Quran Apps in many lanuages:

Surah An-Nahl Ayahs #18 Translated in Burmese

وَهُوَ الَّذِي سَخَّرَ الْبَحْرَ لِتَأْكُلُوا مِنْهُ لَحْمًا طَرِيًّا وَتَسْتَخْرِجُوا مِنْهُ حِلْيَةً تَلْبَسُونَهَا وَتَرَى الْفُلْكَ مَوَاخِرَ فِيهِ وَلِتَبْتَغُوا مِنْ فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
စင်စစ်မှာမူကား ထိုအရှင်မြတ်သည် အကြင်ရှင်မြတ်ပင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် ပင်လယ်သမုဒ္ဒရာကို အသင်တို့သည် ထိုပင်လယ် သမုဒ္ဒရာမှ လတ်ဆတ်သောအသားကိုစားသုံးကြအံ့ သောငှာလည်းကောင်း၊ အသင်တို့သည် ထိုပင်လယ် သမုဒ္ဒရာမှ မိမိတို့ဆင်ယင်ကြကုန်သောလက်ဝတ်လက်စားတန်ဆာများကို ထုတ်ယူ(ဆင်ယင်သုံးစွဲ) ကြအံ့သောငှာလည်းကောင်း၊ နိုင်နင်းစေတော်မူခဲ့၏။ ၎င်းအပြင်အသင်သည် သင်္ဘောများကို ထိုပင်လယ်သမုဒ္ဒရာ၌ ရေကိုခွဲ၍သွားလာလျက်ရှိကြသည်ကို တွေ့မြင်ရလေသည်။ ထိုမှတပါးအသင်တို့သည် (ပင်လယ်ခရီးဖြင့် ကူးလူးဆက်ဆံသွားလာခြင်းအားဖြင့်) ထိုအရှင်မြတ်၏ကျေးဇူးတော်(တည်းဟူသော စီးပွားဥစ္စာ)ကို ရှာဖွေကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည်(အလ္လာဟ်အရှင်မြတ်၏) ကျေးဇူးတော်များကို သိတတ်ကြအံ့သောငှာလည်းကောင်း၊ (ထိုပင်လယ်သမုဒ္ဒရာကို နိုင်နင်းစေတော်မူခဲ့ပေသည်)။
وَأَلْقَىٰ فِي الْأَرْضِ رَوَاسِيَ أَنْ تَمِيدَ بِكُمْ وَأَنْهَارًا وَسُبُلًا لَعَلَّكُمْ تَهْتَدُونَ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ပထဝီမြေ၌၊ထိုပထဝီမြေသည် အသင်တို့နှင့်တကွ လှုပ်ရှား(ယိမ်း ယိုင်)ခြင်းမပြုရန်၊(ကျောက်ဆူးများကို)တောင်များကို ချထားတော်မူခဲ့လေသည်။ ထို့ပြင် အသင်တို့ လမ်းရှာ၍တွေ့အံ့သောငှာ မြစ်ချောင်းများကို လည်းကောင်း၊ (ပြုလုပ်တော်မူခဲ့လေသည်)။
وَعَلَامَاتٍ ۚ وَبِالنَّجْمِ هُمْ يَهْتَدُونَ
၎င်းပြင် အမှတ်သညာမှတ်တိုင်များကိုလည်း(ပြုလုပ်တော်မူခဲ့၏)။ ထို့ပြင် ကြယ်နက္ခတ်များဖြင့်လည်း(လူတို့သည်) လမ်းများကို ရှာတွေ့ကြကုန်၏။
أَفَمَنْ يَخْلُقُ كَمَنْ لَا يَخْلُقُ ۗ أَفَلَا تَذَكَّرُونَ
သို့ပါလျက် ဖန်ဆင်းတော်မူသော အရှင်မြတ်သည် တစ်စုံတစ်ရာကိုမျှ မဖန်ဆင်းနိုင်သော သူကဲ့သို့ ဖြစ်တော်မူပါမည်လော။ သို့ပါလျက် အသင်တို့သည် (ဤမျှပင်) သတိမရကြလေသသလော။ (နားမလည်ကြလေသလော)။
وَإِنْ تَعُدُّوا نِعْمَةَ اللَّهِ لَا تُحْصُوهَا ۗ إِنَّ اللَّهَ لَغَفُورٌ رَحِيمٌ
စင်စစ်သော်ကား အကယ်၍ အသင်တို့သည်အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ရေတွက်ကြသည်ရှိသော် အသင်တို့သည် ယင်းကျေးဇူးတော်များကို (အလျှင်း)ရေတွက်နိုင်ကြမည်မဟုတ်ပေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသော အရှင်၊အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

Choose other languages: