Quran Apps in many lanuages:

Surah Al-Baqara Ayahs #244 Translated in Burmese

وَالَّذِينَ يُتَوَفَّوْنَ مِنْكُمْ وَيَذَرُونَ أَزْوَاجًا وَصِيَّةً لِأَزْوَاجِهِمْ مَتَاعًا إِلَى الْحَوْلِ غَيْرَ إِخْرَاجٍ ۚ فَإِنْ خَرَجْنَ فَلَا جُنَاحَ عَلَيْكُمْ فِي مَا فَعَلْنَ فِي أَنْفُسِهِنَّ مِنْ مَعْرُوفٍ ۗ وَاللَّهُ عَزِيزٌ حَكِيمٌ
၎င်းပြင် အသင်တို့အနက် ဇနီးမိန်းမများကို ထားရှိခဲ့၍ ကွယ်လွန်သေဆုံးကြသောသူများသည် မိမိတို့၏ ဇနီးမိန်းမများ အတွက် (နေအိမ်မှ) နှင်ထုတ် ခြင်းမပြုစေဘဲ တနှစ်ကာလ ပတ်လုံး (နေထိုင် စားသောက်မှုတို့ကို) အကျိုး ခံစားခွင့်ရှိစေရန်အလို့ငှာ (သေတမ်းစာရေးသား၍) မှာကြား ခဲ့ကြရမည်။ သို့ရာတွင် ထိုဇနီးမိန်းမများသည်(အစ်ဒ္ဒတ်ကာလ ပရိစ္ဆေဒ ကုန်ဆုံးသွားသည့်အခါ နေအိမ်မှ)ထွက်ခွာ သွားပြီး မိမိတို့ ကိုယ်ရေးကိုယ်တာနှင့်ပတ်သက်၍ တင့်တယ် လျောက် ပတ်သော ကိစ္စတရပ်ရပ်ကို ပြုလုပ်ကြပါမူ (အို-အုပ်ထိန်းသူ အပေါင်းတို့) အသင်တို့၌ အပြစ်တစုံတရာ မရှိချေ။ စင်စစ် သော်ကား အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့် နိုင်နင်း လွှမ်းမိုးတော်မူသောအရှင်၊ ထူးကဲသော အမြော် အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသတည်း။
وَلِلْمُطَلَّقَاتِ مَتَاعٌ بِالْمَعْرُوفِ ۖ حَقًّا عَلَى الْمُتَّقِينَ
ထိုနည်းတူစွာ ကွာရှင်းပြီးဖြစ်သော မိန်းမများကို လည်း ဓလေ့ထုံးစံအတိုင်း အကျိုးခံစား စေကြရမည်။ (ဤ သည်ကား)အလ္လာဟ်အရှင်မြတ် ကိုကြောက်ရွံ့သော သူတော်စင် များ (လိုက်နာ ဆောင်ရွက်ရမည့်) တာဝန်တရပ်ဖြစ်ပေသည်။
كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمْ آيَاتِهِ لَعَلَّكُمْ تَعْقِلُونَ
ဤနည်းနှင်နှင် အလ္လာဟ်အရှင်မြတ်သည် မိမိ အမိန့်ပညတ်တော်များကို အသင်တို့(လိုက်နာကျင့်သုံးနိုင်ရန်) အလို့ငှာ ရှင်းလင်းထင်ရှားစွာထုတ်ဖော်မိန့်ကြား တော်မူလေ သည်။ သို့မှသာလျှင် အသင်တို့သည် သိနားလည် ကြပေမည်။
أَلَمْ تَرَ إِلَى الَّذِينَ خَرَجُوا مِنْ دِيَارِهِمْ وَهُمْ أُلُوفٌ حَذَرَ الْمَوْتِ فَقَالَ لَهُمُ اللَّهُ مُوتُوا ثُمَّ أَحْيَاهُمْ ۚ إِنَّ اللَّهَ لَذُو فَضْلٍ عَلَى النَّاسِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَشْكُرُونَ
(အို-နဗီတမန်တော်)အသင် မသိမမြင် မဆင် ခင်မိပါသလော။ အရေအတွက်အားဖြင့် ထောင်ပေါင်းများ စွာသော သူတို့သည် သေဘေးမှလွတ်မြောက်ရန်အလို့ငှာ မိမိတို့နေအိမ်များမှ ထွက်ခွာကြသောအခါဝယ် အလ္လာဟ် အရှင်မြတ်က ယင်းသူတို့အား အသင်တို့သည် သေကြကုန် လော့ ဟု မိန့်ကြားတော်မူ၏။ သို့မိန့်ကြားတော်မူ (လေရာ ယင်းသူတို့သည် သေကြေပျက်စီးသွားကြ၏) ထို့နောက် တဖန် ထိုအရှင်မြတ်က ယင်းသူတို့ကို ရှင်ပြန်စေတော်မူခဲ့သည်။ မချွတ်မလွဲ အလ္လာဟ် အရှင်မြတ်သည် လူခပင်းတို့အပေါ်ဝယ် မုချ ကျေးဇူးပြုတော်မူထသောအရှင် ဖြစ်တော်မူလေသည်။ သို့ရာတွင် လူတို့အနက် မြောက်မြားစွာသော သူတို့သည် (ငါအရှင်မြတ်၏) ကျေးဇူးတော်ကို မသိတတ်ကြချေ။
وَقَاتِلُوا فِي سَبِيلِ اللَّهِ وَاعْلَمُوا أَنَّ اللَّهَ سَمِيعٌ عَلِيمٌ
ထို့ပြင်တဝ အသင်တို့သည် (အထက်ဖော်ပြပါ အတ္ထုပ္ပတ္တိကို ဆင်ခြင်၍) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်။ ၎င်းပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလုံးစုံကို အကြွင်းမရှိ ကြားတော်မူသောအရှင်၊ အကြွင်းမရှိသိတော် မူသောအရှင် ဖြစ်တော်မူသည်ကိုလည်း အသင်တို့သည်ယုံ ကြည်မှတ်ယူကြကုန်လော့။

Choose other languages: