Quran Apps in many lanuages:

Surah An-Nahl Ayahs #24 Translated in Burmese

وَالَّذِينَ يَدْعُونَ مِنْ دُونِ اللَّهِ لَا يَخْلُقُونَ شَيْئًا وَهُمْ يُخْلَقُونَ
စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်၏အပြင်၎င်းတို့ ဟစ်ခေါ်ကြကုန်သောသူတို့သည် တစ်စုံတစ်ရာကိုမျှဖန်ဆင်းနိုင်ကြသည်မဟုတ်။ ၎င်းတို့(ကိုယ်တိုင်)သည်ပင်လျှင်ဖန်ဆင်းခြင်းကိုခံခဲ့ကြရပေသတည်း။
أَمْوَاتٌ غَيْرُ أَحْيَاءٍ ۖ وَمَا يَشْعُرُونَ أَيَّانَ يُبْعَثُونَ
(၎င်းတို့သည်) သူသေများ(သက်မဲ့များပင်) ဖြစ်ကြကုန်၏။ ရှင်သူများမဟုတ်ကြပေ။ ထိုမှတစ်ပါး ၎င်းတို့မှာမိမိတို့သည် မည်သည့်အချိန်အခါ၌ ရှင်ပြန်ထစေခြင်း ခံကြရမည်ကိုပင် မသိကြချေ။
إِلَٰهُكُمْ إِلَٰهٌ وَاحِدٌ ۚ فَالَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ قُلُوبُهُمْ مُنْكِرَةٌ وَهُمْ مُسْتَكْبِرُونَ
အသင်တို့၏ ခဝပ်ကိုးကွယ်ရာ အရှင်မြတ်သည်တစ်ဆူတည်းသော ခဝပ်ကိုးကွယ်ရာအရှင်မြတ်ပင် ဖြစ်တော်မူ၏။ သို့ရာတွင် တမလွန်ဘဝကို မယုံ ကြည်ကြသောသူတို့၏စိတ်နှလုံးများသည်(ထိုအရှင်မြတ်တစ်ဆူတည်းဖြစ်တော်မူကြောင်းကို)ငြင်းဆိုလျက်ရှိ၍ ၎င်းတို့မှာမူ မာန်မာန ထောင်လွှားလျက်ပင်ရှိကြကုန်၏။
لَا جَرَمَ أَنَّ اللَّهَ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ ۚ إِنَّهُ لَا يُحِبُّ الْمُسْتَكْبِرِينَ
မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် ထိုသူို့လျှို့ဝှက်ကြသောအမှုကိစ္စတို့ကိုလည်းကောင်း၊ ထိုသူတို့ ထင်ရှားစေကြကုန်သောအမှုကိစ္စတို့ကိုလည်းကောင်း၊ (အကြွင်းမဲ့)သိတော်မူပေသည်။ ဧကန်အမှန် ထိုအရှင်မြတ်သည် မာန်မာနထောင်လွှားသူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေ။
وَإِذَا قِيلَ لَهُمْ مَاذَا أَنْزَلَ رَبُّكُمْ ۙ قَالُوا أَسَاطِيرُ الْأَوَّلِينَ
ထို့ပြင် ၎င်းတို့ကို အသင်တို့အားဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်က မည်သည့်အရာကို ချပေးသနားတော်မူပါသနည်းဟု မေးမြန်းလေသောအခါ၊ ၎င်းတို့ကရှေးသူဟောင်းတို့နှင့်စပ်လျဉ်း၍ဖန်တီးထားသောဒဏ္ဍာရီဝတ္ထုများပင်ဟုပြောဆိုဖြေကြားလေသည်။

Choose other languages: