Quran Apps in many lanuages:

Surah Al-Isra Ayahs #111 Translated in Burmese

وَيَقُولُونَ سُبْحَانَ رَبِّنَا إِنْ كَانَ وَعْدُ رَبِّنَا لَمَفْعُولًا
၎င်းပြင် ထိုသူတို့က ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် စင်ကြယ်သန့်ရှင်း တော်မူပါသည်။ အမှန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၏ ကတိသည် အမှန်မလွဲဖြစ်ရမည့် ကိစ္စပင်ဖြစ်သည်ဟု (ဝန်ခံ)လျှောက်ထား ကြကုန်၏။
وَيَخِرُّونَ لِلْأَذْقَانِ يَبْكُونَ وَيَزِيدُهُمْ خُشُوعًا ۩
၎င်းပြင် ထိုသူတို့သည် ငိုကြွေးလျက် မျက်နှာအောက်ချကြကုန်၏။ ၎င်းပြင် ယင်းကုရ်အာန် ကျမ်းတော်သည်ထိုသူတို့၌ ချစ်ကြောက်ရိုသေမှုကို ပိုမိုတိုးပွားစေပေသတည်း။
قُلِ ادْعُوا اللَّهَ أَوِ ادْعُوا الرَّحْمَٰنَ ۖ أَيًّا مَا تَدْعُوا فَلَهُ الْأَسْمَاءُ الْحُسْنَىٰ ۚ وَلَا تَجْهَرْ بِصَلَاتِكَ وَلَا تُخَافِتْ بِهَا وَابْتَغِ بَيْنَ ذَٰلِكَ سَبِيلًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားလေ။ အသင်တို့သည် အလ္လာဟ်ဟူ၍ တသကြလေကုန်။ သို့တည်းမဟုတ် ရဟ်မာန်ဟူ၍ တသကြလေကုန်။အသင်တို့သည် မည်သို့ပင်တသကြသည်ဖြစ်စေ၊ (ကောင်းမြတ်လှပေသည်)။ (အဘယ်ကြောင့်ဆိုသော်)ထိုအရှင်မြတ်၌ အထူးကောင်းမြတ်လှစွာသောနာမံတော်များရှိ(နေပေရာ ဤနာမံတော်နှစ်ပါးမှာလည်း ထိုနာမံတော်များအနက် အမြင့်မြတ်ဆုံးသောနာမံတော်များပင်ဖြစ်ကုန်)၏။ ၎င်းပြင်(အို-နဗီတမန်တော်)အသင်သည် မိမိဆွလာတ်ဝတ်ပြုမှုတွင်၊ အသံမြင့်လွန်းကျယ်လွန်း စေခြင်းကိုလည်းကောင်း၊ နိမ့်လွန်းတိုးလွန်းစေခြင်းကိုလည်းကောင်း၊ မပြုပါလေနှင့်။ စင်စစ် အသင်သည် ဤ(နှစ်ခု၏)အကြားတွင်(အလယ်အလတ်)နည်းလမ်းကို ရှာဖွေပါလေ။
وَقُلِ الْحَمْدُ لِلَّهِ الَّذِي لَمْ يَتَّخِذْ وَلَدًا وَلَمْ يَكُنْ لَهُ شَرِيكٌ فِي الْمُلْكِ وَلَمْ يَكُنْ لَهُ وَلِيٌّ مِنَ الذُّلِّ ۖ وَكَبِّرْهُ تَكْبِيرًا
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(ဤသို့) ပြောဆို (ထောပနာပြု) ပါလေ။ ချီးမွမ်းထောပနာအပေါင်း တို့သည် အကြင် အလ္လာဟ်အရှင်မြတ် နှင့်သာထိုက်၏။ထိုအရှင်မြတ်သည် သားသမီးတစ်ဦးတစ်ယောက်မျှလည်းပြုလုပ်တော်မမူခဲ့ချေ။ ထိုအရှင်မြတ်၌ စိုးမိုးအုပ်ချုပ်မှုတွင်ဖက်စပ်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှမရှိပေ။ ထို့ပြင်ဂုဏ်သရေ သိမ်ငယ် မှုကြောင့် ထိုအရှင်မြတ်အား ရိုင်းပင်းကူညီကာကွယ် စောင့်ရှောက်သော အဆွေခင်ပွန်းဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင်မရှိချေ။ ၎င်းပြင် အသင်သည် ထိုအရှင်မြတ်၏ ကြီးကဲမြင့်မြတ်တော်မူကြောင်းကိုလည်း ချီးကျူးကြေညာပါလေ။

Choose other languages: