Quran Apps in many lanuages:

Surah Al-Baqara Ayahs #131 Translated in Burmese

وَإِذْ يَرْفَعُ إِبْرَاهِيمُ الْقَوَاعِدَ مِنَ الْبَيْتِ وَإِسْمَاعِيلُ رَبَّنَا تَقَبَّلْ مِنَّا ۖ إِنَّكَ أَنْتَ السَّمِيعُ الْعَلِيمُ
ထိုမှတပါး (ပြန်လည်အောက်မေ့သတိရကြ ကုန်လော့) အခါတပါး၌ နဗီတမန်တော် အစ်ဗ်ရာဟီမ် (အ) နှင့်(သားတော်) နဗီတမန်တော် အစ္စမာအီလ် (အ)တို့သည်(ကအ်ဗဟ်) ကျောင်းတော်မြတ်၏ ကျောက်နံရံကို မြှင့်တင်နေစဉ် (ဤသို့ဆုမွန်များကို တောင်းဆိုကြကုန်၏)။ အိုကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့ထံမှ (ဤကောင်းမှုကို မိမိ၏အနန္တကျေးဇူးတော်ဂုဏ်ဖြင့်) သဘောတူ လက်ခံယူတော်မူပါ၊ ဧကန်မုချ အရှင်သည်သာလျှင်(ကျွန်တော်မျိုးတို့ တောင်းဆိုသော ဆုများကို) ကြားတော်မူသောအရှင် (ကျွန်တော်မျိုး တို့၏အာသာန္ဒများကိုလည်း) သိတော်မူသောအရှင် ဖြစ်တော်မူပါ၏။
رَبَّنَا وَاجْعَلْنَا مُسْلِمَيْنِ لَكَ وَمِنْ ذُرِّيَّتِنَا أُمَّةً مُسْلِمَةً لَكَ وَأَرِنَا مَنَاسِكَنَا وَتُبْ عَلَيْنَا ۖ إِنَّكَ أَنْتَ التَّوَّابُ الرَّحِيمُ
အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ အရှင်သည် ကျွန်တော်မျိုးတို့အား မိမိ၏ အမိန့်တော်ကို ခံယူသူ မုစ်လင်မ်နှစ်ဦး ဖြစ်စေတော်မူပါ၊ ထိုနည်းတူစွာ ကျွန်တော်မျိုးတို့၏ သားစဉ်မြေးဆက် ကိုလည်း အရှင်၏ အမိန့်တော်ကို နာခံကြသူ မုစ်လင်မ်များ ဖြစ်စေတော်မူပါ၊ ထိုမှတပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား သာသနာရေး၌ လိုက်နာကြရမည်ဖြစ်သော နည်းနာနိဿရ အစီအစဉ်တို့ကိုလည်း စံနစ်တကျ ကျင့်သုံးနိုင်ကြစေခြင်းငှာ သင်ကြားပြသ ပေးသနားတော်မူပါ၊ ထို့ပြင်လည်း အရှင်မြတ်သည် ကျွန်တော်မျိုးတို့ဖက်သို့ ကရုဏာတော်ဖြင့် လှည့်တော်မူပါ၊ ဧကန်ဆတ်ဆတ် အရှင်မြတ်သည်သာလျှင် ကရုဏာတော်ဖြင့် အကြိမ်ကြိမ်အဖန်ဖန် လှည့်တော်မူသော အရှင်၊ အစဉ်အမြဲ သနားကြင်နာ ညှာတာတော်မူသော အရှင် ဖြစ်တော်မူပါ၏။
رَبَّنَا وَابْعَثْ فِيهِمْ رَسُولًا مِنْهُمْ يَتْلُو عَلَيْهِمْ آيَاتِكَ وَيُعَلِّمُهُمُ الْكِتَابَ وَالْحِكْمَةَ وَيُزَكِّيهِمْ ۚ إِنَّكَ أَنْتَ الْعَزِيزُ الْحَكِيمُ
အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသော အရှင်၊ (အရှင်မြတ်၏) တရားဒေသနာတော်များကို ယင်းသူတို့၏ ရှေ့မှောက်ဝယ် ရွတ်ဖတ်သရဇ္ဈာယ်ရန် အလို့ငှာလည်းကောင်း၊ ကျမ်းဂန်ဓမ္မက္ခန်နှင့်တကွ ဉာဏ်အမြော်အမြင်ကိုပါ သွန်သင်ပြသ သင်ကြားပေးရန်အလို့ငှာ လည်းကောင်း၊ ယင်းသူတို့အား အပြစ်ဒုစရိုက်မှုများမှ သန့်ရှင်းစင်ကြယ်စေရန် အလို့ငှာ လည်းကောင်း၊ ယင်းသူတို့အနက်မှပင်(ဆွေမျိုးသား ချင်းတော်စပ်သော) ရစူလ်တမန်တော် တစ်ပါးကို ထိုသူတို့ တွင် ပွင့်စေတော်မူပါ၊ ဧကန်မုချ အရှင်မြတ်သည် သာလျှင် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူထသောအရှင်၊ ထူးသော အသိဉာဏ် အမြော်အမြင်နှင့် ပြည့်စုံတော်မူ သောအရှင် ဖြစ်တော်မူပေသတည်းဟု [နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ) နှင့် သားတော် နဗီတမန်တော် အစ္စမာအီလ်(အ) တို့သည် ဆု တောင်းပတ္ထနာ ပြုကြလေသည်။
وَمَنْ يَرْغَبُ عَنْ مِلَّةِ إِبْرَاهِيمَ إِلَّا مَنْ سَفِهَ نَفْسَهُ ۚ وَلَقَدِ اصْطَفَيْنَاهُ فِي الدُّنْيَا ۖ وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ
မိမိကိုယ်ကို မိမိပင် လူမိုက်လူ့ဗာလဖြစ်စေသောသူမှအပ အဘယ်သူသည် နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)၏ သာသနာမှ မျက်နှာလွှဲဖယ် တိမ်းရှောင် သွားနိုင်ပါမည်နည်း။ စင်စစ်တမူကား ငါအရှင်မြတ်သည် ထိုနဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)အား ချစ်မြတ်နိုး၍ ဤလောက၌ နဗီတမန်တော်အဖြစ်ဖြင့် ရွေးချယ် ခြီးမြှင့်တော်မူခဲ့လေပြီ။ တဖန် နောင်တမလွန်ဘဝ၌လည်း ထိုနဗီတမန်တော်သည် ပါရမီရှင် သူမွန် သူမြတ်များအနက်မှ မလွဲဧကန် ဖြစ်လတ္တံ့။
إِذْ قَالَ لَهُ رَبُّهُ أَسْلِمْ ۖ قَالَ أَسْلَمْتُ لِرَبِّ الْعَالَمِينَ
(ပြန်လည်အောက်မေ့သတိရကြကုန်လော့) အကြင်အခါ၌ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)ကို အလ္လာဟ် အရှင်မြတ်က [အို-အစ်ဗ်ရာဟီမ်(အ) အသင်သည် ငါအရှင်မြတ်၏]အမိန့်နာခံသူ (မုစ်လင်မ်) ဖြစ်ပါလေဟု မိန့်ကြားတော် မူခဲ့၏။ ထိုအခါ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)က ကျွန်တော်မျိုးသည် ခပ်သိမ်းကုန်သော စကြာဝဠာအပေါင်းတို့က မွေးမြူတော် မူထသောအရှင်မြတ်၏ အမိန့်တော်ကို ကြည်ဖြူစွာ ခံယူပါပြီဟု တင်လျှောက် ခဲ့လေသတည်း။

Choose other languages: