Quran Apps in many lanuages:

Surah An-Nahl Ayahs #20 Translated in Burmese

وَعَلَامَاتٍ ۚ وَبِالنَّجْمِ هُمْ يَهْتَدُونَ
၎င်းပြင် အမှတ်သညာမှတ်တိုင်များကိုလည်း(ပြုလုပ်တော်မူခဲ့၏)။ ထို့ပြင် ကြယ်နက္ခတ်များဖြင့်လည်း(လူတို့သည်) လမ်းများကို ရှာတွေ့ကြကုန်၏။
أَفَمَنْ يَخْلُقُ كَمَنْ لَا يَخْلُقُ ۗ أَفَلَا تَذَكَّرُونَ
သို့ပါလျက် ဖန်ဆင်းတော်မူသော အရှင်မြတ်သည် တစ်စုံတစ်ရာကိုမျှ မဖန်ဆင်းနိုင်သော သူကဲ့သို့ ဖြစ်တော်မူပါမည်လော။ သို့ပါလျက် အသင်တို့သည် (ဤမျှပင်) သတိမရကြလေသသလော။ (နားမလည်ကြလေသလော)။
وَإِنْ تَعُدُّوا نِعْمَةَ اللَّهِ لَا تُحْصُوهَا ۗ إِنَّ اللَّهَ لَغَفُورٌ رَحِيمٌ
စင်စစ်သော်ကား အကယ်၍ အသင်တို့သည်အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ရေတွက်ကြသည်ရှိသော် အသင်တို့သည် ယင်းကျေးဇူးတော်များကို (အလျှင်း)ရေတွက်နိုင်ကြမည်မဟုတ်ပေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသော အရှင်၊အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
وَاللَّهُ يَعْلَمُ مَا تُسِرُّونَ وَمَا تُعْلِنُونَ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့လျှို့ဝှက်ကြသောအကြောင်းကိစ္စများကိုလည်းကောင်း၊ အသင်တို့ ထင်ရှားစေကြကုန်သော အကြောင်းကိစ္စများကိုလည်းကောင်း၊ (ကောင်းစွာ)သိရှိတော်မူပေသည်။
وَالَّذِينَ يَدْعُونَ مِنْ دُونِ اللَّهِ لَا يَخْلُقُونَ شَيْئًا وَهُمْ يُخْلَقُونَ
စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်၏အပြင်၎င်းတို့ ဟစ်ခေါ်ကြကုန်သောသူတို့သည် တစ်စုံတစ်ရာကိုမျှဖန်ဆင်းနိုင်ကြသည်မဟုတ်။ ၎င်းတို့(ကိုယ်တိုင်)သည်ပင်လျှင်ဖန်ဆင်းခြင်းကိုခံခဲ့ကြရပေသတည်း။

Choose other languages: