Quran Apps in many lanuages:

Surah Al-Isra Ayahs #74 Translated in Burmese

وَلَقَدْ كَرَّمْنَا بَنِي آدَمَ وَحَمَلْنَاهُمْ فِي الْبَرِّ وَالْبَحْرِ وَرَزَقْنَاهُمْ مِنَ الطَّيِّبَاتِ وَفَضَّلْنَاهُمْ عَلَىٰ كَثِيرٍ مِمَّنْ خَلَقْنَا تَفْضِيلًا
ဧကန်မလွဲ ငါအရှင်မြတ်သည် အာဒမ်၏သားသမီးများကို ဂုဏ်သိန်ထူးကဲ မြင့်မြတ်စေတော်မူခဲ့လေသည်။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကုန်းပေါ်၌ (ကုလားအုတ်၊ မြင်း၊ ကုန်းယာဉ်၊ လေယာဉ် ပျံ၊ စသောအစီးအနင်းတို့ကို)လည်းကောင်း၊ သမုဒ္ဒရာ ပင်လယ်၌(သင်္ဘော၊ လှေ၊ သမ္ဗန်စသောယာဉ်များကို)လည်းကောင်း၊ စီးနင်းစေတော်မူခဲ့သည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား (စားသုံးရန်) စင်ကြယ်ကောင်းမွန်သောအရာများကို ချီးမြှင့်ပေးသနားတော် မူခဲ့သည်။တစ်ဖန် ငါအရှင်မြတ်သည် ၎င်းတို့အား ငါအရှင်မြတ် ဖန်ဆင်းထားတော်မူသော အရာများအနက် များစွာ(သောသက်ရှိသက်မဲ့)တို့ထက် ထူးကဲမြင့်မြတ်စေတော်မူခဲ့လေသတည်း။
يَوْمَ نَدْعُو كُلَّ أُنَاسٍ بِإِمَامِهِمْ ۖ فَمَنْ أُوتِيَ كِتَابَهُ بِيَمِينِهِ فَأُولَٰئِكَ يَقْرَءُونَ كِتَابَهُمْ وَلَا يُظْلَمُونَ فَتِيلًا
အကြင်နေ့တွင် ငါအရှင်မြတ်သည် လူသားအားလုံးတို့ကို ၎င်းတို့၏ရှေ့ဆောင်တို့နှင့်တကွ (မှတ်တမ်းများနှင့်တကွ) ခေါ်ယူတော်မူအံ့။ ထိုအခါ မိမိတို့၏မှတ်တမ်းများကိုမိမိတို့ လက်ယာလက်သို့ ပေးခြင်းခံကြရသော သူတို့မှာမူကားမိမိတို့၏မှတ်တမ်းများကို(ဝမ်းမြောက်ဝမ်းသာ) ဖတ်ကြကုန်အံ့။၎င်းပြင် ထိုသူတို့သည် စိုးစဉ်းမျှပင် မတရားပြုလုပ်ခြင်းကိုခံကြရမည် မဟုတ်ပေ။
وَمَنْ كَانَ فِي هَٰذِهِ أَعْمَىٰ فَهُوَ فِي الْآخِرَةِ أَعْمَىٰ وَأَضَلُّ سَبِيلًا
စင်စစ် မည်သူမဆို ဤပစ္စုပ္ပန်လောကီဘဝတွင်မျက်စိကန်းသူဖြစ်ခဲ့လျှင်၊ ထိုသူသည် နောင်တမလွန် ဘဝတွင်လည်း ကန်းသူသည်လည်းကောင်း၊ (မှန်ကန်သောလမ်းမှ) ပို၍ဝေးသူသည်လည်းကောင်း၊ ဖြစ်အံ့သတည်း။
وَإِنْ كَادُوا لَيَفْتِنُونَكَ عَنِ الَّذِي أَوْحَيْنَا إِلَيْكَ لِتَفْتَرِيَ عَلَيْنَا غَيْرَهُ ۖ وَإِذًا لَاتَّخَذُوكَ خَلِيلًا
စင်စစ်ဧကန် ငါအရှင်မြတ်သည် အသင့်ထံသို့ပို့တော်မူခဲ့သောအမိန့်တော်မှတစ်ပါးကို ငါအရှင်မြတ် အပေါ်၌အသင်လီဆယ်ပြောဆိုအံ့သောငှာ ၎င်းတို့သည် အသင့်အားယင်းအမိန့်တော်မှ ချွတ်ချော်တိမ်းပါး စေအံ့ဆဲဆဲပင် ဖြစ်ခဲ့ကြကုန်၏။ ထိုအခါ ၎င်းတို့သည် အသင့်အား ရင်းနှီးသောအားဖြင့်အဆွေခင်ပွန်းပြုလုပ်ခဲ့ကြမည်အမှန်ပင်။
وَلَوْلَا أَنْ ثَبَّتْنَاكَ لَقَدْ كِدْتَ تَرْكَنُ إِلَيْهِمْ شَيْئًا قَلِيلًا
အကယ်၍သာ ငါအရှင်မြတ်သည် အသင့်အားရပ်တည်စေတော်မမူခဲ့လျှင် မလွဲဧကန် အသင်သည် ၎င်းတို့ဘက်သို့ ယိမ်းယိုင်ဖွယ်ရာရှိခဲ့၏။

Choose other languages: