Quran Apps in many lanuages:

Surah Al-Baqara Ayah #285 Translated in Burmese

آمَنَ الرَّسُولُ بِمَا أُنْزِلَ إِلَيْهِ مِنْ رَبِّهِ وَالْمُؤْمِنُونَ ۚ كُلٌّ آمَنَ بِاللَّهِ وَمَلَائِكَتِهِ وَكُتُبِهِ وَرُسُلِهِ لَا نُفَرِّقُ بَيْنَ أَحَدٍ مِنْ رُسُلِهِ ۚ وَقَالُوا سَمِعْنَا وَأَطَعْنَا ۖ غُفْرَانَكَ رَبَّنَا وَإِلَيْكَ الْمَصِيرُ
ရစူလ်တမန်တော် (မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိထံသို့ မိမိအားမွေးမြူ တော်မူသောအရှင်မြတ်၏အထံတော်မှ ထုတ်ပြန်ပ�ု့ချ သော(ကုရ် အာန်ကျမ်းမြတ်)ကို ယုံကြည်လေပြီ။ ထိုနည်းတူစွာ (မုအ်မင်န်)ယုံကြည်သူအပေါင်းတို့သည်လည်း ယုံကြည်ကြသည်။ [ယင်းရစူလ်တမန်တော် မုဟမ္မဒ်(ဆွ)နှင့်တကွ ယုံကြည်သူ’ ခပ်သိမ်းသူတို့သည် (တဆူတည်း ဖြစ်တော်မူသော) အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ (မလာအိကဟ်)အပါး တော် စေတမန်တော်အပေါင်းတို့ကိုလည်းကောင်း၊ထိုအရှင်မြတ်၏ ကျမ်းဂန်အပေါင်းတို့ကိုလည်းကောင်း၊ထိုအရှင်မြတ်၏ရစူလ် တမန်တော်အပေါင်းတို့ကို လည်းကောင်း၊ ယုံကြည်ကြကုန်၏၊ (ထို့ပြင်ယင်းသူတို့က) ကျွနတော်မျိုးတို့သည် ထို အသျှင်မြတ်၏ ရစူလ်တမန်တော်အပေါင်းတို့အနက် မည်သည့် ရစူလ်တမန်တော်တပါးကိုမျှခွဲခြားခြင်း မပြုကြပါ။ (အားလုံးကိုယုံကြည်ပါသည် ဟုပြောဆိုကြကုန်၏။)ထိုမှတစ်ပါးတုံ ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌) “ကျွန်တော်မျိုးတို့သည် (အရှင်မြတ်၏အမိန့်တော်များကို) ကြားနာ ကြ ပါပြီ။ ထို့ပြင်တဝ (ကြားနာသည့်အတိုင်း) လိုက်နာကြ ပါပြီ။ အို-ကျွန်တော်မျိုးတို့အားမွေးမြူတော်မူသော အသျှင် (ကျွန်တော်မျိုးတို့သည် အပြစ်များမှ) အသျှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တာ်မူခြင်းကိုသာ (ထာဝစဉ် လိုလားတောင့်တကြပါ သည်)။ တဖန်(ကျွန်တော်မျိုးတို့၏ ပြန်လည်ရောက်ရှိရာ)နောက်ဆုံး စခန်းသည် လည်း အရှင်မြတ်၏ အထံတော်၌ပင် ဖြစ်ပါသည်” ဟုလျှောက်ထား ပန်ကြားကြလေသတည်း။

Choose other languages: