Quran Apps in many lanuages:

Surah Al-Isra Ayahs #109 Translated in Burmese

وَبِالْحَقِّ أَنْزَلْنَاهُ وَبِالْحَقِّ نَزَلَ ۗ وَمَا أَرْسَلْنَاكَ إِلَّا مُبَشِّرًا وَنَذِيرًا
စင်စစ် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို မှန်ကန်မှုနှင့်တကွ ချပေးတော်မူခဲ့ရာ၊ ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် မှန်ကန်မှုနှင့်တကွပင် ကျရောက်လာခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်အား သတင်းကောင်းပြောကြားသူအဖြစ်သာ လည်းကောင်း၊ သတိပေးနှိုးဆော်သူအဖြစ်သာ လည်းကောင်း၊ စေလွှတ်တော်မူခဲ့လေသည်။
وَقُرْآنًا فَرَقْنَاهُ لِتَقْرَأَهُ عَلَى النَّاسِ عَلَىٰ مُكْثٍ وَنَزَّلْنَاهُ تَنْزِيلًا
ထို့ပြင် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို ခြားနား၍ချပေးသနားတော်မူခဲ့၏။ အသင်သည် လူတို့ရှေ့ဝယ် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ဆိုင်းကာ (တစ်နည်း)ဆိုင်းငံ့ထားသော ကြားကာလ၌ ဖတ်ကြားနိုင်အံ့သောငှာ (ယင်းကဲ့သို့ ခြားနား၍ချပေးတော်မူခြင်း)ဖြစ်ပေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို အသင်တို့ထံ တဖြည်းဖြည်းအားဖြင့် ချပေးသနားတော် မူခဲ့ပေသတည်း။
قُلْ آمِنُوا بِهِ أَوْ لَا تُؤْمِنُوا ۚ إِنَّ الَّذِينَ أُوتُوا الْعِلْمَ مِنْ قَبْلِهِ إِذَا يُتْلَىٰ عَلَيْهِمْ يَخِرُّونَ لِلْأَذْقَانِ سُجَّدًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့)အသင်တို့သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ယုံကြည်ကြသည်ဖြစ်စေ၊ မယုံကြည်ကြသည်ဖြစ်စေ၊(အကြောင်းမထူးပေ) အသင်တို့ ယုံကြည်ကြသဖြင့်ယင်းကုရ်အာန်ကျမ်း တော်မြတ်သည် ပိုမို၍ ပြည့်စုံသွားမည်လည်းမဟုတ်။ အသင်တို့ မယုံကြည်သဖြင့် ချို့တဲ့နေမည်လည်းမဟုတ်ပေ။ ဧကန်စင်စစ် ယင်းကုရ်အာန်မကျရောက်မီ အလျင်က အသိပညာကိုချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသောသူတို့မူကား ၎င်းတို့ရှေ့ဝယ် ယင်း(ကုရ်အာန် ကျမ်းတော်မြတ်)ကိုဖတ်ကြားလေသောအခါ ၎င်းတို့ သည် မျက်နှာအောက်ချလျက်ပျပ်ဝပ်ဦးချကြကုန်သည်။
وَيَقُولُونَ سُبْحَانَ رَبِّنَا إِنْ كَانَ وَعْدُ رَبِّنَا لَمَفْعُولًا
၎င်းပြင် ထိုသူတို့က ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် စင်ကြယ်သန့်ရှင်း တော်မူပါသည်။ အမှန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၏ ကတိသည် အမှန်မလွဲဖြစ်ရမည့် ကိစ္စပင်ဖြစ်သည်ဟု (ဝန်ခံ)လျှောက်ထား ကြကုန်၏။
وَيَخِرُّونَ لِلْأَذْقَانِ يَبْكُونَ وَيَزِيدُهُمْ خُشُوعًا ۩
၎င်းပြင် ထိုသူတို့သည် ငိုကြွေးလျက် မျက်နှာအောက်ချကြကုန်၏။ ၎င်းပြင် ယင်းကုရ်အာန် ကျမ်းတော်သည်ထိုသူတို့၌ ချစ်ကြောက်ရိုသေမှုကို ပိုမိုတိုးပွားစေပေသတည်း။

Choose other languages: