Quran Apps in many lanuages:

Surah Al-Baqara Ayahs #17 Translated in Burmese

وَإِذَا قِيلَ لَهُمْ آمِنُوا كَمَا آمَنَ النَّاسُ قَالُوا أَنُؤْمِنُ كَمَا آمَنَ السُّفَهَاءُ ۗ أَلَا إِنَّهُمْ هُمُ السُّفَهَاءُ وَلَٰكِنْ لَا يَعْلَمُونَ
ထို မုစ်လင်(မ်) အသွင်ဆောင်သောသူများအား (အချင်းတို့) အခြား (မုအ်မင် များသည် စေတနာဖြူစင်စွာဖြင့်) သဒ္ဓါတရား ထားကြသကဲ့သို့ အသင်တို့သည်လည်းယုံကြည်ခြင်း သဒ္ဓါတရားထား ရှိကြပါကုန်ဟု ပြောကြားသည့်အခါ၌ ထိုသူတို့က အကျွန်ုပ်တို့သည်လည်း (အသိအလိမ္မာဉာဏ်ပညာ ကင်းမဲ့သော) လူ့ဗာလများ ထားရှိသော ယုံကြည်မှုသဒ္ဓါတရားမျိုး ထားကြရမည်လောဟု ပြန်လည် ပြောဆိုကြ၏။(အို-ကြားနာသူ အပေါင်းတို့) သတိပြုကြကုန်၊ ထိုမုစ်လင်(မ်) အသွင်ဆောင်သူများသာလျှင် မသိမိုက်မဲသော လူ့ဗာလများ ဖြစ်ကြ၏၊ သို့ရာတွင် ထိုသူတို့သည် (မိမိတို့ မိုက်မဲကြောင်းကိုပင်) မသိကြချေ။
وَإِذَا لَقُوا الَّذِينَ آمَنُوا قَالُوا آمَنَّا وَإِذَا خَلَوْا إِلَىٰ شَيَاطِينِهِمْ قَالُوا إِنَّا مَعَكُمْ إِنَّمَا نَحْنُ مُسْتَهْزِئُونَ
မုစ်လင်(မ်) အသွင်ဆောင်သောသူများ သည်မုစ်လင်(မ်) များနှင့် တွေ့ဆုံကြသည့်အခါ ဥပါယ်တံမျဉ်ဖြင့် ယုံကြည်ဟန်ပြု၍ အကျွန်ုပ်တို့သည် (သင်တို့ ယုံကြည်သကဲ့သို့ပင်) ယုံကြည်ကြပါ၏ဟု ပြောဆိုကြ၏။ ထိုသို့ပြောဆိုပြီးသည့်နောက် မိမိတို့၏(အကြီးအမှူးများဖြစ်သော) သူယုတ်များနှင့် ဆိတ်ကွယ်ရာတွင် ထည်းထည်းတွေ့ဆုံကြပြန် သောအခါ အကျွန်ုပ်တို့သည် အသင်တို့ နှင့်အတူ (တသင်းတည်းတဝါဒတည်း) ပင်ဖြစ်ကြပါ၏။ သို့သော် မုချဧကန်အကျွန်ုပ်တို့သည် (ထိုမုစ်လင်(မ်)များအား) သက်သက် ပြက်ရယ် ကျီစယ် ကရော်ကမည် ပြုသူများသာ ဖြစ်ကြပါ၏ ဟုဆိုကြပြန်ကုန်၏။
اللَّهُ يَسْتَهْزِئُ بِهِمْ وَيَمُدُّهُمْ فِي طُغْيَانِهِمْ يَعْمَهُونَ
အလ္လာဟ်အရှင်မြတ်သည်(တုံ့ပြန်သော သဘောဖြင့်) ထို(သူတော်ယောင်ဆောင်သော) သူများအား ပြက်ရယ်ကျီစယ်တော်မူသည်။ ထို့ပြင်တဝ ထိုသူတို့ကို မိမိတို့၏ မောက်မာပလွှားမှု၌ ကာလရှည်လျားစွာ လှံထားတော်မူသည်။ သို့ဖြစ်ရာ ထိုသူတို့သည် မမြင်မကန်း တဝေ့လည်လည် ဖြစ်နေကြသည်။
أُولَٰئِكَ الَّذِينَ اشْتَرَوُا الضَّلَالَةَ بِالْهُدَىٰ فَمَا رَبِحَتْ تِجَارَتُهُمْ وَمَا كَانُوا مُهْتَدِينَ
မှန်ကန်သော (အစ္စလာမ်) သာသနာကို ပေးလှယ်၍ မှောက်မှားသောတရားကို ဝယ်ယူကြသော အကြင်သူများမှာ ဤသူများပင်၊ ထိုသူများ သည် မိမိတို့၏ (ဤ) ရောင်းဝယ်လဲလှယ်မှု၌ အမြတ်မရရှိသည့်အပြင် တရားရသူများလည်း မဟုတ်ကြချေ။
مَثَلُهُمْ كَمَثَلِ الَّذِي اسْتَوْقَدَ نَارًا فَلَمَّا أَضَاءَتْ مَا حَوْلَهُ ذَهَبَ اللَّهُ بِنُورِهِمْ وَتَرَكَهُمْ فِي ظُلُمَاتٍ لَا يُبْصِرُونَ
ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများ၏ပမာကို ဆိုရသော် လူတစ်ယောက်သည် (တခဲနက် မှောင်အတိ ကျနေသော ညဉ့်၌ လမ်းကို မြင်နိုင်ခြင်းငှာ) ဆီမီးကိုထွန်းညှိ၏။ ဆီမီးရောင်သည် ထိုသူ၏ပတ်ဝန်းကျင်ကို လင်းဝင်းစေ၏။ သို့လင်းဝင်းသည့်အခိုက် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ အလင်းရောင်ကို နုတ်သိမ်းယူသွားပြီး ထိုသူတို့အား မှောင်တိုက်တွင်းဝယ် ပစ်ပယ်ထားတော်မူရာ ထိုသူတို့သည် တစ်စုံတစ်ခုကိုမျှ မမြင်နိုင်ကြချေ။

Choose other languages: