Quran Apps in many lanuages:

Surah Al-Baqara Ayahs #37 Translated in Burmese

قَالَ يَا آدَمُ أَنْبِئْهُمْ بِأَسْمَائِهِمْ ۖ فَلَمَّا أَنْبَأَهُمْ بِأَسْمَائِهِمْ قَالَ أَلَمْ أَقُلْ لَكُمْ إِنِّي أَعْلَمُ غَيْبَ السَّمَاوَاتِ وَالْأَرْضِ وَأَعْلَمُ مَا تُبْدُونَ وَمَا كُنْتُمْ تَكْتُمُونَ
အလ္လာဟ်အရှင်မြတ်က အို-အာဒမ်၊ အသင်သည် ထိုအပါးတော် စေတမန်များအား ထို အရာဝတ္ထု များ၏အမည်နာမများကို ထုတ်ဖော်၍ ပြောပြပါလေဟု မိန့်ကြားတော်မူရာ [(ကမ္ဘာဦးဖခင်) အာဒမ်(အ)သည် အပါးတော်စေတမန်များအား ထို အရာဝတ္ထုအသီးသီးတို့၏ အမည်နာမများကို (သေချာစွာ) ထုတ်ဖော်၍ ပြောပြလေ၏။] သို့ပြောပြပြီးသည့်အခါ အလ္လာဟ်အရှင်မြတ်သည် အပါး တော်စေတမန်များအား ဤသို့မိန့်ကြားတော်မူ၏၊ (အပါးတော်စေတမန်အပေါင်းတို့) ငါအရှင်သည် မိုးကောင်းကင်များနှင့် ပထဝီပြင်၌ ဖုံးကွယ်လျက်ရှိသော အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသည် ဟု သင်တို့အား မိန့်ကြားတော်မူခဲ့ဘူးသည် မဟုတ်ပါလော။ ထို့ပြင်တဝ ငါအရှင်သည် အသင်တို့ ထုတ်ဖော်ပြောဆိုသည်များကို လည်းကောင်း၊ လျှို့ဝှက်ဖုံးကွယ် ထိန်ချန်ထားရှိခဲ့ကြသည့် အရာများကိုလည်းကောင်း၊ အကြွင်းမဲ့သိတော်မူသည်။
وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ أَبَىٰ وَاسْتَكْبَرَ وَكَانَ مِنَ الْكَافِرِينَ
(ပြန်လည်အောက်မေ့ သတိရကြကုန်လော့)တရံရောအခါ ငါအရှင်သည် အပါးတော်စေတမန် များအား အသင်တို့သည် ကမ္ဘာဦးဖခင် အာဒမ်ကို ဦးချကြကုန် ဟုမိန့်ကြားတော်မူသည်။ (ထိုအခါ) ဣဗ်လီစ် မှအပ ကျန်အားလုံးသော အပါးတော် စေတမန်များသည် (ကမ္ဘာဦးဖခင်)အာဒမ်(အ)အား ဦးချကြကုန်၏။ ဣဗ်လီစ် မူကား မောက်မာပလွှား၍ ယင်းအမိန့်တော်ကို ဖီဆန်လေ၏။ သို့အတွက်ကြောင့်သူသည် ကာဖိရ် သွေဖည်တို့တွင် အပါအဝင်တစ်ဦးဖြစ်သွားချေပြီ။
وَقُلْنَا يَا آدَمُ اسْكُنْ أَنْتَ وَزَوْجُكَ الْجَنَّةَ وَكُلَا مِنْهَا رَغَدًا حَيْثُ شِئْتُمَا وَلَا تَقْرَبَا هَٰذِهِ الشَّجَرَةَ فَتَكُونَا مِنَ الظَّالِمِينَ
ထို့နောက် ငါ(အလ္လာဟ်အရှင်မြတ်)သည်(အာဒမ်အား) ဤသို့မိန့်ကြားတော်မူ၏။ အို-အာဒမ်၊ အသင်သည် မိမိ ၏ကြင်ယာ(ဟောင်ဝါ)နှင့်တကွ ဂျန္နတ် အမတသုခဘုံ၌ နေထိုင်၍ အသင်တို့ဇနီးမောင်နှံနှစ်ဦးသည် ထိုသုခဘုံတွင် အလိုရှိရာနေရာမှ အာသာဆန္ဒရှိသမျှကို (လွတ်လပ်စွာယူငင်ပြီး)ဖော သီဝပြောစွာ စားသုံးကြကုန်၊ သို့ရာတွင်အသင်တို့သည် ဤအပင်၏အနီးသို့ မချဉ်းကပ်ကြနှင့်၊ (အကယ်၍ထိုအပင်၏အနီးသို့ချဉ်းကပ်၍ ထိုအပင်၏အသီးအနှံကို စားသုံးမိကြလျှင်) အသင်တို့သည် ပြစ်မှု ကျူးလွန်သူများတွင် အပါအဝင်ဖြစ်ကြကုန်လတ္တံ့။
فَأَزَلَّهُمَا الشَّيْطَانُ عَنْهَا فَأَخْرَجَهُمَا مِمَّا كَانَا فِيهِ ۖ وَقُلْنَا اهْبِطُوا بَعْضُكُمْ لِبَعْضٍ عَدُوٌّ ۖ وَلَكُمْ فِي الْأَرْضِ مُسْتَقَرٌّ وَمَتَاعٌ إِلَىٰ حِينٍ
ကမ္ဘာဦးဖခင်အာဒမ်(အ)နှင့် ကြင်ရာ တော်(ဟောင်ဝါ) တို့သည် အလ္လာဟ်အရှင်မြတ် ပေးသနားတော်မူသော ဂျန္နတ် အမတသုခဘုံတွင် သုခစည်းစိမ် ရိပ်ငြိမ်ချမ်းသာကို မွေ့လျော်စွာ စံစား၍ နေကြကုန်၏၊) ထိုသို့ နေထိုင်ရာအတွင်း ရှိုင်တွာန်သည် ထိုသစ်ပင်နှင့်စပ်လျဉ်း၍ မာယာပရိယာယ်အားဖြင့် လှည့်ပတ်ဖြားယောင်း သွေးဆောင်ပြီး ထိုကြင်ရာကြင်ဘက်နှစ်ဦးတို့အား တိမ်းပါး ချော်ချွတ်စေ၍ ထိုဥယျာဉ်တော်မှ နှင်ထုတ်လေ၏။ ထိုအခါ ငါအလ္လာဟ် အရှင်မြတ်သည် ဤသို့အမိန့်တော် ချမှတ်တော်မူ၏။ အသင်တို့သည်(ငါ၏ဥယျာဉ်တော်မှ) ဆင်းသွားကြကုန်။ အသင်တို့သည် တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဖြစ်ပွား ရန်ဘက်များဖြစ်ကြအံ့။ ကမ္ဘာမြေပြင်တွင် အသင်တို့အဘို့ သတ်မှတ်ထားသည့် သက်တမ်းတိုင်အောင် နေရာ ထိုင်ခင်းနှင့် အကျိုးခံစားခြင်းရှိအံ့။
فَتَلَقَّىٰ آدَمُ مِنْ رَبِّهِ كَلِمَاتٍ فَتَابَ عَلَيْهِ ۚ إِنَّهُ هُوَ التَّوَّابُ الرَّحِيمُ
ထိုအခါ ကမ္ဘာဦးဖခင် အာဒမ်(အ)သည် မိမိအား မွေးမြူစောင်မ ကြည့်ရှုတော်မူထသော အရှင့်ထံမှ အချို့သော(ဆုမွန်)များကို သင်ကြားနာယူ၍ (အရှင့်ထံ ဝန်ချတောင်းပန် အသနားခံရာ) အလ္လာဟ်အရှင်မြတ်သည် မိမိကရုဏာတော်ဖြင့် အာဒမ်(အ)ဘက်သို့ လှည့်တော်မူ၍ ချမ်းသာခွင့် ပေးသနားတော်မူလေ၏။ အမှန်စင်စစ် ထိုအရှင်သည်သာလျှင် (ဝန်ချတောင်းပန် အသနားခံသူများအား) အကြိမ်ကြိမ်အဖန်ဖန် ချမ်းသာခွင့် ပေးသနားတော် မူသောအရှင်၊အစဉ်အမြဲ သနားညှာတာ ကြင်နာတော် မူထသောအရှင် ဖြစ်တော်မူပေသတည်း။

Choose other languages: