Quran Apps in many lanuages:

Surah An-Nisa Ayahs #107 Translated in Burmese

فَإِذَا قَضَيْتُمُ الصَّلَاةَ فَاذْكُرُوا اللَّهَ قِيَامًا وَقُعُودًا وَعَلَىٰ جُنُوبِكُمْ ۚ فَإِذَا اطْمَأْنَنْتُمْ فَأَقِيمُوا الصَّلَاةَ ۚ إِنَّ الصَّلَاةَ كَانَتْ عَلَى الْمُؤْمِنِينَ كِتَابًا مَوْقُوتًا
တစ်ဖန် အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြု၍ပြီးကြသောအခါ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို မတ်တတ်ရပ်လျက်လည်းကောင်း၊ ထိုင်လျက်လည်းကောင်း၊ လဲလျောင်းလျက်လည်းကောင်း၊ အောက်မေ့တသ သတိရရှိကြလေကုန်။ တစ်ဖန် အသင်တို့သည် ဘေးရန်ကင်းငြိမ်း၍ စိတ်ချရသောအခါ (နဂိုမူလအတိုင်း စည်းကမ်းကျနစွာဖြင့်) ‘ဆွလာသ်’ ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ဧကန်မလွဲ‘ဆွလာသ်’ ဝတ်ပြုမှုသည် ‘မုအ်မင်န်’ တို့အပေါ်၌ အချိန်ကာလပိုင်းခြား၍ အတည် သတ်မှတ်ပြဋ္ဌာန်းထားသော ဖရဇ်တာဝန်တစ်ရပ်ပင် ဖြစ်ချေသတည်း။
وَلَا تَهِنُوا فِي ابْتِغَاءِ الْقَوْمِ ۖ إِنْ تَكُونُوا تَأْلَمُونَ فَإِنَّهُمْ يَأْلَمُونَ كَمَا تَأْلَمُونَ ۖ وَتَرْجُونَ مِنَ اللَّهِ مَا لَا يَرْجُونَ ۗ وَكَانَ اللَّهُ عَلِيمًا حَكِيمًا
၎င်းပြင် အသင်တို့သည် ရန်သူတို့အား လိုက်လံ (တိုက်ခိုက်) ရာ၌ စိတ်အားမလျှော့ကြကုန်လင့်။ အကယ်၍ အသင်တို့ ဒုက္ခခံစားကြရပါလျှင် ထိုသူတို့သည်လည်း အသင်တို့ကဲ့သို့ပင် ဒုက္ခခံစားကြရကုန်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်ထံတော်မှ ထိုသူတို့မမျှော်လင့်သောအရာများကို မျှော်လင့်ကြကုန်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူလေသတည်း။ (ရကူ)
إِنَّا أَنْزَلْنَا إِلَيْكَ الْكِتَابَ بِالْحَقِّ لِتَحْكُمَ بَيْنَ النَّاسِ بِمَا أَرَاكَ اللَّهُ ۚ وَلَا تَكُنْ لِلْخَائِنِينَ خَصِيمًا
(အို- နဗီတမန်တော်) အသင်သည် လူတို့၏စပ်ကြားဝယ် အလ္လာဟ်အရှင်မြတ်က အသင့်အားပြသတော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ခြင်းငှာ၊ ငါအရှင်မြတ်သည် အသင်၏ထံသို့ ကျမ်းမြတ်ကုရ်အာန်ကို မှန်ကန်မှုနှင့်တကွ ချပေးသနားတော်မူခဲ့၏။ ၎င်းပြင် အသင်သည် သစ္စာဖောက် လိမ်လည်လှည့်ဖြား အလွဲသုံးစားပြုသူများဘက်မှ ကာကွယ်ချေပပြောဆိုသူ မဖြစ်ပါလေနှင့်။
وَاسْتَغْفِرِ اللَّهَ ۖ إِنَّ اللَّهَ كَانَ غَفُورًا رَحِيمًا
၎င်းပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့်ကို လျှောက်ထားပန်ကြားပါလေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန် သနားကြင်နာ ညှာတာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။
وَلَا تُجَادِلْ عَنِ الَّذِينَ يَخْتَانُونَ أَنْفُسَهُمْ ۚ إِنَّ اللَّهَ لَا يُحِبُّ مَنْ كَانَ خَوَّانًا أَثِيمًا
ထိုမှတစ်ပါး မိမိကိုယ်ကို လိမ်လည်လှည့်ဖြားသူတို့ဘက်မှ အသင်သည် ပြောဆိုခြင်းမပြုလေနှင့်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်သစ္စာမဲ့သူ၊ အလွန် ပြစ်မှုဒုစရိုက်ကျူးလွန်သူတို့ကို နှစ်သက်တော်မမူချေ။

Choose other languages: