Quran Apps in many lanuages:

Surah Al-Qasas Ayahs #23 Translated in Burmese

فَلَمَّا أَنْ أَرَادَ أَنْ يَبْطِشَ بِالَّذِي هُوَ عَدُوٌّ لَهُمَا قَالَ يَا مُوسَىٰ أَتُرِيدُ أَنْ تَقْتُلَنِي كَمَا قَتَلْتَ نَفْسًا بِالْأَمْسِ ۖ إِنْ تُرِيدُ إِلَّا أَنْ تَكُونَ جَبَّارًا فِي الْأَرْضِ وَمَا تُرِيدُ أَنْ تَكُونَ مِنَ الْمُصْلِحِينَ
တစ်ဖန် ထိုမူစာသည် မိမိတို့နှစ်ဦးလုံး၏ ရန်သူဖြစ်သောသူ(ကစ်ဗ်တွီ)အား လက်ရောက်ပြုရန် ကြံရွယ်ခဲ့လေရာ ထို(မိမိအုပ်စုထဲမှဖြစ်သော)သူက အို-မူစာ၊ အသင်သည် ယမန်နေ့က လူတစ်ယောက်အားသတ်ဖြတ်ဘိသကဲ့သို့ (ယခုမူ)ကျွန်ုပ်အား သတ်ဖြတ်လိုသလော။ အသင်သည် တိုင်းပြည်တွင် ရက်စက်စွာ စိုးမိုးအုပ်ချုပ်လိုသူ ဖြစ်ရန်သာလျှင်အလိုရှိပေသည်။ အသင်သည် စေ့စပ်၍ပေးသူမဟုတ်ဟု ပြောဆိုခဲ့ပေသတည်း။
وَجَاءَ رَجُلٌ مِنْ أَقْصَى الْمَدِينَةِ يَسْعَىٰ قَالَ يَا مُوسَىٰ إِنَّ الْمَلَأَ يَأْتَمِرُونَ بِكَ لِيَقْتُلُوكَ فَاخْرُجْ إِنِّي لَكَ مِنَ النَّاصِحِينَ
၎င်းပြင် မြို့၏အစွန်မှ လူတစ်ယောက်သည် ပြေးလျက်လာပြီးလျှင်၊ အို-မူစာ၊ မှူးကြီးမတ်ရာတို့သည် အသင်နှင့်ပတ်သက်၍ အသင့်အား သတ်ပစ်ရန် ဆွေးနွေးတိုင်ပင်လျက်ရှိကြပေသည်။ သို့ပါ၍ အသင်သည် ထွက်သွားပါလေ။ ကျွန်ုပ်သည် အသင်၏ကောင်းကျိုး လိုလားသူတစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့လေသတည်း။
فَخَرَجَ مِنْهَا خَائِفًا يَتَرَقَّبُ ۖ قَالَ رَبِّ نَجِّنِي مِنَ الْقَوْمِ الظَّالِمِينَ
ထိုအခါ ထိုမူစာသည် ထိုမြို့မှ ထွက်ခွာသွားခဲ့လေသည်။ ရန်သူများလိုက်လာမည်ကို စိုးရိမ်လျက် (အလ္လာဟ်အရှင်မြတ်၏အကူအညီကို) စောင့်မျှော်လျက်၊ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား မတရားသောသူတို့(၏ဘေးရန်ခပ်သိမ်းတို့)မှ ကယ်တော်မူပါဟုလျှောက်ထား ပန်ကြားခဲ့လေသည်။
وَلَمَّا تَوَجَّهَ تِلْقَاءَ مَدْيَنَ قَالَ عَسَىٰ رَبِّي أَنْ يَهْدِيَنِي سَوَاءَ السَّبِيلِ
တစ်ဖန် ထိုမူစာသည် ‘မဒ်ယန်’ မြို့ဘက်သို့ မျက်နှာလှည့်ခဲ့သောအခါ ငါ၏အရှင်မြတ်သည် ငါ့အား လမ်းမှန်ကိုညွှန်ပြတော်မူမည်ကို မျှော်လင့်ရပေသည်ဟု မြွက်ဆိုခဲ့လေသည်။
وَلَمَّا وَرَدَ مَاءَ مَدْيَنَ وَجَدَ عَلَيْهِ أُمَّةً مِنَ النَّاسِ يَسْقُونَ وَوَجَدَ مِنْ دُونِهِمُ امْرَأَتَيْنِ تَذُودَانِ ۖ قَالَ مَا خَطْبُكُمَا ۖ قَالَتَا لَا نَسْقِي حَتَّىٰ يُصْدِرَ الرِّعَاءُ ۖ وَأَبُونَا شَيْخٌ كَبِيرٌ
ထိုမှတစ်ပါး ထိုမူစာသည် မဒ်ယန်မြို့၏ ရေတွင်းသို့ရောက်လတ်သော် ထိုရေတွင်း၏အနီးတွင် လူတစ်စုသည်(မိမိတို့မွေးမြူထားသော တိရစ္ဆာန်များကို) ရေတိုက်နေကြသည်ကို တွေ့ရှိခဲ့၏။ ထိုမှတစ်ပါး ၎င်းတို့နှင့် သီးခြားအမျိုးသမီးနှစ်ဦးအား(မိမိတို့၏တိရစ္ဆာန်များကို) တားဆီးထိန်းသိမ်းလျက် ရှိကြသည်ကိုလည်း တွေ့ရှိခဲ့၏။ ထိုမူစာက အသင်တို့နှစ်ဦး၏ အဖြစ်သည် အသို့ပါနည်းဟု ပြောဆိုမေးမြန်းခဲ့ရာ ထိုမိန်းမနှစ်ဦးက(ဤ)သိုးထိန်းတို့သည် (မိမိတို့၏တိရစ္ဆာန်များကို)ပြန်လည်ဖယ်ထုတ်၍ မသွားသမျှကာလပတ်လုံး ကျွန်ုပ်တို့သည် (မိမိတို့တိရစ္ဆာန်များကို)ရေတိုက်ကျွေးခြင်း မပြုနိုင်ပေ။ ၎င်းပြင် ကျွန်ုပ်တို့၏ဖခင်မှာ သက်ရွယ်အလွန့်အလွန် အိုးမင်းကြီးရင့်သူ ဖြစ်ပေသည်ဟု ဖြေကြားခဲ့ကြလေသည်။

Choose other languages: