Quran Apps in many lanuages:

Surah An-Nisa Ayahs #133 Translated in Burmese

وَلَنْ تَسْتَطِيعُوا أَنْ تَعْدِلُوا بَيْنَ النِّسَاءِ وَلَوْ حَرَصْتُمْ ۖ فَلَا تَمِيلُوا كُلَّ الْمَيْلِ فَتَذَرُوهَا كَالْمُعَلَّقَةِ ۚ وَإِنْ تُصْلِحُوا وَتَتَّقُوا فَإِنَّ اللَّهَ كَانَ غَفُورًا رَحِيمًا
ထိုမှတပါးတုံ အသင်တို့သည် (မည်မျှပင် တရားမျှတစေရန်) ဆန္ဒထားရှိကြသော်လည်း (မိမိတို့၏ တစ်ဦးထက်ပိုသော) ဇနီးမိန်းမတို့၏စပ်ကြားဝယ် (အဘက်ဘက်မှ) တရားမျှတအောင် အလျင်း ပြုနိုင်ကြမည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်တို့ သည် (ဇနီးမိန်းမတစ်ဦး�းဘက်သို့) လုံးဝ တစ်ဘက်သက် ယိမ်းယိုင်မသွားကြကုန်လင့်။ သို့ (ယိမ်းယိုင်ကြ) ပါလျှင် အသင်တို့သည် (အခြား) ဇနီးမိန်းမကို တွဲလျားထားဘိသကဲ့သို့ ဖြစ်အံ့။ သို့ရာတွင် အကယ်၍ အသင်တို့သည် (ဇနီးမိန်းမတို့နှင့်ပတ်သက်၍ မိမိတို့၏ချွတ်ယွင်းချက်များကို) ပြုပြင်၍ (တစ်ဘက်သက် ဇနီးမိန်းမ တစ်ဦးဦးဘက်သို့ ယိမ်းယိုင်ခြင်းမှ) ဆင်ခြင်ကြပါမူ အလ္လာဟ်အရှင်မြတ်သည် မလွဲဧကန် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَإِنْ يَتَفَرَّقَا يُغْنِ اللَّهُ كُلًّا مِنْ سَعَتِهِ ۚ وَكَانَ اللَّهُ وَاسِعًا حَكِيمًا
သို့ရာတွင် အကယ်၍ ထို (ဇနီးမောင်နှံ) နှစ်ဦးတို့သည် (မိမိတို့အချင်းချင်း သင့်မြတ်နိုင်ခြင်းငှာ နည်းလမ်းမရှိတော့၍) ကွာရှင်းခွဲခွာကြပါမူ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ များပြားသောကျေးဇူးတော်ဖြင့် (ယင်းဇနီးမောင်နှံနှစ်ဦးတို့အား) တစ်ဦးကိုတစ်ဦး မတောင့်တ မကြောင့်ကြရအောင် ပြုလုပ်ပေးတော်မူအံ့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်ပေါများကြွယ်ဝတော်မူသော ကျေးဇူးတော်ရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَلَقَدْ وَصَّيْنَا الَّذِينَ أُوتُوا الْكِتَابَ مِنْ قَبْلِكُمْ وَإِيَّاكُمْ أَنِ اتَّقُوا اللَّهَ ۚ وَإِنْ تَكْفُرُوا فَإِنَّ لِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ وَكَانَ اللَّهُ غَنِيًّا حَمِيدًا
ထို့ပြင်တဝ အာကာသကောင်းကင်များ၌ ရှိရှိသမျှသော အရာဝတ္ထုများကိုလည်းကောင်း၊ ပထဝီမြေကြီး၌ ရှိရှိသမျှသော အရာဝတ္ထုများကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်တော်မူ၏။ မုချဧကန် ငါအရှင်မြတ်သည် အသင်တို့အလျင် ကျမ်းဂန်ရရှိပြီးဖြစ်သောသူတို့ကိုလည်းကောင်း၊ အသင်တို့ကိုလည်းကောင်း၊ “အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ကြကုန်လော့” ဟု အမိန့်ပေးတော်မူခဲ့၏။ သို့ရာတွင် အကယ်၍သာ အသင်တို့သည် မယုံမကြည် သွေဖည်ငြင်းပယ်ကြပါမူ (အလ္လာဟ်အရှင်မြတ်၌ မည်သို့မျှ အကျိုးယုတ်နစ်နာမှုရှိမည်မဟုတ်၊ အသင်တို့၌သာ အကျိုးယုတ်နစ်နာမှုရှိအံ့။ အဘယ်ကြောင့်ဆိုသော်) အာကာသကောင်းကင်များနှင့် ပထဝီမြေကြီး၌ ရှိရှိသမျှတို့ကို အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်တော်မူသောကြောင့်တည်း။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသောအရှင်၊ ချီးမွမ်းထောပနာပြုခြင်းအပေါင်းကို ခံထိုက်တော်မူသောအရှင် ဖြစ်တော်မူသတည်း။
وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ وَكَفَىٰ بِاللَّهِ وَكِيلًا
အမှန်စင်စစ် အာကာသကောင်းကင်များနှင့် ပထဝီမြေကြီး၌ရှိရှိသမျှတို့ကို အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် ကိစ္စအဝဝကို ပြီးစီးအောင် စီမံပြုလုပ် ပေးတော်မူသော အရှင်မြတ်အဖြစ် လုံလောက်တော်မူသောအရှင် ဖြစ်တော်မူသည်။
إِنْ يَشَأْ يُذْهِبْكُمْ أَيُّهَا النَّاسُ وَيَأْتِ بِآخَرِينَ ۚ وَكَانَ اللَّهُ عَلَىٰ ذَٰلِكَ قَدِيرًا
အို- လူအပေါင်းတို့၊ အကယ်၍သာ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့အား ပယ်ရှား (ဖျက်ဆီး) တော်မူ၍ (အသင်တို့၏အစား) အခြားသူတို့ကို ဖြစ်ထွန်းစေတော်မူအံ့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ယင်းသည့်ကိစ္စကို စွမ်းဆောင်တော်မူနိုင်သောအရှင်မြတ်ပင် ဖြစ်တော်မူပေ၏။

Choose other languages: