Quran Apps in many lanuages:

Surah Al-Baqara Ayahs #233 Translated in Burmese

الطَّلَاقُ مَرَّتَانِ ۖ فَإِمْسَاكٌ بِمَعْرُوفٍ أَوْ تَسْرِيحٌ بِإِحْسَانٍ ۗ وَلَا يَحِلُّ لَكُمْ أَنْ تَأْخُذُوا مِمَّا آتَيْتُمُوهُنَّ شَيْئًا إِلَّا أَنْ يَخَافَا أَلَّا يُقِيمَا حُدُودَ اللَّهِ ۖ فَإِنْ خِفْتُمْ أَلَّا يُقِيمَا حُدُودَ اللَّهِ فَلَا جُنَاحَ عَلَيْهِمَا فِيمَا افْتَدَتْ بِهِ ۗ تِلْكَ حُدُودُ اللَّهِ فَلَا تَعْتَدُوهَا ۚ وَمَنْ يَتَعَدَّ حُدُودَ اللَّهِ فَأُولَٰئِكَ هُمُ الظَّالِمُونَ
(ဇနီးမောင်နှံ ပြန်လည်ပေါင်းသင်းနိုင်သော)ကွာ ရှင်းခြင်းသည် နှစ်ကြိမ်မျှသာတည်း။ ထို့နောက်(လင်ယောက်ျား များသည် မိမိတို့၏ဇနီးများကို) တရားတော်နှင့် အညီပြန်လည် သိမ်းပိုက်ပေါင်းသင်း ရန်သာရှိ၏။ သို့တည်းမဟုတ် (တတိယ အကြိမ် ထပ်မံကွာရှင်း၍) ကောင်းမွန်စွာ စွန့်လွှတ်ရန်သာရှိ တော့သတည်း။ ၎င်းပြင် အသင်တို့အဖို့ ထိုဇနီး မိန်းမတို့အား ပေးခဲ့သော (မဟ်ရ်ခန်းဝင်ပစ္စည်း အ�ရှိသည် များ) အနက်မှ တစ်စုံတစ်ရာကိုမျှ ပြန်လည်ယူပိုင်ခွင့်မရှိချေ။ သို့ရာတွင် ယင်းဇနီးမောင်နှံနှစ်ဦးတို့သည် အလ္လာဟ်အရှင်မြတ်၏ စည်း ကမ်းများကို စောင့်ထိန်းနိုင်ကြမည်မဟုတ်ဟု စိုးရိမ်ကြသော အခါမျိုး၌မူ (ယူနိုင်ခွင့်ရှိပေသည်။) သို့ဖြစ်လေရာ အကယ်၍ ယင်းဇနီးမောင်နှံနှစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်း ဥပဒေများကို မစောင့် ထိန်းနိုင်မည်ကို အသင်တို့ စိုးရိမ်ကြပါမူ ထိုဇနီးမိန်းမက လျော်ကြေးပေးသောပစ္စည်း နှင့်စပ်လျဉ်း၍ ထိုဇနီးမောင်နှံနှစ်ဦး တို့အပေါ်တွင် တစ်စုံတစ်ရာမျှ အပြစ် မထိုက်သင့်ချေ။ ဤသည်တို့ကား အလ္လာဟ်အရှင်မြတ် သတ် မှတ်ပြဋ္ဌာန်းထားတော်မူသော စည်းမျဉ်း ဥပဒေများတည်း။ သို့ဖြစ်လေရာ အသင်တို့သည် ယင်းစည်း မျဉ်းတို့ကို မကျူးလွန် ကြကုန်လင့်။ စင်စစ်တမူကား အကြင် မည်သူမဆို အလ္လာဟ် အရှင်မြတ်၏ စည်းမျဉ်းများကို ကျူးလွန်ပါမူ ထိုသူတို့သာလျှင် ပြစ်မှားကျူးလွန်သူများ ဖြစ်ကြကုန်သတည်း။
فَإِنْ طَلَّقَهَا فَلَا تَحِلُّ لَهُ مِنْ بَعْدُ حَتَّىٰ تَنْكِحَ زَوْجًا غَيْرَهُ ۗ فَإِنْ طَلَّقَهَا فَلَا جُنَاحَ عَلَيْهِمَا أَنْ يَتَرَاجَعَا إِنْ ظَنَّا أَنْ يُقِيمَا حُدُودَ اللَّهِ ۗ وَتِلْكَ حُدُودُ اللَّهِ يُبَيِّنُهَا لِقَوْمٍ يَعْلَمُونَ
(တွလာက်ရဂျ်အီ နှစ်ကြိမ်ပေးပြီးသည့်နောက်) တဖန် အကယ်၍ လင်ယောက်ျားသည် ထိုဇနီး မိန်းမအား ထပ်မံ၍ တွလာက် ကွာရှင်းခဲ့သည် ရှိသော် (သို့သုံးကြိမ် မြောက် တွလာက် ပေးပြီးသည့်) နောက် ထိုလင်ယောက်ျားအဖို့ ထိုဇနီးမိန်းမသည် အခြား လင်ယောက်ျားတစ်ဦးဦးနှင့် နိကာဟ် ထိမ်းမြား ဆက်ဆံ ပေါင်းသင်းခြင်းမပြုသမျှ ကာလပတ်လုံး (ဟလာလ်) တရားဝင်ဇနီး ဖြစ်မည်မဟုတ်ပေ။ (ထိုကဲ့သို့ အခြားလင်ယောက်ျား တစ်ဦးဦးနှင့် ထိမ်းမြားပြီး သည့်နောက်) အကယ်၍ ထို(ဒုတိယ) လင်ယောက်ျားကလည်း ထိုဇနီး မိန်းမအား ကွာရှင်း ခဲ့ပြန်သည်ရှိသော် ထိုဇနီးမိန်းမနှင့် (ပဌမ) လင်ယောက်ျားနှစေ်ဦးတို့သည် အကယ်၍ မိမိတို့နှစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်းဥပဒေများကို စောင့် ထိန်းနိုင်ကြမည်ဟု ထင်မြင်ယူဆပြီး တဖန် ပြန်လည်ပေါင်း သင်း ဆက်ဆံကြပါသော် ထိုဇနီး မောင်နှံနှစ်ဦးတို့အပေါ်တွင် တစ်စုံတစ်ရာအပြစ်မရှိချေ။ အမှန်စင်စစ် ဤသည်တို့ကား အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းဥပဒေများပင်တည်း။ ထိုအရှင်မြတ်သည် ထိုဥပဒေစည်းမျဉ်းများကို အသိအလိမ္မာ ဉာဏ်ပညာနှင့် ပြည့်စုံသောသူများအဘို့ ရှင်းလင်းစွာ ထုတ်ဖော် မိန့်ကြားထားတော်မူလေသတည်း။
وَإِذَا طَلَّقْتُمُ النِّسَاءَ فَبَلَغْنَ أَجَلَهُنَّ فَأَمْسِكُوهُنَّ بِمَعْرُوفٍ أَوْ سَرِّحُوهُنَّ بِمَعْرُوفٍ ۚ وَلَا تُمْسِكُوهُنَّ ضِرَارًا لِتَعْتَدُوا ۚ وَمَنْ يَفْعَلْ ذَٰلِكَ فَقَدْ ظَلَمَ نَفْسَهُ ۚ وَلَا تَتَّخِذُوا آيَاتِ اللَّهِ هُزُوًا ۚ وَاذْكُرُوا نِعْمَتَ اللَّهِ عَلَيْكُمْ وَمَا أَنْزَلَ عَلَيْكُمْ مِنَ الْكِتَابِ وَالْحِكْمَةِ يَعِظُكُمْ بِهِ ۚ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ
တဖန် မည်သည့်အခါဝယ် အသင်တို့သည် (မိမိတို့) ဇနီးမိန်းမများကို (တွလာက်ရဂျ်အီ)ပေး၍ ကွာ ရှင်းပြီးသည့်နောက် ထိုဇနီးမိန်းမတို့သည် (မိမိ တို့အဖို့ ကန့် သတ် ပိုင်းခြားထားသော) အစ်ဒ်ဒတ် ရက်ပိုင်းကာလ ပရိစ္ဆေဒ (ကုန်ဆုံးခါနီး) သို့ရောက်ရှိသွားကြပါမူ၊ အသင်တို့ သည် ထိုဇနီးမိန်းမတို့အား တရားစည်းကမ်းနှင့်အညီ ပြန် လည်သိမ်းပိုက်ပေါင်းသင်းကြရမည်၊ သို့တည်းမဟုတ် တရားစည်းကမ်းအတိုင်း ထိုဇနီးမိန်းမတို့အား စွန့်လွှတ်ကြ ရမည်။ သို့ရာတွင် အသင်တို့သည် ထိုဇနီးမိန်းမတို့ကို နစ်နာစေ သောစေတနာဖြင့် ညှဉ်းပန်းနှိပ်စက်နိုင်ကြရန်အတွက် ပြန် လည် သိမ်းပိုက်ခြင်းကို မပြုကြကုန်လင့်။ အမှန်သော်ကား မည်သူမဆို ယင်းကဲ့သို့ (နစ်နာစေမှုကို) ပြုလုပ်ခဲ့ပါမူ ထို သူသည် အမှန်စင်စစ် မိမိကိုယ်ကိုသာ မိမိ နှိပ်စက်ရာ ရောက် ပေသည်။ ထိုမှတပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်တော်များကို ပြောင်လှ�ာင်ပြက်ချော် သရော် သမှုမပြုလုပ်ကြကုန်လင့်။ တဖန် အသင်တို့သည် မိမိတို့ အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်ပြုထားတော်မူသော ကျေးဇူး တော်များကိုလည်းကောင်း၊ ထို အရှင်မြတ် ထုတ်ပြန်ချမှတ် တော်မူသော ကျမ်းဂန် နှင့်အသိအလိမ္မာ ဉာဏ်ပညာများကို လည်းကောင်း၊ သတိရကြကုန်လော့။ ထိုအရှင်သည် ထိုကျမ်း ဂန် ဒေသနာဖြင့်လည်းကောင်း၊ အသိအလိမ္မာ ဉာဏ်ပညာဖြင့် လည်းကောင်း အသင်တို့အား ပဲ့ပြင်ဆုံးမ တော်မူသည်၊ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ကြကုန်၊ ဧကန်စင်စစ် အလ’ာအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော် မူသည်ကိုလည်း အသင်တို့ ယုံကြည်မှတ်ယူ ကြလေကုန်။
وَإِذَا طَلَّقْتُمُ النِّسَاءَ فَبَلَغْنَ أَجَلَهُنَّ فَلَا تَعْضُلُوهُنَّ أَنْ يَنْكِحْنَ أَزْوَاجَهُنَّ إِذَا تَرَاضَوْا بَيْنَهُمْ بِالْمَعْرُوفِ ۗ ذَٰلِكَ يُوعَظُ بِهِ مَنْ كَانَ مِنْكُمْ يُؤْمِنُ بِاللَّهِ وَالْيَوْمِ الْآخِرِ ۗ ذَٰلِكُمْ أَزْكَىٰ لَكُمْ وَأَطْهَرُ ۗ وَاللَّهُ يَعْلَمُ وَأَنْتُمْ لَا تَعْلَمُونَ
ထို့ပြင် အကြင်အခါဝယ် အသင်တို့သည် (မိမိ တို့၏) ဇနီးမိန်းမများကို (တွလာက်ရဂျ်အီ ပေး၍)ကွာရှင်း ကြပါလျှင် သို့ကွာရှင်းပြီးနောက် ထိုဇနီးမိန်းမတို့သည် မိမိတို့ ၏(အစ်ဒ်ဒတ်) ရက်ပိုင်း (အဆုံး)သို့ ရောက်သွားကြသောအခါ အကယ်၍ (ထိုဇနီးမိန်းမတို့နှင့် နောက်ထပ်အိမ်ထောင် ပြုအံ့ သော လင်ခင်ပွန်းတို့သည်) တရားစည်းကမ်းနှင့်အညီ (အိမ်ထောင်ပြုရန်) အချင်းချင်း ် နှစ်ဦးနှစ်ဝသဘော မျှကြ ပါသော် အသင်တို့သည် ထိုဇနီးမိန်းမတို့အား မိမိတို့၏ ခင်ပွန်း များနှင့် ထိမ်းမြားခြင်းမှ ဖိနှိပ်ချုပ်ချယ် မြစ်တားခြင်း မပြုကြ ကုန်လင့်။ ဤပညတ်တော်ကား အသင်တို့အနက် အလ္လာဟ် အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်သောသူများအား သွန်သင်ဆုံးမအပ်သော ပညတ် တော်တည်း။ ဤ(ပညတ် တော်ကိုနာခံခြင်း)သည် အသင်တို့ အဖို့ အလွန်တရာမျှ အကျိုး ဖြစ်ထွန်းစေ သော၊ (အပြစ်ဒု စရိုက်တို့မှ) ပိုမို၍ သန့်ရှင်းစေသော ပညတ်တော်တည်း။ စင်စစ်သော်ကား အလ္လာဟ် ်အရှင်မြတ်သည် (အကျိုးဖြစ်ထွန်း စေမည့်အကြောင်း တရားတို့ကို) သိတော်မူ၏။ အသင်တို့ မူကား မသိကြချေ။
وَالْوَالِدَاتُ يُرْضِعْنَ أَوْلَادَهُنَّ حَوْلَيْنِ كَامِلَيْنِ ۖ لِمَنْ أَرَادَ أَنْ يُتِمَّ الرَّضَاعَةَ ۚ وَعَلَى الْمَوْلُودِ لَهُ رِزْقُهُنَّ وَكِسْوَتُهُنَّ بِالْمَعْرُوفِ ۚ لَا تُكَلَّفُ نَفْسٌ إِلَّا وُسْعَهَا ۚ لَا تُضَارَّ وَالِدَةٌ بِوَلَدِهَا وَلَا مَوْلُودٌ لَهُ بِوَلَدِهِ ۚ وَعَلَى الْوَارِثِ مِثْلُ ذَٰلِكَ ۗ فَإِنْ أَرَادَا فِصَالًا عَنْ تَرَاضٍ مِنْهُمَا وَتَشَاوُرٍ فَلَا جُنَاحَ عَلَيْهِمَا ۗ وَإِنْ أَرَدْتُمْ أَنْ تَسْتَرْضِعُوا أَوْلَادَكُمْ فَلَا جُنَاحَ عَلَيْكُمْ إِذَا سَلَّمْتُمْ مَا آتَيْتُمْ بِالْمَعْرُوفِ ۗ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّ اللَّهَ بِمَا تَعْمَلُونَ بَصِيرٌ
ထို့ပြင် မိခင်တို့သည် (လင်ယောက်ျားနှင့် ပြတ်စဲ သည်ဖြစ်စေ၊ မပြတ်စဲသည်ဖြစ်စေ) မိမိတို့၏ သားသမီးများကို 2-နှစ်တိုင်တိုင် နို့ရည်တိုက်ကျွေးကြရမည်။ (ဤအမိန့် တော်သည် ရက်ပိုင်းစေ့အောင် နို့ရည်တိုက်ကျွေးလိုသော သူတို့အဖို့ဖြစ်၏)။ ထို့ပြင် (ကလေး၏) ဖခင်အပေါ်၌ (နို့ရည် တိုက်ကျွေးသော ကာလပရိစ္ဆေဒ ရက်ပိုင်း စေ့သည့်တိုင်အောင်) ထိုမိခင်တို့၏ စားနပ်ရိက္ခာနှင့်တကွ ဝတ်စားတန်ဆာကို တရား စည်းမျဉ်းနှင့်အညီ (စီမံပေးရန်) တာဝန်ရှိပေသည်။ (သို့ရာ တွင်) မည်သူတစ်ဦးတစ်ယောက်မျှ မိမိတတ်စွမ်း နိုင်သည်ထက် ပို၍ တာဝန်ထမ်းဆောင်စေခြင်းကို မခံရချေ။ (သို့ဖြစ်လေရာ) မည်သည့်မိခင်မျှ မိမိ သားသမီးအတွက်ကြောင့် မနစ်နာစေရ၊ မည်သည့် ဖခင်မျှလည်း မိမိသားသမီးအတွက်ကြောင့် မနစ်နာ စေရ။ (သေဆုံးသည့်အခါ၌) အမွေစားအမွေခံများ အပေါ်၌ ထိုကဲ့သို့ပင် (မိခင်၏စားနပ်ရိက္ခာနှင့် ဝတ်စားတန် ဆာများကို စီမံပေးရန်)တာဝန်ရှိ၏။ ထို့နောက် အကယ်၍ မိဘနှစ်ပါး တို့သည် (ကလေး၏အကျိုးငှာ) မိမိတို့ အချင်းချင်း တိုင်ပင် ဆွေးနွေး၍ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် (နှစ်နှစ်မစေ့ ရောက်မီ) နို့ဖြတ်လိုပါက (နို့ဖြတ်နိုင်ခွင့်ရှိသည်)၊ ထိုသို့ (နို့ဖြတ် သည့်အတွက်) ထိုမိဘနှစ်ပါး အပေါ်ဝယ်မည် သို့မျှ အပြစ်မရှိ ချေ။ ထိုနည်းတူစွာ အကယ်၍ အသင်တို့သည် မိမိတို့၏ သားသမီးများကို (နို့ထိမ်းသည်တဦးဦး အားငှား ရမ်း၍) နို့ရည်တိုက်ကျွေးစေလိုကလည်း အသင်တို့သည် (နို့ထိမ်းသည် အား) ပေးရန်ရှိသည့် အခကြေးငွေများကို တရား စည်းကမ်း နှင့်အညီ ပေးဆပ်ခဲ့ကြသည်ရှိသော် အသင်တို့၌ မည်သို့မျှ အပြစ်မရှိချေ။ ၎င်းပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ် ကို ကြောက်ရွံ့ကြကုန်။ ထို့ပြင် ဧကန်စင်စစ် အလ္လာဟ်အရှင် မြတ်သည် အသင်တို့ ပြုလုပ်သမျှသော ကိစ္စ အရပ်ရပ်တို့ကို အကြွင်းမဲ့ ခွဲခြားသိမြင်တော်မူသောအရှင် ဖြစ်တော်မူကြောင်း ကိုလည်း(ကောင်းစွာ)သိနားလည်ကြကုန်။

Choose other languages: