Surah Al-Baqara Ayahs #236 Translated in Burmese
وَإِذَا طَلَّقْتُمُ النِّسَاءَ فَبَلَغْنَ أَجَلَهُنَّ فَلَا تَعْضُلُوهُنَّ أَنْ يَنْكِحْنَ أَزْوَاجَهُنَّ إِذَا تَرَاضَوْا بَيْنَهُمْ بِالْمَعْرُوفِ ۗ ذَٰلِكَ يُوعَظُ بِهِ مَنْ كَانَ مِنْكُمْ يُؤْمِنُ بِاللَّهِ وَالْيَوْمِ الْآخِرِ ۗ ذَٰلِكُمْ أَزْكَىٰ لَكُمْ وَأَطْهَرُ ۗ وَاللَّهُ يَعْلَمُ وَأَنْتُمْ لَا تَعْلَمُونَ
ထို့ပြင် အကြင်အခါဝယ် အသင်တို့သည် (မိမိ တို့၏) ဇနီးမိန်းမများကို (တွလာက်ရဂျ်အီ ပေး၍)ကွာရှင်း ကြပါလျှင် သို့ကွာရှင်းပြီးနောက် ထိုဇနီးမိန်းမတို့သည် မိမိတို့ ၏(အစ်ဒ်ဒတ်) ရက်ပိုင်း (အဆုံး)သို့ ရောက်သွားကြသောအခါ အကယ်၍ (ထိုဇနီးမိန်းမတို့နှင့် နောက်ထပ်အိမ်ထောင် ပြုအံ့ သော လင်ခင်ပွန်းတို့သည်) တရားစည်းကမ်းနှင့်အညီ (အိမ်ထောင်ပြုရန်) အချင်းချင်း ် နှစ်ဦးနှစ်ဝသဘော မျှကြ ပါသော် အသင်တို့သည် ထိုဇနီးမိန်းမတို့အား မိမိတို့၏ ခင်ပွန်း များနှင့် ထိမ်းမြားခြင်းမှ ဖိနှိပ်ချုပ်ချယ် မြစ်တားခြင်း မပြုကြ ကုန်လင့်။ ဤပညတ်တော်ကား အသင်တို့အနက် အလ္လာဟ် အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်သောသူများအား သွန်သင်ဆုံးမအပ်သော ပညတ် တော်တည်း။ ဤ(ပညတ် တော်ကိုနာခံခြင်း)သည် အသင်တို့ အဖို့ အလွန်တရာမျှ အကျိုး ဖြစ်ထွန်းစေ သော၊ (အပြစ်ဒု စရိုက်တို့မှ) ပိုမို၍ သန့်ရှင်းစေသော ပညတ်တော်တည်း။ စင်စစ်သော်ကား အလ္လာဟ် ်အရှင်မြတ်သည် (အကျိုးဖြစ်ထွန်း စေမည့်အကြောင်း တရားတို့ကို) သိတော်မူ၏။ အသင်တို့ မူကား မသိကြချေ။
وَالْوَالِدَاتُ يُرْضِعْنَ أَوْلَادَهُنَّ حَوْلَيْنِ كَامِلَيْنِ ۖ لِمَنْ أَرَادَ أَنْ يُتِمَّ الرَّضَاعَةَ ۚ وَعَلَى الْمَوْلُودِ لَهُ رِزْقُهُنَّ وَكِسْوَتُهُنَّ بِالْمَعْرُوفِ ۚ لَا تُكَلَّفُ نَفْسٌ إِلَّا وُسْعَهَا ۚ لَا تُضَارَّ وَالِدَةٌ بِوَلَدِهَا وَلَا مَوْلُودٌ لَهُ بِوَلَدِهِ ۚ وَعَلَى الْوَارِثِ مِثْلُ ذَٰلِكَ ۗ فَإِنْ أَرَادَا فِصَالًا عَنْ تَرَاضٍ مِنْهُمَا وَتَشَاوُرٍ فَلَا جُنَاحَ عَلَيْهِمَا ۗ وَإِنْ أَرَدْتُمْ أَنْ تَسْتَرْضِعُوا أَوْلَادَكُمْ فَلَا جُنَاحَ عَلَيْكُمْ إِذَا سَلَّمْتُمْ مَا آتَيْتُمْ بِالْمَعْرُوفِ ۗ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّ اللَّهَ بِمَا تَعْمَلُونَ بَصِيرٌ
ထို့ပြင် မိခင်တို့သည် (လင်ယောက်ျားနှင့် ပြတ်စဲ သည်ဖြစ်စေ၊ မပြတ်စဲသည်ဖြစ်စေ) မိမိတို့၏ သားသမီးများကို 2-နှစ်တိုင်တိုင် နို့ရည်တိုက်ကျွေးကြရမည်။ (ဤအမိန့် တော်သည် ရက်ပိုင်းစေ့အောင် နို့ရည်တိုက်ကျွေးလိုသော သူတို့အဖို့ဖြစ်၏)။ ထို့ပြင် (ကလေး၏) ဖခင်အပေါ်၌ (နို့ရည် တိုက်ကျွေးသော ကာလပရိစ္ဆေဒ ရက်ပိုင်း စေ့သည့်တိုင်အောင်) ထိုမိခင်တို့၏ စားနပ်ရိက္ခာနှင့်တကွ ဝတ်စားတန်ဆာကို တရား စည်းမျဉ်းနှင့်အညီ (စီမံပေးရန်) တာဝန်ရှိပေသည်။ (သို့ရာ တွင်) မည်သူတစ်ဦးတစ်ယောက်မျှ မိမိတတ်စွမ်း နိုင်သည်ထက် ပို၍ တာဝန်ထမ်းဆောင်စေခြင်းကို မခံရချေ။ (သို့ဖြစ်လေရာ) မည်သည့်မိခင်မျှ မိမိ သားသမီးအတွက်ကြောင့် မနစ်နာစေရ၊ မည်သည့် ဖခင်မျှလည်း မိမိသားသမီးအတွက်ကြောင့် မနစ်နာ စေရ။ (သေဆုံးသည့်အခါ၌) အမွေစားအမွေခံများ အပေါ်၌ ထိုကဲ့သို့ပင် (မိခင်၏စားနပ်ရိက္ခာနှင့် ဝတ်စားတန် ဆာများကို စီမံပေးရန်)တာဝန်ရှိ၏။ ထို့နောက် အကယ်၍ မိဘနှစ်ပါး တို့သည် (ကလေး၏အကျိုးငှာ) မိမိတို့ အချင်းချင်း တိုင်ပင် ဆွေးနွေး၍ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် (နှစ်နှစ်မစေ့ ရောက်မီ) နို့ဖြတ်လိုပါက (နို့ဖြတ်နိုင်ခွင့်ရှိသည်)၊ ထိုသို့ (နို့ဖြတ် သည့်အတွက်) ထိုမိဘနှစ်ပါး အပေါ်ဝယ်မည် သို့မျှ အပြစ်မရှိ ချေ။ ထိုနည်းတူစွာ အကယ်၍ အသင်တို့သည် မိမိတို့၏ သားသမီးများကို (နို့ထိမ်းသည်တဦးဦး အားငှား ရမ်း၍) နို့ရည်တိုက်ကျွေးစေလိုကလည်း အသင်တို့သည် (နို့ထိမ်းသည် အား) ပေးရန်ရှိသည့် အခကြေးငွေများကို တရား စည်းကမ်း နှင့်အညီ ပေးဆပ်ခဲ့ကြသည်ရှိသော် အသင်တို့၌ မည်သို့မျှ အပြစ်မရှိချေ။ ၎င်းပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ် ကို ကြောက်ရွံ့ကြကုန်။ ထို့ပြင် ဧကန်စင်စစ် အလ္လာဟ်အရှင် မြတ်သည် အသင်တို့ ပြုလုပ်သမျှသော ကိစ္စ အရပ်ရပ်တို့ကို အကြွင်းမဲ့ ခွဲခြားသိမြင်တော်မူသောအရှင် ဖြစ်တော်မူကြောင်း ကိုလည်း(ကောင်းစွာ)သိနားလည်ကြကုန်။
وَالَّذِينَ يُتَوَفَّوْنَ مِنْكُمْ وَيَذَرُونَ أَزْوَاجًا يَتَرَبَّصْنَ بِأَنْفُسِهِنَّ أَرْبَعَةَ أَشْهُرٍ وَعَشْرًا ۖ فَإِذَا بَلَغْنَ أَجَلَهُنَّ فَلَا جُنَاحَ عَلَيْكُمْ فِيمَا فَعَلْنَ فِي أَنْفُسِهِنَّ بِالْمَعْرُوفِ ۗ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
ထို့ပြင် အသင်တို့အနက် အကြင်သူတို့သည် ကွယ်လွန်သေဆုံးကြကုန်၏။ ထို့ပြင် ဇနီးမိန်းမများကို ချန်ရစ် ခဲ့ကြ၏။ ထိုဇနီးမိန်းမသည် 4-လနှင့် 10-ရက်တိုင်တိုင် (အိမ် ထောင်သစ်ပြုခြင်းမှ) မိမိတို့ ကိုယ်ကို ဆိုင်းငံ့၍ထားကြရမည်။ ထို့ပြင် ထိုဇနီးမိန်းမများသည် မိမိတို့၏ (အစ်ဒ်ဒတ်) သတ်မှတ် ထားသော ရက်ပိုင်းကာလ ပရိစ္ဆေဒအဆုံးသို့ ရောက်ရှိသော အခါ မိမိတို့ ကိုယ်ရေးနှင့်ပတ်သက်၍ တရားစည်းကမ်းနှင့် အညီ ပြုလုပ်တတ်ကြသောကိစ္စ (အိမ်ထောင်သစ်ပြုခြင်း၊ ဖြီးလိမ်းခြင်း စသည်တို့) တွင် အသင်တို့၌ တစ်စုံတစ်ရာမျှ အပြစ် မရှိချေ။ အမှန်သော် ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ် သမျှသောကိစ္စအရပ်ရပ်ကို အကြွင်းမဲ့ကြား သိတော် မူသောအရှင် ဖြစ်တော်မူသတည်း။
وَلَا جُنَاحَ عَلَيْكُمْ فِيمَا عَرَّضْتُمْ بِهِ مِنْ خِطْبَةِ النِّسَاءِ أَوْ أَكْنَنْتُمْ فِي أَنْفُسِكُمْ ۚ عَلِمَ اللَّهُ أَنَّكُمْ سَتَذْكُرُونَهُنَّ وَلَٰكِنْ لَا تُوَاعِدُوهُنَّ سِرًّا إِلَّا أَنْ تَقُولُوا قَوْلًا مَعْرُوفًا ۚ وَلَا تَعْزِمُوا عُقْدَةَ النِّكَاحِ حَتَّىٰ يَبْلُغَ الْكِتَابُ أَجَلَهُ ۚ وَاعْلَمُوا أَنَّ اللَّهَ يَعْلَمُ مَا فِي أَنْفُسِكُمْ فَاحْذَرُوهُ ۚ وَاعْلَمُوا أَنَّ اللَّهَ غَفُورٌ حَلِيمٌ
ထို့ပြင်တဝ (အစ်ဒ်ဒတ် အတွင်းရှိနေသော) မုဆိုးမများအား (ထိမ်းမြားရန်) စေ့စပ်ကြောင်းလမ်း ခြင်းနှင့် စပ်လျဉ်း၍ စကားရိပ်စကား>မက် ပြောဆိုခြင်း၌လည်းကောင်း၊ သို့တည်း မဟုတ် (ထိမ်းမြားလိုသော ဆန္ဒကို) မိမိတို့စိတ်နှလုံး များတွင် လျှို့ဝှက်မျိုသိပ် ထားခြင်း၌လည်းကောင်း၊ အသင် တို့အပေါ်ဝယ် တစ်စုံတစ်ရာမျှ အပြစ်မရှိချေ။ အသင်တို့သည် မကြာမြင့်မီ ယင်းမိန်းမများ၏အကြောင်းကို ထုတ်ဖော်ပြော ဆိုကြမည်ကို အလ္လာဟ်အရှင်မြတ်သည် သိပြီးဖြစ်တော်မူ သည်။ သို့ရာတွင် အသင်တို့သည် (စကားရိပ်အားဖြင့်) ယဉ် ကျေးသိမ်မွေ့စွာ စကားပြောဆိုခြင်းမှအပ (ထိမ်းမြားရန် အကြောင်းနှင့်စပ်လျဉ်း၍) ထိုမိန်းမများ နှင့် တီးတိုးလျှို့ဝှက်စွာ မျှပင် ကတိမပြုကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် (ထို မိန်းမများအဘို့) ပြဋ္ဌာန်းပြီးဖြစ်သော (အစ်ဒ်ဒတ်) ရက်ပိုင်း ကာလ ပရိစ္ဆေဒ မကုန်ဆုံးမီ ထိမ်းမြားခြင်းတည်းဟူသော မင်္ဂလာအထုံးအဖွဲ့ကို အတည်မဖွဲ့ကြကုန်လင့်။ ထိုမှတပါး အသင်တို့၏စိတ်တွင် (မျိုသိပ်ထားရှိ သော) အကြောင်းအရာ ခပ်သိမ်းတို့ကို အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန် သိရှိ တော်မူသည်ကို ယုံကြည်မှတ်ယူကြ၍ ထိုအရှင်မြတ်အား ကြောက်ရွံ့ကြကုန်လော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အပြစ်များမှ) အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော် မူသောအရှင်၊ ဆိုင်းငံ့ထောက်ထား တော်မူ သောအရှင်၊ ဖြစ်တော်မူသည်ကိုလည်း ယုံကြည်မှတ်ယူကြကုန် လော့။
لَا جُنَاحَ عَلَيْكُمْ إِنْ طَلَّقْتُمُ النِّسَاءَ مَا لَمْ تَمَسُّوهُنَّ أَوْ تَفْرِضُوا لَهُنَّ فَرِيضَةً ۚ وَمَتِّعُوهُنَّ عَلَى الْمُوسِعِ قَدَرُهُ وَعَلَى الْمُقْتِرِ قَدَرُهُ مَتَاعًا بِالْمَعْرُوفِ ۖ حَقًّا عَلَى الْمُحْسِنِينَ
အကယ်၍ အသင်တို့သည် ဇနီးမိန်းမများ အား မထိတွေ့ကြမီသော်လည်းကောင်း၊ ထိုမိန်းမများအတွက် သတ် မှတ်ထားသော မဟ်ရ်ပစ္စည်း (မည်ရွေ့မည်မျှ ပေးမည်ဟူ၍) သတ်မှတ် ပြဋ္ဌာန်းခြင်း မပြုကြမီ သော်လည်းကောင်း၊ ကွာရှင်းခဲ့ကြပါလျှင် အသင်တို့၌မည်သို့မျှ အပြစ်မရှိချေ။ သို့ရာ တွင်(ဤသို့ပြုခြင်းအားဖြင့် ယင်းမိန်းမတို့၌ နစ်နာဖွယ်ရာ အကြောင်းရှိသဖြင့်) အသင်တို့သည် ထိုမိန်းမတို့အား တရား စည်းကမ်းနှင့်အညီ အကျိုးကျေးဇူး ဖြစ်ထွန်းစေကြရမည်။ ဥစ္စာပစ္စည်းကုံလုံ ကြွယ်ဝသူအပေါ်၌ မိမိတတ်စွမ်း နိုင်သည့်အလျောက် သူဆင်းရဲ အပေါ်၌လည်း မိမိတတ်စွမ်း နိုင်သည့်အလျောက် အကျိုးဖြစ် ထွန်းစေရန် တာဝန်ရှိသည်၊ ဤကား ကောင်းကျိုး မင်္ဂလာပွားများသောသူများ အပေါ်၌ တာဝန်တစ်ရပ်ပင် ဖြစ်ပေသည်။
Choose other languages:

Albanian

Amharic

Azerbaijani

Bengali

Bosnian

Bulgarian

Burmese

Chinese

Danish

Dutch

English

Farsi

Filipino

French

Fulah

German

Gujarati

Hausa

Hindi

Indonesian

Italian

Japanese

Jawa

Kazakh

Khmer

Korean

Kurdish

Kyrgyz

Malay

Malayalam

Norwegian

Pashto

Persian

Polish

Portuguese

Punjabi

Russian

Sindhi

Sinhalese

Somali

Spanish

Swahili

Swedish

Tajik

Tamil

Tatar

Telugu

Thai

Turkish

Urdu

Uyghur

Uzbek

Vietnamese

Yoruba
