Quran Apps in many lanuages:

Surah Al-Araf Ayahs #93 Translated in Burmese

قَدِ افْتَرَيْنَا عَلَى اللَّهِ كَذِبًا إِنْ عُدْنَا فِي مِلَّتِكُمْ بَعْدَ إِذْ نَجَّانَا اللَّهُ مِنْهَا ۚ وَمَا يَكُونُ لَنَا أَنْ نَعُودَ فِيهَا إِلَّا أَنْ يَشَاءَ اللَّهُ رَبُّنَا ۚ وَسِعَ رَبُّنَا كُلَّ شَيْءٍ عِلْمًا ۚ عَلَى اللَّهِ تَوَكَّلْنَا ۚ رَبَّنَا افْتَحْ بَيْنَنَا وَبَيْنَ قَوْمِنَا بِالْحَقِّ وَأَنْتَ خَيْرُ الْفَاتِحِينَ
အကယ်၍သာ ငါတို့သည် အသင်တို့၏ ဘာသာသာသနာအတွင်းသို့ အလ္လာဟ်အရှင်မြတ်က ငါတို့အား ထိုဘာသာမှ ကယ်ဆယ်တော်မူပြီးနောက် ပြန်လည်ဝင်ရောက်ခဲ့ကြပါလျှင် အမှန်စင်စစ် ငါတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ကြံဖန်လီဆယ်၍ မုသားစွပ်စွဲသူများသာ ဖြစ်ကြပေအံ့။ စင်စစ်သော်ကား ငါတို့သည် ငါတို့၏အရှင်ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်က အလိုရှိတော်မူသည်မှအပ ငါတို့အဖို့ထိုဘာသာတွင်းသို့ ပြန်ဝင်ကြရန်မဖြစ်နိုင်ပေ။ ငါတို့၏ အရှင်မြတ်သည် အသိပညာအားဖြင့် အရာခပ်သိမ်းတို့ကို လွှမ်းခြုံလျက်ရှိတော်မူ၏။ ငါတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ လွှဲအပ်ခဲ့ကြချေပြီ။ အို-ကျွန်တော် မျိုးတို့၏အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော် မျိုးတို့နှင့် ကျွန်တော်မျိုးတို့၏အမျိုးသားတို့ စပ်ကြားဝယ် မှန်ကန်စွာ စီရင်ဆုံးဖြတ်၍ ပေးသနားတော်မူပါ။ အမှန်သော်ကား အရှင်မြတ်သည်ပင်လျှင် အကောင်းဆုံး စီရင်ဆုံးဖြတ်၍ ပေးတော်မူသောအရှင်ဖြစ်တော် မူပါသတည်း။
وَقَالَ الْمَلَأُ الَّذِينَ كَفَرُوا مِنْ قَوْمِهِ لَئِنِ اتَّبَعْتُمْ شُعَيْبًا إِنَّكُمْ إِذًا لَخَاسِرُونَ
၎င်းပြင် ထို(နဗီတမန်တော်)ရှုအိုက်ဗ်၏ အမျိုးသားတို့အနက်မှ သွေဖည်ငြင်းပယ်ကြသော အကြီးအကဲတို့က(မိမိတို့အမျိုးသားချင်းတို့အား အို-အချင်းတို့) အကယ်၍အသင်တို့သည် ရှုအိုက်ဗ် ၏အမိန့်ကို လိုက်နာကြပါလျှင် မုချစင်စစ် အသင်တို့သည် ဆုံးရှုံးနစ်နာသူများ ဖြစ်ကြကုန်အံ့ဟုပြောဆိုခဲ့ကြကုန်၏။
فَأَخَذَتْهُمُ الرَّجْفَةُ فَأَصْبَحُوا فِي دَارِهِمْ جَاثِمِينَ
ထို့နောက် ၎င်းတို့အား မြေငလျင်သည် ဖမ်းဆီးကွပ်မျက်လိုက်၏။ သို့ဖြစ်ရာတွင် ၎င်းတို့သည် မိမိတို့နေအိမ်(ဝါ)မြို့ရွာတွင် မှောက်လျက်သေကြေ ပျက်စီးသွားကြချေသတည်း။
الَّذِينَ كَذَّبُوا شُعَيْبًا كَأَنْ لَمْ يَغْنَوْا فِيهَا ۚ الَّذِينَ كَذَّبُوا شُعَيْبًا كَانُوا هُمُ الْخَاسِرِينَ
နဗီတမန်တော်(ရှုအိုက်ဗ်)အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသော သူတို့သည် ထိုအိမ် (ဝါ)မြို့ရွာတွင် အလျင်း နေထိုင်ခဲ့ကြဖူးသည်မရှိသကဲ့သို့ပင် ပျက်စီးခဲ့ကြကုန်၏။ နဗီတမန်တော် (ရှုအိုက်ဗ်)ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသောသူတို့သည်ပင်လျှင် ဆုံးရှုံးနစ်နာသူများ ဖြစ်ခဲ့ကြသည်တကား။
فَتَوَلَّىٰ عَنْهُمْ وَقَالَ يَا قَوْمِ لَقَدْ أَبْلَغْتُكُمْ رِسَالَاتِ رَبِّي وَنَصَحْتُ لَكُمْ ۖ فَكَيْفَ آسَىٰ عَلَىٰ قَوْمٍ كَافِرِينَ
ထိုအခါ ယင်းနဗီတမန်တော်(ရှုအိုက်ဗ်)သည်၎င်းတို့ထံမှ မျက်နှာလွှဲ၍ ထွက်ခဲ့လေသည်၊ ၎င်းပြင် အိုငါ၏အမျိုးသားတို့ ငါသည် ဧကန်စင်စစ် မိမိ အရှင်မြတ်ကမှာကြားတော်မူလိုက်သော အမိန့်ပညတ်တော်များကို အသင်တို့ထံအရောက် ပို့ဆောင် ခဲ့ချေပြီ။ ၎င်းပြင် ငါသည် အသင်တို့၏ကောင်းကျိုး ကိုလည်း (မုချ) သယ်ပိုးဆောင်ရွက်ခဲ့ပေပြီ။သို့ဖြစ်ပေရာ ငါသည် သွေဖည်ငြင်းပယ်ကြကုန်သော အမျိုးသားတို့ နှင့်ပက်သက်၍ အသို့လျှင် �မ်းနည်း ပူဆွေးရပါမည်နည်း ဟု ပြောကြားခဲ့လေသတည်း။(ရကူ)

Choose other languages: