Quran Apps in many lanuages:

Surah Al-Isra Ayahs #80 Translated in Burmese

وَإِنْ كَادُوا لَيَسْتَفِزُّونَكَ مِنَ الْأَرْضِ لِيُخْرِجُوكَ مِنْهَا ۖ وَإِذًا لَا يَلْبَثُونَ خِلَافَكَ إِلَّا قَلِيلًا
စင်စစ်ဧကန် ၎င်းတို့သည် အသင့်အား ဤနိုင်ငံမှနှင်ထုတ်ကြရန် ခြောက်လှန်အံ့ဆဲဆဲ ဖြစ်ခဲ့ကြကုန်၏ စင်စစ် ထိုအခါ ၎င်းတို့သည်လည်း အသင်၏နောက်တွင် အနည်းငယ်မျှ(အချိန်ကာလ)မှတစ်ပါး၊ နေနိုင်ကြမည်မဟုတ်ပေ။
سُنَّةَ مَنْ قَدْ أَرْسَلْنَا قَبْلَكَ مِنْ رُسُلِنَا ۖ وَلَا تَجِدُ لِسُنَّتِنَا تَحْوِيلًا
ဤသည်ကား ငါအရှင်မြတ်သည်အသင်၏အလျင်စေလွှတ်တော်မူခဲ့သော တမန်တော်များနှင့်ပတ်သက်သည့်(ငါအရှင်မြတ်၏) စီရင်ချမှတ်ထားသောမူသော စည်းကမ်းစနစ်ပင်ဖြစ်ချေသည်။ စင်စစ် အသင်သည်ငါအရှင်မြတ်၏ စည်းကမ်းစနစ်တွင် မည်သည့်အပြောင်းအလဲကိုမျှ တွေ့ရမည်မဟုတ်ပေတကား။
أَقِمِ الصَّلَاةَ لِدُلُوكِ الشَّمْسِ إِلَىٰ غَسَقِ اللَّيْلِ وَقُرْآنَ الْفَجْرِ ۖ إِنَّ قُرْآنَ الْفَجْرِ كَانَ مَشْهُودًا
(အို-နဗီတမန်တော်) အသင်သည် နေမွန်းလွဲချိန်မှစ၍ ညဉ့်မှောင်ချိန်အထိ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။ ၎င်းပြင် မိုးသောက်ချိန် ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။ ဧကန်မလွဲ မိုးသောက်ချိန် ဆွလာတ်ဝတ်ပြုမှုသည် (မလာအိကဟ် ကောင်းကင်တမန်များ) လာရောက်ချိန်ပင် ဖြစ်ချေသတည်း။
وَمِنَ اللَّيْلِ فَتَهَجَّدْ بِهِ نَافِلَةً لَكَ عَسَىٰ أَنْ يَبْعَثَكَ رَبُّكَ مَقَامًا مَحْمُودًا
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်ညဉ့်၌တစ်ဖန်တဟဂျွဒ်ဆွလာတ်ကိုလည်း မိမိ၌အပို(တာဝန်)အဖြစ် ဆောက်တည်ပါလေ။ အမှန်စင်စစ် အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မကာမု မဟ်မူဒ်သို့ အသင့်အား ပို့တော်မူအံ့သတည်း။
وَقُلْ رَبِّ أَدْخِلْنِي مُدْخَلَ صِدْقٍ وَأَخْرِجْنِي مُخْرَجَ صِدْقٍ وَاجْعَلْ لِي مِنْ لَدُنْكَ سُلْطَانًا نَصِيرًا
၎င်းပြင် အသင်သည် အို-ကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား (မဒီနဟ်မြို့တော်သို့) နှစ်သက်ကောင်းမွန်စွာဝင်ရောက်စေခြင်းမျိုးနှင့်ဝင်ရောက် စေတော်မူပါ။ ထိုနည်းတူစွာအရှင်မြတ်သည် ကျွန်တော်မျိုးအား (မက္ကဟ်မြို့တော်မှ)နှစ်သက်ကောင်းမွန်စွာ ထွက်စေခြင်းမျိုးနှင့် ထွက်စေတော်မူပါ။ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိအထံတော်မှ ကူညီစောင်မမည့် အားအင်စိုးမိုးမှုကို ချီးမြှင့်ပေးသနားတော်မူပါဟု လျှောက်ထားလျက်ရှိပါလေ။

Choose other languages: