Quran Apps in many lanuages:

Surah Al-Baqara Ayahs #25 Translated in Burmese

يَا أَيُّهَا النَّاسُ اعْبُدُوا رَبَّكُمُ الَّذِي خَلَقَكُمْ وَالَّذِينَ مِنْ قَبْلِكُمْ لَعَلَّكُمْ تَتَّقُونَ
အို-လူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အား မွေးမြူတော်မူထသော (အလ္လာဟ်အရှင်မြတ်)ကို ခဝပ်ကိုးကွယ်ကြကုန်။ ထိုအရှင်သည် အသင်တို့ကိုလည်းကောင်း၊ အသင်တို့အလျင် အထက်ထက် အဆက်ဆက်က ရှိခဲ့ဘူးသော ရှေးပဝေသဏီ လူဟောင်းများကို လည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည်။ ထိုသို့ ခဝပ်ကိုးကွယ်ကြမှသာလျှင် အသင်တို့သည် (ဒုစရိုက်မှုများကို) ကြဉ်ရှောင်သော သူတော်သူစင်များ ဖြစ်တန်ကြရာသတည်း။
الَّذِي جَعَلَ لَكُمُ الْأَرْضَ فِرَاشًا وَالسَّمَاءَ بِنَاءً وَأَنْزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجَ بِهِ مِنَ الثَّمَرَاتِ رِزْقًا لَكُمْ ۖ فَلَا تَجْعَلُوا لِلَّهِ أَنْدَادًا وَأَنْتُمْ تَعْلَمُونَ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့ (နေထိုင် သွားလာနိုင်ရန် အလို့ငှာ) ဤပထဝီမြေပြင်ကို အခင်းအဖြစ်လည်းကောင်း၊ မိုးကောင်းကင်ကို အမိုးအဖြစ်လည်းကောင်း၊ ပြုလုပ်ပေးသနားတော်မူ၍ ယင်းမိုးကောင်းကင်မှပင် မိုးရွာသွန်းစေပြီး ထိုမိုးရေဖြင့် ကောက်ပဲသီးနှံ အမျိုးမျိုးတို့ကို အသင်တို့အဘို့ ရိက္ခာအဖြစ် ပေါက်ရောက်စေတော်မူ၏၊ သို့ဖြစ်ရာ အသင်တို့သည် (အနန္တကျေးဇူးတော်ရှင် ဖြစ်တော်မူထသော) အလ္လာဟ်အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ တွဲဖက်၍ ခဝပ်ကိုးကွယ်ခြင်းကို အလျှင်း မပြုကြလင့်၊ (သို့ အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်၍ ခဝပ်ကိုးကွယ်ခြင်း မပြုအပ်သည့်အကြောင်းကို) အသင်တို့ကိုယ်တိုင်လည်း အသိ ပင် ဖြစ်ကြသည်။
وَإِنْ كُنْتُمْ فِي رَيْبٍ مِمَّا نَزَّلْنَا عَلَىٰ عَبْدِنَا فَأْتُوا بِسُورَةٍ مِنْ مِثْلِهِ وَادْعُوا شُهَدَاءَكُمْ مِنْ دُونِ اللَّهِ إِنْ كُنْتُمْ صَادِقِينَ
ငါ၏အစေတော် နဗီတမန်တော် မုဟမ္မဒ် (ဆွ) အထံသို့ ငါအရှင်ထုတ်ပြန်ပို့ချတော်မူသော ကုရ်အာန်ကျမ်းမြတ်နှင့် စပ်လျဉ်း၍ အကယ်၍ အသင်တို့(စိတ်၌) ယုံမှားသံသယ ဒွိဟရှိခဲ့ပါလျှင် ထိုကျမ်းမြတ်နှင့် အလားတူ ကဏ္ဍတစ်ခုမျှ (စီကုန်း ရေးသား၍) ယူဆောင်လာကြကုန်လော့။ အကယ်၍ အသင်တို့သည် (သစ္စဝါဒီ) မှန်ကန်သော စကားပြောဆိုသူများ ဖြစ်ကြပါလျှင် သို့စီကုန်းရေးသားရာ၌ အလ္လာဟ်အရှင်မြတ်နှင့် ပြိုင်ဆိုင်၍ အသင်တို့အား ကူညီ ယိုင်းပင်းမည့် သူများကိုလည်း ခေါ်ဆောင်လာ ကြကုန်လော့။
فَإِنْ لَمْ تَفْعَلُوا وَلَنْ تَفْعَلُوا فَاتَّقُوا النَّارَ الَّتِي وَقُودُهَا النَّاسُ وَالْحِجَارَةُ ۖ أُعِدَّتْ لِلْكَافِرِينَ
အသင်တို့သည် ကုရ်အာန်ကျမ်းမြတ်နှင့် ယှဉ်ပြိုင်ခြင်းများကို အတိတ်ကာလတွင် မလုပ်နိုင်ခဲ့ကြ၊ ယခုမျက်မှောက် ပစ္စုပ္ပန်ကာလတွင် လုပ်နိုင်ကြသည်လည်းမဟုတ်၊ နောင်အနာဂတ်ကာလတွင်လည်း အလျှင်းလုပ်နိုင်ကြမည် မဟုတ်ပေ၊ သို့ဖြစ်ရာ အသင်တို့သည် ငရဲမီးဘေးမှ ဝေးစွာရှောင်ရှားကြကုန်၊ ထိုမီး၏မီးစာမှာ (အယူမှောက်မှားသော) ကာဖိရ် မိစ္ဆာဒိဋ္ဌိ များနှင့် (ထိုမိစ္ဆာ ဒိဋ္ဌိများ ဆည်းကပ်ကိုးကွယ်ကြသည့်) ကျောက်တုံးများ ဖြစ်ချေသည်။ ထိုမီးသည် ကာဖိရ် များအဘို့ အသင့်ပြုလုပ်ထားရှိပြီး ဖြစ်ပေသည်။
وَبَشِّرِ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ أَنَّ لَهُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۖ كُلَّمَا رُزِقُوا مِنْهَا مِنْ ثَمَرَةٍ رِزْقًا ۙ قَالُوا هَٰذَا الَّذِي رُزِقْنَا مِنْ قَبْلُ ۖ وَأُتُوا بِهِ مُتَشَابِهًا ۖ وَلَهُمْ فِيهَا أَزْوَاجٌ مُطَهَّرَةٌ ۖ وَهُمْ فِيهَا خَالِدُونَ
(အို-နဗီတမန်တော်) အသင်သည် အီမာန်ယုံကြည်ခြင်း သဒ္ဓါတရားထားရှိ၍ ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြကုန်သော မုအ်မင် များအား ပီတိသောမနဿ ဖြစ်စေသော မင်္ဂလာသတင်းကို ပေးလေလော့၊ ဧကန်ဆတ်ဆတ် ထိုသို့သော သီလဝန္တ ပုဂ္ဂိုလ်များ(စံစားနေထိုင်ရန် အလို့ငှာ) ဂျန္နတ် အမတသုခဘုံများ သည်အသင့်ရှိ၏။ ထိုသုခဘုံများအောက်၌ စမ်းရေချောင်းများလည်း (အယဉ်တွေတွေ) စီးဆင်းလျက်ရှိ၏။သုခဘုံသားများအား ထိုသုခဘုံ၏ သစ်သီးဝလံ များကို တည်ခင်းကျွေးမွေးသည့် အခါတိုင်း၌ အကျွန်ုပ်တို့သည် ဤသစ်သီးဝလံမျိုးကို ယခင် ကလည်း စားသုံးရဘူးပြီဟု ဆိုကြအံ့၊ ထိုနောက် ထိုသုခဘုံသားများသည်(ရသာခြားနား၍) သဏ္ဌာန် တူမျှသော သစ်သီးဝလံများ တည်ခင်းကျွေးမွေးခြင်းကိုလည်း ခံစားကြရဦးအံ့၊ ထိုသုခဘုံသားများ အဖို့ ထိုသုခဘုံတွင် သန့်စင်သော ကြင်ရာကြင်ဘက် များသည်လည်း ရှိဦးအံ့၊ ထို့ပြင်တဝ ထိုသုခဘုံသားများသည် ထိုသုခဘုံများ၌ ထာဝစဉ် စံစားကြရအံ့။

Choose other languages: