Quran Apps in many lanuages:

Surah An-Nahl Ayahs #21 Translated in Burmese

أَفَمَنْ يَخْلُقُ كَمَنْ لَا يَخْلُقُ ۗ أَفَلَا تَذَكَّرُونَ
သို့ပါလျက် ဖန်ဆင်းတော်မူသော အရှင်မြတ်သည် တစ်စုံတစ်ရာကိုမျှ မဖန်ဆင်းနိုင်သော သူကဲ့သို့ ဖြစ်တော်မူပါမည်လော။ သို့ပါလျက် အသင်တို့သည် (ဤမျှပင်) သတိမရကြလေသသလော။ (နားမလည်ကြလေသလော)။
وَإِنْ تَعُدُّوا نِعْمَةَ اللَّهِ لَا تُحْصُوهَا ۗ إِنَّ اللَّهَ لَغَفُورٌ رَحِيمٌ
စင်စစ်သော်ကား အကယ်၍ အသင်တို့သည်အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ရေတွက်ကြသည်ရှိသော် အသင်တို့သည် ယင်းကျေးဇူးတော်များကို (အလျှင်း)ရေတွက်နိုင်ကြမည်မဟုတ်ပေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသော အရှင်၊အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
وَاللَّهُ يَعْلَمُ مَا تُسِرُّونَ وَمَا تُعْلِنُونَ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့လျှို့ဝှက်ကြသောအကြောင်းကိစ္စများကိုလည်းကောင်း၊ အသင်တို့ ထင်ရှားစေကြကုန်သော အကြောင်းကိစ္စများကိုလည်းကောင်း၊ (ကောင်းစွာ)သိရှိတော်မူပေသည်။
وَالَّذِينَ يَدْعُونَ مِنْ دُونِ اللَّهِ لَا يَخْلُقُونَ شَيْئًا وَهُمْ يُخْلَقُونَ
စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်၏အပြင်၎င်းတို့ ဟစ်ခေါ်ကြကုန်သောသူတို့သည် တစ်စုံတစ်ရာကိုမျှဖန်ဆင်းနိုင်ကြသည်မဟုတ်။ ၎င်းတို့(ကိုယ်တိုင်)သည်ပင်လျှင်ဖန်ဆင်းခြင်းကိုခံခဲ့ကြရပေသတည်း။
أَمْوَاتٌ غَيْرُ أَحْيَاءٍ ۖ وَمَا يَشْعُرُونَ أَيَّانَ يُبْعَثُونَ
(၎င်းတို့သည်) သူသေများ(သက်မဲ့များပင်) ဖြစ်ကြကုန်၏။ ရှင်သူများမဟုတ်ကြပေ။ ထိုမှတစ်ပါး ၎င်းတို့မှာမိမိတို့သည် မည်သည့်အချိန်အခါ၌ ရှင်ပြန်ထစေခြင်း ခံကြရမည်ကိုပင် မသိကြချေ။

Choose other languages: