Quran Apps in many lanuages:

Surah Al-Isra Ayahs #78 Translated in Burmese

وَلَوْلَا أَنْ ثَبَّتْنَاكَ لَقَدْ كِدْتَ تَرْكَنُ إِلَيْهِمْ شَيْئًا قَلِيلًا
အကယ်၍သာ ငါအရှင်မြတ်သည် အသင့်အားရပ်တည်စေတော်မမူခဲ့လျှင် မလွဲဧကန် အသင်သည် ၎င်းတို့ဘက်သို့ ယိမ်းယိုင်ဖွယ်ရာရှိခဲ့၏။
إِذًا لَأَذَقْنَاكَ ضِعْفَ الْحَيَاةِ وَضِعْفَ الْمَمَاتِ ثُمَّ لَا تَجِدُ لَكَ عَلَيْنَا نَصِيرًا
ထိုအခါ ငါအရှင်မြတ်သည် အသင့်အား ဤအသက်ရှင်လျက်ရှိသော ပစ္စုပ္ပန်ဘဝ၏ နှစ်ဆနှင့် သေလွန်ပြီးနောင်ဘဝတွင် (ပြစ်ဒဏ်)နှစ်ဆကို မုချမြည်းစမ်းစေတော်မူမည်။ ထို့နောက် အသင်သည် ငါအရှင်မြတ်နှင့်ဆန့်ကျင်၍ မိမိတို့အဖို့ ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုမျှပင် တွေ့ရှိလိမ့်မည် မဟုတ်ပေ။
وَإِنْ كَادُوا لَيَسْتَفِزُّونَكَ مِنَ الْأَرْضِ لِيُخْرِجُوكَ مِنْهَا ۖ وَإِذًا لَا يَلْبَثُونَ خِلَافَكَ إِلَّا قَلِيلًا
စင်စစ်ဧကန် ၎င်းတို့သည် အသင့်အား ဤနိုင်ငံမှနှင်ထုတ်ကြရန် ခြောက်လှန်အံ့ဆဲဆဲ ဖြစ်ခဲ့ကြကုန်၏ စင်စစ် ထိုအခါ ၎င်းတို့သည်လည်း အသင်၏နောက်တွင် အနည်းငယ်မျှ(အချိန်ကာလ)မှတစ်ပါး၊ နေနိုင်ကြမည်မဟုတ်ပေ။
سُنَّةَ مَنْ قَدْ أَرْسَلْنَا قَبْلَكَ مِنْ رُسُلِنَا ۖ وَلَا تَجِدُ لِسُنَّتِنَا تَحْوِيلًا
ဤသည်ကား ငါအရှင်မြတ်သည်အသင်၏အလျင်စေလွှတ်တော်မူခဲ့သော တမန်တော်များနှင့်ပတ်သက်သည့်(ငါအရှင်မြတ်၏) စီရင်ချမှတ်ထားသောမူသော စည်းကမ်းစနစ်ပင်ဖြစ်ချေသည်။ စင်စစ် အသင်သည်ငါအရှင်မြတ်၏ စည်းကမ်းစနစ်တွင် မည်သည့်အပြောင်းအလဲကိုမျှ တွေ့ရမည်မဟုတ်ပေတကား။
أَقِمِ الصَّلَاةَ لِدُلُوكِ الشَّمْسِ إِلَىٰ غَسَقِ اللَّيْلِ وَقُرْآنَ الْفَجْرِ ۖ إِنَّ قُرْآنَ الْفَجْرِ كَانَ مَشْهُودًا
(အို-နဗီတမန်တော်) အသင်သည် နေမွန်းလွဲချိန်မှစ၍ ညဉ့်မှောင်ချိန်အထိ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။ ၎င်းပြင် မိုးသောက်ချိန် ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။ ဧကန်မလွဲ မိုးသောက်ချိန် ဆွလာတ်ဝတ်ပြုမှုသည် (မလာအိကဟ် ကောင်းကင်တမန်များ) လာရောက်ချိန်ပင် ဖြစ်ချေသတည်း။

Choose other languages: