Quran Apps in many lanuages:

Surah An-Nahl Ayahs #128 Translated in Burmese

ادْعُ إِلَىٰ سَبِيلِ رَبِّكَ بِالْحِكْمَةِ وَالْمَوْعِظَةِ الْحَسَنَةِ ۖ وَجَادِلْهُمْ بِالَّتِي هِيَ أَحْسَنُ ۚ إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَنْ ضَلَّ عَنْ سَبِيلِهِ ۖ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ
(အို-နဗီတမန်တော်) အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏လမ်းတော်သို့ (လူတို့အား) ဉာဏ်ပညာနှင့်လည်းကောင်း၊ ကောင်းမြတ်သော ဆုံးမဩဝါဒနှင့်လည်းကောင်း၊ ဖိတ်ခေါ်ပါလေ။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား အကောင်းဆုံးနည်းဖြင့် အချေအတင်ပြောဆိုပါလေ။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည်ပင် ထိုအရှင်မြတ်၏ လမ်းတော်မှ တိမ်းလွဲခဲ့သောသူအား အသိဆုံးဖြစ်တော် မူပေသည်။ ထိုနည်းတူစွာထိုအရှင်မြတ်သည်ပင် တရားလမ်းမှန်ကို ရရှိကြကုန်သောသူတို့အားလည်း အသိဆုံး ဖြစ်တော်မူချေသတည်း။
وَإِنْ عَاقَبْتُمْ فَعَاقِبُوا بِمِثْلِ مَا عُوقِبْتُمْ بِهِ ۖ وَلَئِنْ صَبَرْتُمْ لَهُوَ خَيْرٌ لِلصَّابِرِينَ
၎င်းပြင် အကယ်၍ အသင်တို့သည် တုံ့ပြန်လက်စားချေလိုခဲ့ကြသည်ရှိသော် မိမိတို့ ဒုက္ခပေးခြင်းခံကြရသည်နှင့် ညီတူညီမျှပင် တုံ့ပြန်လက်စားချေ ကြလေကုန်။ သို့ရာတွင် အကယ်၍ အသင်တို့သည် သည်းခံခဲ့ကြပင်လျှင် ဧကန်မလွဲ ယင်းသည်းခံမှုသည် ခနီ္တတရားထားရှိကြသူတို့အဖို့အကောင်းဆုံးပါတည်း။
وَاصْبِرْ وَمَا صَبْرُكَ إِلَّا بِاللَّهِ ۚ وَلَا تَحْزَنْ عَلَيْهِمْ وَلَا تَكُ فِي ضَيْقٍ مِمَّا يَمْكُرُونَ
သို့ရာတွင် (အို-နဗီတမန်တော်) အသင်သည်သည်းခံ(မြဲသည်းခံလျက်ပင်)ရှိပါလေ။ စင်စစ် အသင်၏သည်းခံမှုသည် အလ္လာဟ်အရှင်မြတ်၏ အကူအညီကြောင့်ပင်ဖြစ်ပေသည်။ ထို့ပြင် အသင်သည် ၎င်းတို့အတွက် ပူဆွေးခြင်းမရှိပါလေနှင့်။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုများကြောင့် စိတ်ဆင်းရဲခြင်းလည်း မရှိပါလေနှင့်။
إِنَّ اللَّهَ مَعَ الَّذِينَ اتَّقَوْا وَالَّذِينَ هُمْ مُحْسِنُونَ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင်ကြကုန်သော သူတို့နှင့် အတူလည်းကောင်း၊ ကောင်းမြတ်သော အကျင့်သီလကို ကျင့်မူကြကုန်သောသူတို့နှင့်အတူလည်းကောင်း၊ ရှိတော်မူပေသတည်း။

Choose other languages: