Quran Apps in many lanuages:

Surah Al-Kahf Ayahs #16 Translated in Burmese

ثُمَّ بَعَثْنَاهُمْ لِنَعْلَمَ أَيُّ الْحِزْبَيْنِ أَحْصَىٰ لِمَا لَبِثُوا أَمَدًا
ထိုနောက် ငါအရှင်မြတ်သည် ၎င်းတို့အား ထိုအုပ်စုနှစ်စုအနက် မည်သည့်အုပ်စုသည် ၎င်းတို့ နေထိုင်ခဲ့ကြသော (အချိန်ကာလ၏)အဆုံးအစွန်ကို ရေတွက်မှတ်သားခဲ့သည်ကို သိအံ့သောငှာ ပြန်နိုးစေတော်မူခဲ့ပေသတည်း။
نَحْنُ نَقُصُّ عَلَيْكَ نَبَأَهُمْ بِالْحَقِّ ۚ إِنَّهُمْ فِتْيَةٌ آمَنُوا بِرَبِّهِمْ وَزِدْنَاهُمْ هُدًى
(အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့၏အတ္ထုပတိ္တအကြောင်းကို မှန်ကန်စွာ ပြောပြတော်မူလေသည်။ ဧကန်အမှန် ၎င်းတို့သည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား သက်ဝင်ယုံကြည်ခဲ့ကြကုန်သောလုလင်အချို့ပင် ဖြစ်ခဲ့ကြကုန်၏။ ထို့ပြင် ငါအရှင်မြတ်သည်၎င်းတို့၌ တရားလမ်းမှန်ရရှိမှုကို တိုးပွားများပြားစေတော်မူခဲ့ပေသည်။
وَرَبَطْنَا عَلَىٰ قُلُوبِهِمْ إِذْ قَامُوا فَقَالُوا رَبُّنَا رَبُّ السَّمَاوَاتِ وَالْأَرْضِ لَنْ نَدْعُوَ مِنْ دُونِهِ إِلَٰهًا ۖ لَقَدْ قُلْنَا إِذًا شَطَطًا
ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့ဘုရင်၏ရှေ့ဝယ် သို့မဟုတ် လူများ၏ရှေ့ဝယ်) မားမားမတ်မတ် ရပ်တည်ခဲ့ကြသောအခါ ငါအရှင်မြတ်သည် ၎င်းတို့၏ စိတ်နှလုံးကိုကြံ့ခိုင်စေတော်မူခဲ့လေသည်။ ထိုအခါ ၎င်းတို့သည် (ဤသို့)ပြောကြားခဲ့ကြလေသည်။ ကျွန်ုပ်တို့၏အရှင်ကား မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင်ပင် ဖြစ်တော်မူပေသည်။ (သို့ဖြစ်ရာ)ကျွန်ုပ်တို့သည် ထိုအရှင်မြတ်မှတစ်ပါး မည်သူတစ်ဦးတစ်ယောက်ကိုမျှကိုးကွယ်ရာအဖြစ် အလျှင်း ဟစ်ခေါ်(တသကိုးကွယ်ဆည်းကပ်)ကြမည်မဟုတ်ကြောင်း၊ ထိုသို့(ပြုခဲ့ကြသည်)ဖြစ်လျှင် ဧကန်မလွဲကျွန်ုပ်တို့သည် အလွန့်အလွန် လွန်ကဲသောအမှုကိစ္စကို၊ အမှန်တရားနှင့် အလွန်ဝေးကွာ ကမ်းလှမ်းသောစကားကို၊ ပြောဆို(ကျူးလွန်)သူများ ပင် ဖြစ်သွားကြမည်ဖြစ်ကြောင်း။
هَٰؤُلَاءِ قَوْمُنَا اتَّخَذُوا مِنْ دُونِهِ آلِهَةً ۖ لَوْلَا يَأْتُونَ عَلَيْهِمْ بِسُلْطَانٍ بَيِّنٍ ۖ فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا
(ကျွန်ုပ်တို့၏)ဤအမျိုးသားတို့သည်ထိုအရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာများ ပြုလုပ်ခဲ့ကြကုန်၏။ ၎င်းတို့သည် ယင်း(ကိုးကွယ်ရာ) တို့(ကိုခဝပ်ကိုးကွယ်ခြင်း)နှင့်ပတ်သက်၍ ထင်ရှားသောသက်သေသာဓက တစ်စုံတစ်ရာကိုအဘယ်ကြောင့် ယူဆောင်(တင်ပြ)ခြင်းကို မပြုကြသနည်း။သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်အပေါ်၌ မဟုတ်မမှန် မုသားကို လီဆယ်စွပ်စွဲသောသူထက် သာလွန်မတရားသောသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိပေတကား။
وَإِذِ اعْتَزَلْتُمُوهُمْ وَمَا يَعْبُدُونَ إِلَّا اللَّهَ فَأْوُوا إِلَى الْكَهْفِ يَنْشُرْ لَكُمْ رَبُّكُمْ مِنْ رَحْمَتِهِ وَيُهَيِّئْ لَكُمْ مِنْ أَمْرِكُمْ مِرْفَقًا
ထို့နောက် (ယင်းလုလင်တို့အနက် အချို့ကအချို့အား) အသင်တို့သည် ယင်း(အမျိုးသား)တို့ထံ မှလည်းကောင်း၊ အလ္လာဟ်အရှင်မှတစ်ပါး ထိုသူတို့ ကိုးကွယ်ဆည်းကပ်ကြကုန်သော ကိုးကွယ်ရာများထံ မှလည်းကောင်း၊ ခွဲခွာနောက်ဆုတ်ခဲ့ကြပြီးဖြစ်ပေရာ အသင်တို့သည် (ထို)ဥမင်လိုဏ်ခေါင်းသို့(သွားရောက်)ခိုလှုံကြလေကုန်။ အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်သည် မိမိကရုဏာတော်ကို အသင်တို့အပေါ်ဝယ် ဖြန့်၍ပေးသနားတော်မူပေမည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏အရေးကိစ္စကိုအထူး အကျိုးကျေးဇူးရှိစေရန် စီမံ၍ ပေးတော် မူမည် ဖြစ်သည်။

Choose other languages: