Quran Apps in many lanuages:

Surah Al-Isra Ayahs #75 Translated in Burmese

يَوْمَ نَدْعُو كُلَّ أُنَاسٍ بِإِمَامِهِمْ ۖ فَمَنْ أُوتِيَ كِتَابَهُ بِيَمِينِهِ فَأُولَٰئِكَ يَقْرَءُونَ كِتَابَهُمْ وَلَا يُظْلَمُونَ فَتِيلًا
အကြင်နေ့တွင် ငါအရှင်မြတ်သည် လူသားအားလုံးတို့ကို ၎င်းတို့၏ရှေ့ဆောင်တို့နှင့်တကွ (မှတ်တမ်းများနှင့်တကွ) ခေါ်ယူတော်မူအံ့။ ထိုအခါ မိမိတို့၏မှတ်တမ်းများကိုမိမိတို့ လက်ယာလက်သို့ ပေးခြင်းခံကြရသော သူတို့မှာမူကားမိမိတို့၏မှတ်တမ်းများကို(ဝမ်းမြောက်ဝမ်းသာ) ဖတ်ကြကုန်အံ့။၎င်းပြင် ထိုသူတို့သည် စိုးစဉ်းမျှပင် မတရားပြုလုပ်ခြင်းကိုခံကြရမည် မဟုတ်ပေ။
وَمَنْ كَانَ فِي هَٰذِهِ أَعْمَىٰ فَهُوَ فِي الْآخِرَةِ أَعْمَىٰ وَأَضَلُّ سَبِيلًا
စင်စစ် မည်သူမဆို ဤပစ္စုပ္ပန်လောကီဘဝတွင်မျက်စိကန်းသူဖြစ်ခဲ့လျှင်၊ ထိုသူသည် နောင်တမလွန် ဘဝတွင်လည်း ကန်းသူသည်လည်းကောင်း၊ (မှန်ကန်သောလမ်းမှ) ပို၍ဝေးသူသည်လည်းကောင်း၊ ဖြစ်အံ့သတည်း။
وَإِنْ كَادُوا لَيَفْتِنُونَكَ عَنِ الَّذِي أَوْحَيْنَا إِلَيْكَ لِتَفْتَرِيَ عَلَيْنَا غَيْرَهُ ۖ وَإِذًا لَاتَّخَذُوكَ خَلِيلًا
စင်စစ်ဧကန် ငါအရှင်မြတ်သည် အသင့်ထံသို့ပို့တော်မူခဲ့သောအမိန့်တော်မှတစ်ပါးကို ငါအရှင်မြတ် အပေါ်၌အသင်လီဆယ်ပြောဆိုအံ့သောငှာ ၎င်းတို့သည် အသင့်အားယင်းအမိန့်တော်မှ ချွတ်ချော်တိမ်းပါး စေအံ့ဆဲဆဲပင် ဖြစ်ခဲ့ကြကုန်၏။ ထိုအခါ ၎င်းတို့သည် အသင့်အား ရင်းနှီးသောအားဖြင့်အဆွေခင်ပွန်းပြုလုပ်ခဲ့ကြမည်အမှန်ပင်။
وَلَوْلَا أَنْ ثَبَّتْنَاكَ لَقَدْ كِدْتَ تَرْكَنُ إِلَيْهِمْ شَيْئًا قَلِيلًا
အကယ်၍သာ ငါအရှင်မြတ်သည် အသင့်အားရပ်တည်စေတော်မမူခဲ့လျှင် မလွဲဧကန် အသင်သည် ၎င်းတို့ဘက်သို့ ယိမ်းယိုင်ဖွယ်ရာရှိခဲ့၏။
إِذًا لَأَذَقْنَاكَ ضِعْفَ الْحَيَاةِ وَضِعْفَ الْمَمَاتِ ثُمَّ لَا تَجِدُ لَكَ عَلَيْنَا نَصِيرًا
ထိုအခါ ငါအရှင်မြတ်သည် အသင့်အား ဤအသက်ရှင်လျက်ရှိသော ပစ္စုပ္ပန်ဘဝ၏ နှစ်ဆနှင့် သေလွန်ပြီးနောင်ဘဝတွင် (ပြစ်ဒဏ်)နှစ်ဆကို မုချမြည်းစမ်းစေတော်မူမည်။ ထို့နောက် အသင်သည် ငါအရှင်မြတ်နှင့်ဆန့်ကျင်၍ မိမိတို့အဖို့ ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုမျှပင် တွေ့ရှိလိမ့်မည် မဟုတ်ပေ။

Choose other languages: