Quran Apps in many lanuages:

Surah An-Nisa Ayahs #123 Translated in Burmese

وَلَأُضِلَّنَّهُمْ وَلَأُمَنِّيَنَّهُمْ وَلَآمُرَنَّهُمْ فَلَيُبَتِّكُنَّ آذَانَ الْأَنْعَامِ وَلَآمُرَنَّهُمْ فَلَيُغَيِّرُنَّ خَلْقَ اللَّهِ ۚ وَمَنْ يَتَّخِذِ الشَّيْطَانَ وَلِيًّا مِنْ دُونِ اللَّهِ فَقَدْ خَسِرَ خُسْرَانًا مُبِينًا
ကျွန်တော်မျိုးသည် ယင်းသူတို့အား လမ်းမှားသို့လည်း မုချရောက်စေပါမည်။ ၎င်းပြင် ထိုသူတို့အား လိုချင်တပ်မက်ခြင်းကိုလည်း အမှန်ပင်ဖြစ်စေပါမည်။ ထို့ပြင်တဝ ကျွန်တော်မျိုးသည် ယင်းသူတို့အား ဧကန်စင်စစ် အမိန့်ပေးပါမည်။ သို့ဖြစ်လျှင် ထိုသူတို့သည် ခြေလေးချောင်းသတ္တဝါတို့၏ နားရွက်များကို ဖြတ်တောက်ကြလတ္တံ့။ ထိုနည်းတူစွာ ကျွန်တော်မျိုးသည် ၎င်းတို့အား အမိန့်ပေးပါမည်။ သို့အမိန့်ပေးလျှင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ် ဖန်ဆင်းထားတော်မူသော (နဂိုမူလ) ရုပ်လက္ခဏာကို ပြောင်းလဲကြလတ္တံ့။ အမှန်စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အစား ရှိုင်တွာန်ကို အဆွေခင်ပွန်းပြုလုပ်အံ့။ ထိုသူသည် မလွဲဧကန် အလွန်ထင်ရှားလှစွာ နစ်နာဆုံးရှုံးလတ္တံ့။
يَعِدُهُمْ وَيُمَنِّيهِمْ ۖ وَمَا يَعِدُهُمُ الشَّيْطَانُ إِلَّا غُرُورًا
ထို ‘ရှိုင်တွာန်’သည် ထိုသူတို့အား ကတိပေး၏။ တပ်မက်မောစေ၏။ သို့ရာတွင်ထို ‘ရှိုင်တွာန်’ သည်ထိုသူတို့အား လိမ်လည်ဖြားယောင်းခြင်းအားဖြင့်သာ ကတိပေးသည်။
أُولَٰئِكَ مَأْوَاهُمْ جَهَنَّمُ وَلَا يَجِدُونَ عَنْهَا مَحِيصًا
ထိုသူများကား၊ ဤသူများပင်တည်း၊ ယင်းသူတို့၏ခိုလှုံရာဌာနကား ‘ဂျဟန္နမ်’ ငရဲဘုံဖြစ်၏။ ၎င်းပြင် ယင်းသူတို့သည် ထိုငရဲဘုံမှ ထွက်ပြေးလွတ်မြောက်ရာ တစ်စုံတစ်ရာဌာနကိုလည်း ရရှိကြမည်မဟုတ်ပေ။
وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَنُدْخِلُهُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ وَعْدَ اللَّهِ حَقًّا ۚ وَمَنْ أَصْدَقُ مِنَ اللَّهِ قِيلًا
သို့ရာတွင် အကြင်သူများသည်‘အီမာန်’ ယုံကြည်ခဲ့ကြ၏။ ၎င်းပြင် ကောင်းမြတ်သောကျင့်ဝတ်များကိုလည်း ကျင့်မူခဲ့ကြ၏။ ငါအရှင်မြတ်သည် မကြာမြင့်မီ ထိုသူတို့အား (အကြင်သို့သော) ဥယျာဉ်များသို့ ဝင်ရောက်နေထိုင်စေတော်မူအံ့။ ထိုဥယျာဉ်များအောက်မှ စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြအံ့။ ထိုသူများသည် ထိုဥယျာဉ်များတွင် အမြဲထာဝစဉ် နေထိုင်စံမြန်းကြအံ့။ အလ္လာဟ်အရှင်မြတ်သည် မှန်ကန်သောကတိကိုပြုထားတော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ထက်ပိုမို၍ စကားအရာ၌မှန်ကန်သောသူသည် မည်သူရှိအံ့နည်း။
لَيْسَ بِأَمَانِيِّكُمْ وَلَا أَمَانِيِّ أَهْلِ الْكِتَابِ ۗ مَنْ يَعْمَلْ سُوءًا يُجْزَ بِهِ وَلَا يَجِدْ لَهُ مِنْ دُونِ اللَّهِ وَلِيًّا وَلَا نَصِيرًا
အသင်တို့၏ အာသာရမ္မက် အလိုဆန္ဒအတိုင်းလည်း ဖြစ်မည်မဟုတ်ပေ။ (ရှေးအထက်) ကျမ်းဂန်ရရှိသောသူတို့၏ အာသာရမ္မက် အလိုဆန္ဒအတိုင်းလည်း ဖြစ်မည်မဟုတ်ပေ။ (စင်စစ်အားဖြင့်) မည်သူမဆို မကောင်းမှုဒုစရိုက်ကိုကျင့်မူအံ့။ ထိုသူသည် ယင်းမကောင်းမှုအတွက် အပြစ်ပေးခြင်းကို ခံရလတ္တံ့။ ထို့ပြင်တဝ ယင်းသူသည် မိမိအဖို့ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြား အဆွေခင်ပွန်း တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း၊ ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း တွေ့ရှိလိမ့်မည်မဟုတ်ချေ။

Choose other languages: