Quran Apps in many lanuages:

Surah Al-Qasas Ayahs #22 Translated in Burmese

فَأَصْبَحَ فِي الْمَدِينَةِ خَائِفًا يَتَرَقَّبُ فَإِذَا الَّذِي اسْتَنْصَرَهُ بِالْأَمْسِ يَسْتَصْرِخُهُ ۚ قَالَ لَهُ مُوسَىٰ إِنَّكَ لَغَوِيٌّ مُبِينٌ
တစ်ဖန် (ထို)မူစာသည် မြို့ထဲတွင် ကြောက်ရွံ့စိုးရိမ်စွာ စောင့်မျှော်လျက် နံနက်မိုးလင်းခဲ့ရာ ရုတ်တရက် ယမန်နေ့က မိမိထံ အကူအညီတောင်းခဲ့သောသူသည် (ယနေ့တစ်ဖန် ထပ်မံ၍) မိမိအား ဟစ်ခေါ်နေပြန်၏။ ထိုမူစာက ၎င်းအား ဧကန်အမှန် အသင်သည် ထင်ရှားစွာသော လမ်းလွဲသူတစ်ဦးပင်ဖြစ်သည်ဟု ပြောကြားခဲ့လေ၏။
فَلَمَّا أَنْ أَرَادَ أَنْ يَبْطِشَ بِالَّذِي هُوَ عَدُوٌّ لَهُمَا قَالَ يَا مُوسَىٰ أَتُرِيدُ أَنْ تَقْتُلَنِي كَمَا قَتَلْتَ نَفْسًا بِالْأَمْسِ ۖ إِنْ تُرِيدُ إِلَّا أَنْ تَكُونَ جَبَّارًا فِي الْأَرْضِ وَمَا تُرِيدُ أَنْ تَكُونَ مِنَ الْمُصْلِحِينَ
တစ်ဖန် ထိုမူစာသည် မိမိတို့နှစ်ဦးလုံး၏ ရန်သူဖြစ်သောသူ(ကစ်ဗ်တွီ)အား လက်ရောက်ပြုရန် ကြံရွယ်ခဲ့လေရာ ထို(မိမိအုပ်စုထဲမှဖြစ်သော)သူက အို-မူစာ၊ အသင်သည် ယမန်နေ့က လူတစ်ယောက်အားသတ်ဖြတ်ဘိသကဲ့သို့ (ယခုမူ)ကျွန်ုပ်အား သတ်ဖြတ်လိုသလော။ အသင်သည် တိုင်းပြည်တွင် ရက်စက်စွာ စိုးမိုးအုပ်ချုပ်လိုသူ ဖြစ်ရန်သာလျှင်အလိုရှိပေသည်။ အသင်သည် စေ့စပ်၍ပေးသူမဟုတ်ဟု ပြောဆိုခဲ့ပေသတည်း။
وَجَاءَ رَجُلٌ مِنْ أَقْصَى الْمَدِينَةِ يَسْعَىٰ قَالَ يَا مُوسَىٰ إِنَّ الْمَلَأَ يَأْتَمِرُونَ بِكَ لِيَقْتُلُوكَ فَاخْرُجْ إِنِّي لَكَ مِنَ النَّاصِحِينَ
၎င်းပြင် မြို့၏အစွန်မှ လူတစ်ယောက်သည် ပြေးလျက်လာပြီးလျှင်၊ အို-မူစာ၊ မှူးကြီးမတ်ရာတို့သည် အသင်နှင့်ပတ်သက်၍ အသင့်အား သတ်ပစ်ရန် ဆွေးနွေးတိုင်ပင်လျက်ရှိကြပေသည်။ သို့ပါ၍ အသင်သည် ထွက်သွားပါလေ။ ကျွန်ုပ်သည် အသင်၏ကောင်းကျိုး လိုလားသူတစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့လေသတည်း။
فَخَرَجَ مِنْهَا خَائِفًا يَتَرَقَّبُ ۖ قَالَ رَبِّ نَجِّنِي مِنَ الْقَوْمِ الظَّالِمِينَ
ထိုအခါ ထိုမူစာသည် ထိုမြို့မှ ထွက်ခွာသွားခဲ့လေသည်။ ရန်သူများလိုက်လာမည်ကို စိုးရိမ်လျက် (အလ္လာဟ်အရှင်မြတ်၏အကူအညီကို) စောင့်မျှော်လျက်၊ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား မတရားသောသူတို့(၏ဘေးရန်ခပ်သိမ်းတို့)မှ ကယ်တော်မူပါဟုလျှောက်ထား ပန်ကြားခဲ့လေသည်။
وَلَمَّا تَوَجَّهَ تِلْقَاءَ مَدْيَنَ قَالَ عَسَىٰ رَبِّي أَنْ يَهْدِيَنِي سَوَاءَ السَّبِيلِ
တစ်ဖန် ထိုမူစာသည် ‘မဒ်ယန်’ မြို့ဘက်သို့ မျက်နှာလှည့်ခဲ့သောအခါ ငါ၏အရှင်မြတ်သည် ငါ့အား လမ်းမှန်ကိုညွှန်ပြတော်မူမည်ကို မျှော်လင့်ရပေသည်ဟု မြွက်ဆိုခဲ့လေသည်။

Choose other languages: