Quran Apps in many lanuages:

Surah An-Nahl Ayahs #128 Translated in Burmese

وَإِنْ عَاقَبْتُمْ فَعَاقِبُوا بِمِثْلِ مَا عُوقِبْتُمْ بِهِ ۖ وَلَئِنْ صَبَرْتُمْ لَهُوَ خَيْرٌ لِلصَّابِرِينَ
၎င်းပြင် အကယ်၍ အသင်တို့သည် တုံ့ပြန်လက်စားချေလိုခဲ့ကြသည်ရှိသော် မိမိတို့ ဒုက္ခပေးခြင်းခံကြရသည်နှင့် ညီတူညီမျှပင် တုံ့ပြန်လက်စားချေ ကြလေကုန်။ သို့ရာတွင် အကယ်၍ အသင်တို့သည် သည်းခံခဲ့ကြပင်လျှင် ဧကန်မလွဲ ယင်းသည်းခံမှုသည် ခနီ္တတရားထားရှိကြသူတို့အဖို့အကောင်းဆုံးပါတည်း။
وَاصْبِرْ وَمَا صَبْرُكَ إِلَّا بِاللَّهِ ۚ وَلَا تَحْزَنْ عَلَيْهِمْ وَلَا تَكُ فِي ضَيْقٍ مِمَّا يَمْكُرُونَ
သို့ရာတွင် (အို-နဗီတမန်တော်) အသင်သည်သည်းခံ(မြဲသည်းခံလျက်ပင်)ရှိပါလေ။ စင်စစ် အသင်၏သည်းခံမှုသည် အလ္လာဟ်အရှင်မြတ်၏ အကူအညီကြောင့်ပင်ဖြစ်ပေသည်။ ထို့ပြင် အသင်သည် ၎င်းတို့အတွက် ပူဆွေးခြင်းမရှိပါလေနှင့်။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုများကြောင့် စိတ်ဆင်းရဲခြင်းလည်း မရှိပါလေနှင့်။
إِنَّ اللَّهَ مَعَ الَّذِينَ اتَّقَوْا وَالَّذِينَ هُمْ مُحْسِنُونَ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင်ကြကုန်သော သူတို့နှင့် အတူလည်းကောင်း၊ ကောင်းမြတ်သော အကျင့်သီလကို ကျင့်မူကြကုန်သောသူတို့နှင့်အတူလည်းကောင်း၊ ရှိတော်မူပေသတည်း။

Choose other languages: