Quran Apps in many lanuages:

Surah Al-Baqara Ayahs #254 Translated in Burmese

وَلَمَّا بَرَزُوا لِجَالُوتَ وَجُنُودِهِ قَالُوا رَبَّنَا أَفْرِغْ عَلَيْنَا صَبْرًا وَثَبِّتْ أَقْدَامَنَا وَانْصُرْنَا عَلَى الْقَوْمِ الْكَافِرِينَ
ထို့နောက်တဖန် ယင်းသူတို့သည် ဂျာလူတ် ဘုရင်နှင့်လည်းကောင်း၊ ယင်း(ဂျာလူတ်)၏ စစ်သည်ရဲမက် တို့နှင့်လည်းကောင်း၊ (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန်) မျက်နှာ ချင်းဆိုင်ကြသောအခါ (အလ္လာဟ်အရှင်မြတ်အထံတော်၌) အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူ သောအရှင်၊ အရှင် မြတ်သည် ကျွန်တော်မျိုးတို့ အပေါ်ဝယ် ဇွဲသတိ္တကို သွန်း လောင်း၍ ပေးသနား တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုး တို့၏ခြေများကို ခိုင်မြဲစွာ ရပ်တည်စေတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန် တော်မျိုးတို့အား ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန် သောသူတို့အပေါ်၌ အောင်မြင်မှုရရန်ကူညီစောင်မ တော်မူပါဟု ရွတ်ဆို(ပတ္ထနာ) ပြုကြကုန်၏။
فَهَزَمُوهُمْ بِإِذْنِ اللَّهِ وَقَتَلَ دَاوُودُ جَالُوتَ وَآتَاهُ اللَّهُ الْمُلْكَ وَالْحِكْمَةَ وَعَلَّمَهُ مِمَّا يَشَاءُ ۗ وَلَوْلَا دَفْعُ اللَّهِ النَّاسَ بَعْضَهُمْ بِبَعْضٍ لَفَسَدَتِ الْأَرْضُ وَلَٰكِنَّ اللَّهَ ذُو فَضْلٍ عَلَى الْعَالَمِينَ
ထို(ကဲ့သို့ ဆုတောင်းပတ္ထနာပြုခဲ့ကြပြီး)နောက် ယင်း(တွာလူတ် ဘုရင်၏စစ်သည်တော်)တို့သည် အလ္လာဟ် အရှင်မြတ်၏အမိန့်တော်ဖြင့် ထို (ဂျာလူတ် ၏စစ်သည် ရဲမက်)တို့ကိုတွန်းလှန်ဖြိုဖျက်၍ စစ်ရေးနိမ့်စေခဲ့ကြလေသည်။ ‘ဒါဝူဒ်’ သည်လည်း ‘ဂျာလူတ်’ကို က�ပ်မျက်ခဲ့လေ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ထိုဒါဝူဒ်အားဩဇာအာဏာကို လည်းကောင်း၊ ဉာဏ်ပညာ အမြော်အမြင်(ဝါ)နဗီတမန် တော်၏ဂုဏ်ထူးကိုလည်းကောင်း၊ ခြီးမြှင့် ပေးသနားတော်မူခဲ့ လေသည်။ ထိုမှတပါးတုံ အရှင်မြတ်သည် စကြာဝဠာ အပေါင်း တို့ အပေါ်၌ ကျေးဇူးတော်ရှင်ဖြစ်တော်မူလေသည်။
تِلْكَ آيَاتُ اللَّهِ نَتْلُوهَا عَلَيْكَ بِالْحَقِّ ۚ وَإِنَّكَ لَمِنَ الْمُرْسَلِينَ
(အို-နဗီတမန်တော်) ဤသည်တို့သည် အလ္လာဟ် အရှင်မြတ်၏မုက္ခပါဌ်တော်များပင်ဖြစ်သည်၊ ငါအဲရှင်မြတ် သည်အသင့်အား ထိုမုက္ခပါဌ်တော်များ ကိုမှန်ကန်စွာကြား သိစေတော်မူသည်၊ ၎င်းပြင် အသင်သည်စေလွှတ်တော်မူ ခြင်း ခ့ရသော’ရစူလ်’တမန်တော်များတွင်မုချတစ်ပါးအပါအဝင်ဖြစ် လေသည်။
تِلْكَ الرُّسُلُ فَضَّلْنَا بَعْضَهُمْ عَلَىٰ بَعْضٍ ۘ مِنْهُمْ مَنْ كَلَّمَ اللَّهُ ۖ وَرَفَعَ بَعْضَهُمْ دَرَجَاتٍ ۚ وَآتَيْنَا عِيسَى ابْنَ مَرْيَمَ الْبَيِّنَاتِ وَأَيَّدْنَاهُ بِرُوحِ الْقُدُسِ ۗ وَلَوْ شَاءَ اللَّهُ مَا اقْتَتَلَ الَّذِينَ مِنْ بَعْدِهِمْ مِنْ بَعْدِ مَا جَاءَتْهُمُ الْبَيِّنَاتُ وَلَٰكِنِ اخْتَلَفُوا فَمِنْهُمْ مَنْ آمَنَ وَمِنْهُمْ مَنْ كَفَرَ ۚ وَلَوْ شَاءَ اللَّهُ مَا اقْتَتَلُوا وَلَٰكِنَّ اللَّهَ يَفْعَلُ مَا يُرِيدُ
ဤသူတို့သည်ကာ တမန်တော်များပင်တည်းငါအရှင်မြတ်သည် ယင်းတမန်တော်များအနက် အချို့သောတမန်တော်များကို အချို့သော တမန်တော်များထက် ပိုမိုဂုဏ်ဒြဗ် ခြီးမြှင့်တော်မူခဲ့ လေပြီ။ ထိုတမန်တော်များတွင်အလ္လာဟ်အရှင်မြတ် (ကိုယ်တော်တိုင် တိုက်ရိုက်)စကားပြောကြားတော် မူခဲ့သော တမန်တော်များ လည်းရှိ၏။4င်းပြင် ထိုအင်မြတ်သည် ယင်းတမန်တော် များအနက်အချို့ကို ဂုဏ်ဒြဗ်များစွာ ခြီးမြှင့်မြှောက်စားတော် မူခဲ့လေသည်။4င်းပြင် ငါအရှင်မြတ်သည် မရ်ယမ်၏သား (နဗီတမန်တော်)အီစာအား ထင်ရှား လှစွာသောသက်သေခံ လက္ခဏာတော်များကို ခြီးမြှင့်တော်မူခဲ့သည့်ပြင် ရူဟုလ်ကုဒုစ် ခေါ် စေတမန်’ဂျိဗ်ရီလ်’ ဖြင့်လည်းကူညီထောက်မတော် မူခဲ့လေသည်။အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလို ဆန္ဒရှိတော်မူခဲ့ပါမူ ယင်းတမန်တော်များ ပွင့်ပြီးသည့်နောက်ရှိခဲ့သော နောက်လိုက်တပည့်သားတို့သည် မိမိတို့ထံဝယ်ထင်ရှားလှစွာသော သက်သေခံ လက္ခဏာတော်များ ရောက်ရှိပြီးသည့်နောက် အချင်းချင်းသတ်ဖြတ်ကြမည် မဟုတ်ပေ၊ သို့ရာတွင် ယင်းသူတို့သည် အချင်းချင်း ကွဲလွဲကြပေရာ ထိုသူတို့အနက် အချို့တို့သည် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိ၍အချို့မှာမူ ‘ကုဖ်ရ်’ သွေဖည် ငြင်းဆန်လျက်ပင် ရှိကြကုန်၏။အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိခဲ့ပါလျှင် ထိုသူတို့သည် အချင်းချင်း သတ်ဖြတ်ကြမည်မဟုတ်ချေ။သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် မိမိ အလိုတော်ရှိသည်များကို (မိမိ) ပြုလုပ်တော်မူလေသတည်း။
يَا أَيُّهَا الَّذِينَ آمَنُوا أَنْفِقُوا مِمَّا رَزَقْنَاكُمْ مِنْ قَبْلِ أَنْ يَأْتِيَ يَوْمٌ لَا بَيْعٌ فِيهِ وَلَا خُلَّةٌ وَلَا شَفَاعَةٌ ۗ وَالْكَافِرُونَ هُمُ الظَّالِمُونَ
အို- မုအ်မင်န်” ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကြသူ အပေါင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့အားပေးသနားတော်မူသော ဥစ္စာပစ္စည်းများအနက်မှ (အချို့အဝက်ကို) အသင်တို့သည် “ကိယာမတ်” နေ့မရောက်မီပင်လှူဒါန်းပေးကမ်းကြကုန်လော့။ ထိုနေ့တွင် မည်သည့် ရောင်းဝယ်မှုမျှရှိမည်မဟုတ်၊ မိတ်ဆွေဖြစ်မှုလည်း ရှိမည်မဟုတ်၊အသနားခံ တောင်းပေးမှုလည်းရှိမည် မဟုတ်။ “ကာဖိရ်”မယုံမကြည် သွေဖည်ငြင်းပယ် သောသူများသာလျှင် ကျူးကျော်စော်ကားသူများ ဖြစ်ကြသည်။

Choose other languages: