Quran Apps in many lanuages:

Surah Al-Kahf Ayahs #14 Translated in Burmese

إِذْ أَوَى الْفِتْيَةُ إِلَى الْكَهْفِ فَقَالُوا رَبَّنَا آتِنَا مِنْ لَدُنْكَ رَحْمَةً وَهَيِّئْ لَنَا مِنْ أَمْرِنَا رَشَدًا
(ပြန်လည် အောက်မေ့သတိရပါလေ)၊ အကြင်အခါ ဝယ် ထိုလူငယ်တို့သည် ဥမင်လိုဏ်ခေါင်းသို့ (သွားရောက်)ခိုအောင်းခဲ့လေသည်။ ထို့နောက် ၎င်းတို့သည် ကျွန်တော်မျိုးတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား မိမိအထံတော်မှ ကရုဏာတော်ကို ချီးမြှင့်ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ ကျွန်တော်မျိုးတို့၏အရေးကိစ္စ၌ ဖြောင့်မတ်မှုကို ပေးသနားတော်မူပါဟု လျှောက်ထား(အသနား)ခံခဲ့ ကြကုန်၏။
فَضَرَبْنَا عَلَىٰ آذَانِهِمْ فِي الْكَهْفِ سِنِينَ عَدَدًا
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့၏နားပေါ်၌ ဥမင်လိုဏ်ခေါင်းတွင် ရေတွက်ထားသော နှစ်ပေါင်းများစွာအထိ (တံဆိပ်)ရိုက်နှိပ် အဖုံးပိတ်ထားတော်မူခဲ့လေ၏။(ဝါ) (အိပ်ပျော်စေတော်မူခဲ့လေသည်။)
ثُمَّ بَعَثْنَاهُمْ لِنَعْلَمَ أَيُّ الْحِزْبَيْنِ أَحْصَىٰ لِمَا لَبِثُوا أَمَدًا
ထိုနောက် ငါအရှင်မြတ်သည် ၎င်းတို့အား ထိုအုပ်စုနှစ်စုအနက် မည်သည့်အုပ်စုသည် ၎င်းတို့ နေထိုင်ခဲ့ကြသော (အချိန်ကာလ၏)အဆုံးအစွန်ကို ရေတွက်မှတ်သားခဲ့သည်ကို သိအံ့သောငှာ ပြန်နိုးစေတော်မူခဲ့ပေသတည်း။
نَحْنُ نَقُصُّ عَلَيْكَ نَبَأَهُمْ بِالْحَقِّ ۚ إِنَّهُمْ فِتْيَةٌ آمَنُوا بِرَبِّهِمْ وَزِدْنَاهُمْ هُدًى
(အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့၏အတ္ထုပတိ္တအကြောင်းကို မှန်ကန်စွာ ပြောပြတော်မူလေသည်။ ဧကန်အမှန် ၎င်းတို့သည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား သက်ဝင်ယုံကြည်ခဲ့ကြကုန်သောလုလင်အချို့ပင် ဖြစ်ခဲ့ကြကုန်၏။ ထို့ပြင် ငါအရှင်မြတ်သည်၎င်းတို့၌ တရားလမ်းမှန်ရရှိမှုကို တိုးပွားများပြားစေတော်မူခဲ့ပေသည်။
وَرَبَطْنَا عَلَىٰ قُلُوبِهِمْ إِذْ قَامُوا فَقَالُوا رَبُّنَا رَبُّ السَّمَاوَاتِ وَالْأَرْضِ لَنْ نَدْعُوَ مِنْ دُونِهِ إِلَٰهًا ۖ لَقَدْ قُلْنَا إِذًا شَطَطًا
ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့ဘုရင်၏ရှေ့ဝယ် သို့မဟုတ် လူများ၏ရှေ့ဝယ်) မားမားမတ်မတ် ရပ်တည်ခဲ့ကြသောအခါ ငါအရှင်မြတ်သည် ၎င်းတို့၏ စိတ်နှလုံးကိုကြံ့ခိုင်စေတော်မူခဲ့လေသည်။ ထိုအခါ ၎င်းတို့သည် (ဤသို့)ပြောကြားခဲ့ကြလေသည်။ ကျွန်ုပ်တို့၏အရှင်ကား မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင်ပင် ဖြစ်တော်မူပေသည်။ (သို့ဖြစ်ရာ)ကျွန်ုပ်တို့သည် ထိုအရှင်မြတ်မှတစ်ပါး မည်သူတစ်ဦးတစ်ယောက်ကိုမျှကိုးကွယ်ရာအဖြစ် အလျှင်း ဟစ်ခေါ်(တသကိုးကွယ်ဆည်းကပ်)ကြမည်မဟုတ်ကြောင်း၊ ထိုသို့(ပြုခဲ့ကြသည်)ဖြစ်လျှင် ဧကန်မလွဲကျွန်ုပ်တို့သည် အလွန့်အလွန် လွန်ကဲသောအမှုကိစ္စကို၊ အမှန်တရားနှင့် အလွန်ဝေးကွာ ကမ်းလှမ်းသောစကားကို၊ ပြောဆို(ကျူးလွန်)သူများ ပင် ဖြစ်သွားကြမည်ဖြစ်ကြောင်း။

Choose other languages: