Quran Apps in many lanuages:

Surah An-Nisa Ayahs #124 Translated in Burmese

يَعِدُهُمْ وَيُمَنِّيهِمْ ۖ وَمَا يَعِدُهُمُ الشَّيْطَانُ إِلَّا غُرُورًا
ထို ‘ရှိုင်တွာန်’သည် ထိုသူတို့အား ကတိပေး၏။ တပ်မက်မောစေ၏။ သို့ရာတွင်ထို ‘ရှိုင်တွာန်’ သည်ထိုသူတို့အား လိမ်လည်ဖြားယောင်းခြင်းအားဖြင့်သာ ကတိပေးသည်။
أُولَٰئِكَ مَأْوَاهُمْ جَهَنَّمُ وَلَا يَجِدُونَ عَنْهَا مَحِيصًا
ထိုသူများကား၊ ဤသူများပင်တည်း၊ ယင်းသူတို့၏ခိုလှုံရာဌာနကား ‘ဂျဟန္နမ်’ ငရဲဘုံဖြစ်၏။ ၎င်းပြင် ယင်းသူတို့သည် ထိုငရဲဘုံမှ ထွက်ပြေးလွတ်မြောက်ရာ တစ်စုံတစ်ရာဌာနကိုလည်း ရရှိကြမည်မဟုတ်ပေ။
وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَنُدْخِلُهُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ وَعْدَ اللَّهِ حَقًّا ۚ وَمَنْ أَصْدَقُ مِنَ اللَّهِ قِيلًا
သို့ရာတွင် အကြင်သူများသည်‘အီမာန်’ ယုံကြည်ခဲ့ကြ၏။ ၎င်းပြင် ကောင်းမြတ်သောကျင့်ဝတ်များကိုလည်း ကျင့်မူခဲ့ကြ၏။ ငါအရှင်မြတ်သည် မကြာမြင့်မီ ထိုသူတို့အား (အကြင်သို့သော) ဥယျာဉ်များသို့ ဝင်ရောက်နေထိုင်စေတော်မူအံ့။ ထိုဥယျာဉ်များအောက်မှ စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြအံ့။ ထိုသူများသည် ထိုဥယျာဉ်များတွင် အမြဲထာဝစဉ် နေထိုင်စံမြန်းကြအံ့။ အလ္လာဟ်အရှင်မြတ်သည် မှန်ကန်သောကတိကိုပြုထားတော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ထက်ပိုမို၍ စကားအရာ၌မှန်ကန်သောသူသည် မည်သူရှိအံ့နည်း။
لَيْسَ بِأَمَانِيِّكُمْ وَلَا أَمَانِيِّ أَهْلِ الْكِتَابِ ۗ مَنْ يَعْمَلْ سُوءًا يُجْزَ بِهِ وَلَا يَجِدْ لَهُ مِنْ دُونِ اللَّهِ وَلِيًّا وَلَا نَصِيرًا
အသင်တို့၏ အာသာရမ္မက် အလိုဆန္ဒအတိုင်းလည်း ဖြစ်မည်မဟုတ်ပေ။ (ရှေးအထက်) ကျမ်းဂန်ရရှိသောသူတို့၏ အာသာရမ္မက် အလိုဆန္ဒအတိုင်းလည်း ဖြစ်မည်မဟုတ်ပေ။ (စင်စစ်အားဖြင့်) မည်သူမဆို မကောင်းမှုဒုစရိုက်ကိုကျင့်မူအံ့။ ထိုသူသည် ယင်းမကောင်းမှုအတွက် အပြစ်ပေးခြင်းကို ခံရလတ္တံ့။ ထို့ပြင်တဝ ယင်းသူသည် မိမိအဖို့ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြား အဆွေခင်ပွန်း တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း၊ ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း တွေ့ရှိလိမ့်မည်မဟုတ်ချေ။
وَمَنْ يَعْمَلْ مِنَ الصَّالِحَاتِ مِنْ ذَكَرٍ أَوْ أُنْثَىٰ وَهُوَ مُؤْمِنٌ فَأُولَٰئِكَ يَدْخُلُونَ الْجَنَّةَ وَلَا يُظْلَمُونَ نَقِيرًا
သို့ရာတွင် မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ကောင်းမြတ်သောကျင့်ဝတ်တို့ကို ကျင့်မူအံ့၊ ၎င်းပြင် ထိုသူသည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူလည်းဖြစ်အံ့၊ သို့ဖြစ်လျှင် ထိုကဲ့သို့ သောသူတို့သည် ‘ဂျန္နတ်’ အမတသုခဘုံသို့ ဝင်ရောက် (စံမြန်း) ကြရမည့်အပြင် ထိုသူတို့သည် နှိပ်စက်ညှင်းပန်းခြင်းကိုလည်း စိုးစဉ်းမျှခံကြရမည်မဟုတ်ပေ။

Choose other languages: