Quran Apps in many lanuages:

Surah Al-Baqara Ayahs #99 Translated in Burmese

وَلَنْ يَتَمَنَّوْهُ أَبَدًا بِمَا قَدَّمَتْ أَيْدِيهِمْ ۗ وَاللَّهُ عَلِيمٌ بِالظَّالِمِينَ
သို့ရာတွင် ထိုသူတို့သည် မိမိတို့ကိုယ်တိုင် ကျင့်မူ၍ (ငါအသျှင်ထံသို့) တင်ကြို၍ ပို့ထား ခဲ့လေပြီးဖြစ်သော(အကုသိုလ်ဒုစရိုက်များ၏ ပြစ်ဒဏ် များကို စိုးရိမ်ကြောင့်ကြသော) ကြောင့် မည်သည့် အခါမျှမရဏသေခြင်းကို အလျင်းလိုလား တောင်းတ ကြလိမ့်မည်မဟုတ်။ စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် ကျူးလွန်သူများ(၏ အကြောင်းများ) ကို အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
وَلَتَجِدَنَّهُمْ أَحْرَصَ النَّاسِ عَلَىٰ حَيَاةٍ وَمِنَ الَّذِينَ أَشْرَكُوا ۚ يَوَدُّ أَحَدُهُمْ لَوْ يُعَمَّرُ أَلْفَ سَنَةٍ وَمَا هُوَ بِمُزَحْزِحِهِ مِنَ الْعَذَابِ أَنْ يُعَمَّرَ ۗ وَاللَّهُ بَصِيرٌ بِمَا يَعْمَلُونَ
စင်စစ်မှာမူ (ထိုယဟူဒီဘာသာဝင်များသည် သေခြင်းတရားကို အလျင်းမနှစ်သက် မလိုလား မတောင်းတကြရုံမျှမက ဤဘဝ၌ပင် ကာလကြာမြင့် စွာ) သက်ထင်ရှား တည်ရှိနေခြင်းကို အခြား လူခပ်သိမ်းတို့ထက် ပိုမို၍ပင် တပ်မက်မောသော သူများ(ဖြစ်သည်ကို) အသင်(မိုဟမ္မဒ် ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လာမ်)သည် မုချတွေ့ရှိရပေမည်။ အခြားအခြားသောသူများကို မဆိုထားဘိဦး၊ ယင်းသူတို့သည် တစ်ဆူတည်းသော အလ္လာဟ် အရှင်မြတ်နှင့် တွဲဘက်ယှဉ် ပြိုင်၍ အခြားအရာများကိုပါ ကိုးကွယ်ကြကုန်သော သူများထက်လည်း(ဤဘဝ၌အသက်ရှည်ခြင်းကို ပိုမိုနှစ်သက် လောဘရမ္မက် ရှိကြကုန်သည်ကို အသင်တွေ့ရှိပေမည်)၊ ယင်း(ယဟူဒီဘာသာဝင်)တို့တွင် လူတိုင်းလူတိုင်းပင် နှစ်ပေါင်းတစ်ထောင်မျှသော အသက်ရှည်ခြင်းကို ကြိုက်နှစ်သက်ကြလေသည်။ သို့သော် (ဤမျှလောက် သက်တမ်းရှည်စွာ နေထိုင်ခဲ့ရသည့်တိုင်အောင်) ထိုကဲ့သို့ အသက် ရှည်ခြင်းသည် ယင်းသူတို့ကို ငရဲအပြစ်ဒဏ်များမှ ကယ်ဆယ်နိုင်လိမ့်မည် မဟုတ်ချေ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုသူများ ကျင့်မူကြကုန်သော အပြုအမူများကို အကြွင်းမဲ့ခွဲခြားသိမြင် တော်မူသောအရှင်တည်း။
قُلْ مَنْ كَانَ عَدُوًّا لِجِبْرِيلَ فَإِنَّهُ نَزَّلَهُ عَلَىٰ قَلْبِكَ بِإِذْنِ اللَّهِ مُصَدِّقًا لِمَا بَيْنَ يَدَيْهِ وَهُدًى وَبُشْرَىٰ لِلْمُؤْمِنِينَ
(အို-နဗီတမန်တော်) အသင်သည် (ယဟူဒီ ဘာသာဝင်တို့အား) ဤသို့ပြောဆိုပါလေ၊ အကြင် မည်သူမဆို အပါးတော်စေတမန် ဂျိဗ်ရီလ် (အလိုင်ဟစ္စလာမ်) ကို ရန်မူအံ့၊ (သို့ရန်မူခြင်းသည် အကြောင်းမဲ့သာလျှင်ဖြစ်အံ့) အဘယ်ကြောင့် ဆိုသော် ယင်းအပါးတော်စေတမန် ဂျိဗ်ရီလ်သည်ထို (ကုရ်အာန်ကျမ်းမြတ်) ကို အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်ဖြင့် အသင်၏စိတ်နှလုံးတွင်းသို့ ယူဆောင်ပို့ချသူမျှဖြစ်၏။ [ အပါးတော်စေတမန် ဂျိဗ်ရီလ် (အလိုင်ဟစ္စလာမ်) ယူဆောင်ပို့ချခဲ့သော] ထိုကျမ်းမြတ်သည် မိမိအလျင် ထုတ်ပြန်ပို့ချထားသော (ယဟူဒီဘာသာဝင်တို့၏ ကျမ်းဂန်နှင့်တကွ) အတိတ်ခေတ်ကျမ်းများကို ထောက်ခံ၏။ ထို ကျမ်းမြတ်သည် တရားဓမ္မလည်းဖြစ်၏။ မုအ်မင်န် သက်ဝင်ယုံကြည် သူများအဖို့ မင်္ဂလာသတင်းလည်း မည်၏။
مَنْ كَانَ عَدُوًّا لِلَّهِ وَمَلَائِكَتِهِ وَرُسُلِهِ وَجِبْرِيلَ وَمِيكَالَ فَإِنَّ اللَّهَ عَدُوٌّ لِلْكَافِرِينَ
မည်သူမဆို အလ္လာဟ် အရှင်မြတ်ကိုသော် လည်းကောင်း၊ ထိုအရှင်မြတ်၏ အပါးတော် စေတမန်များကိုသော် လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များ ကိုသော်လည်းကောင်း၊ အပါးတော်စေတမန် ဂျိဗ်ရီလ် (အလိုင်ဟစ္စလာမ်) ကိုသော်လည်းကောင်း၊ အပါးတော် စေတမန်မီကာလ် (အလိုင်ဟစ္စလာမ်) ကိုသော်လည်းကောင်း၊ ရန်မူခဲ့ပါမူ အလ္လာဟ် အရှင်မြတ်သည်လည်း (ထိုကဲ့သို့ရန် မူသော) ကာဖစ်ရ် သွေဖည် ငြင်းပယ်သောသူတို့၏ ရန်သူဖြစ်တော်မူ၏။
وَلَقَدْ أَنْزَلْنَا إِلَيْكَ آيَاتٍ بَيِّنَاتٍ ۖ وَمَا يَكْفُرُ بِهَا إِلَّا الْفَاسِقُونَ
၎င်းပြင် (အို-နဗီတမန်တော်) ငါအရှင်သည် အသင်၏ထံသို့ ထင်ရှားသော သက်သေခံ လက္ခဏာများကိုထုတ်ပြန်ပို့ချတော်မူခဲ့လေပြီ၊ ထို သက်သေခံ က္ခဏာများကို အမိန့်တော်မနာခံသော သူယုတ်မာများမှအပ မည်သူတစ်စုံတစ်ယောက်မျှ ထွက်ပြူငြင်းပယ်မည် မဟုတ်ချေ။

Choose other languages: