမြေကြီး၌ရှိရှိသမျှတို့ကို အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် ကိစ္စအဝဝကို ပြီးစီးအောင် စီမံပြုလုပ် ပေးတော်မူသော အရှင်မြတ်အဖြစ် လုံလောက်တော်မူသောအရှင် ဖြစ်တော်မူသည်။
إِنْ يَشَأْ يُذْهِبْكُمْ أَيُّهَا النَّاسُ وَيَأْتِ بِآخَرِينَ ۚ وَكَانَ اللَّهُ عَلَىٰ ذَٰلِكَ قَدِيرًا
အို- လူအပေါင်းတို့၊ အကယ်၍သာ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့အား ပယ်ရှား (ဖျက်ဆီး) တော်မူ၍ (အသင်တို့၏အစား) အခြားသူတို့ကို ဖြစ်ထွန်းစေတော်မူအံ့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ယင်းသည့်ကိစ္စကို စွမ်းဆောင်တော်မူနိုင်သောအရှင်မြတ်ပင် ဖြစ်တော်မူပေ၏။
مَنْ كَانَ يُرِيدُ ثَوَابَ الدُّنْيَا فَعِنْدَ اللَّهِ ثَوَابُ الدُّنْيَا وَالْآخِرَةِ ۚ وَكَانَ اللَّهُ سَمِيعًا بَصِيرًا
မည်သူမဆို မျက်မှောက်လောကီဘဝ၏ အကျိုးကို (သာ) အလိုရှိပါမူ၊ (ထိုသူသည် အသိအလိမ္မာကင်းမဲ့သူဖြစ်၏။ အဘယ်ကြောင့်ဆိုသော်) အလ္လာဟ်အရှင်မြတ်အထံတော်၌ မျက်မှောက်လောကီဘဝနှင့် နောင်တမလွန်ဘဝ (နှစ်ဘဝလုံး) ၏ အကျိုးကျေးဇူးသည် ရှိ၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် (လျှောက်ထားပန်ကြားချက်အလုံးစုံတို့ကို) အကြွင်းမဲ့ ကြားသိတော်မူသောအရှင်၊ (လူခပင်းတို့၏ စိတ်စေတနာများကို) အကြွင်းမဲ့ ခွဲခြားသိမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (ရကူ)

Choose other languages: