Quran Apps in many lanuages:

Surah Al-Araf Ayahs #95 Translated in Burmese

فَأَخَذَتْهُمُ الرَّجْفَةُ فَأَصْبَحُوا فِي دَارِهِمْ جَاثِمِينَ
ထို့နောက် ၎င်းတို့အား မြေငလျင်သည် ဖမ်းဆီးကွပ်မျက်လိုက်၏။ သို့ဖြစ်ရာတွင် ၎င်းတို့သည် မိမိတို့နေအိမ်(ဝါ)မြို့ရွာတွင် မှောက်လျက်သေကြေ ပျက်စီးသွားကြချေသတည်း။
الَّذِينَ كَذَّبُوا شُعَيْبًا كَأَنْ لَمْ يَغْنَوْا فِيهَا ۚ الَّذِينَ كَذَّبُوا شُعَيْبًا كَانُوا هُمُ الْخَاسِرِينَ
နဗီတမန်တော်(ရှုအိုက်ဗ်)အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသော သူတို့သည် ထိုအိမ် (ဝါ)မြို့ရွာတွင် အလျင်း နေထိုင်ခဲ့ကြဖူးသည်မရှိသကဲ့သို့ပင် ပျက်စီးခဲ့ကြကုန်၏။ နဗီတမန်တော် (ရှုအိုက်ဗ်)ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသောသူတို့သည်ပင်လျှင် ဆုံးရှုံးနစ်နာသူများ ဖြစ်ခဲ့ကြသည်တကား။
فَتَوَلَّىٰ عَنْهُمْ وَقَالَ يَا قَوْمِ لَقَدْ أَبْلَغْتُكُمْ رِسَالَاتِ رَبِّي وَنَصَحْتُ لَكُمْ ۖ فَكَيْفَ آسَىٰ عَلَىٰ قَوْمٍ كَافِرِينَ
ထိုအခါ ယင်းနဗီတမန်တော်(ရှုအိုက်ဗ်)သည်၎င်းတို့ထံမှ မျက်နှာလွှဲ၍ ထွက်ခဲ့လေသည်၊ ၎င်းပြင် အိုငါ၏အမျိုးသားတို့ ငါသည် ဧကန်စင်စစ် မိမိ အရှင်မြတ်ကမှာကြားတော်မူလိုက်သော အမိန့်ပညတ်တော်များကို အသင်တို့ထံအရောက် ပို့ဆောင် ခဲ့ချေပြီ။ ၎င်းပြင် ငါသည် အသင်တို့၏ကောင်းကျိုး ကိုလည်း (မုချ) သယ်ပိုးဆောင်ရွက်ခဲ့ပေပြီ။သို့ဖြစ်ပေရာ ငါသည် သွေဖည်ငြင်းပယ်ကြကုန်သော အမျိုးသားတို့ နှင့်ပက်သက်၍ အသို့လျှင် �မ်းနည်း ပူဆွေးရပါမည်နည်း ဟု ပြောကြားခဲ့လေသတည်း။(ရကူ)
وَمَا أَرْسَلْنَا فِي قَرْيَةٍ مِنْ نَبِيٍّ إِلَّا أَخَذْنَا أَهْلَهَا بِالْبَأْسَاءِ وَالضَّرَّاءِ لَعَلَّهُمْ يَضَّرَّعُونَ
အမှန်သော်ကား၊ ငါအရှင်မြတ်သည် မည်သည့်မြို့ရွာသို့မဆို နဗီတမန်တော် တစ်ပါးပါးကို စေလွှတ်တော်မူခဲ့ပါလျှင် ထိုမြို့သူရွာသားတို့အား မာန်မာနကျိုး၍ အောက်ကျို့လာကြရန် ဆင်းရဲဒုက္ခဖြင့်လည်းကောင်း၊ ရောဂါဝေဒနာဖြင့်လည်းကောင်း၊ နှိပ်ကွက်တော်မူခဲ့လေသတည်း။
ثُمَّ بَدَّلْنَا مَكَانَ السَّيِّئَةِ الْحَسَنَةَ حَتَّىٰ عَفَوْا وَقَالُوا قَدْ مَسَّ آبَاءَنَا الضَّرَّاءُ وَالسَّرَّاءُ فَأَخَذْنَاهُمْ بَغْتَةً وَهُمْ لَا يَشْعُرُونَ
ထိုနောက် ငါအရှင်မြတ်သည် မကောင်းသောအခြေအနေ၏အစား ကောင်းသော အခြေအနေကို ပြောင်းလဲ၍ ပေးတော်မူခဲ့လေသည်။ နောက်ဆုံးတွင်မူ ထိုသူတို့သည်တိုးတက်ကြီးပွားလာ၍ ဆင်းရဲဒုက္ခ သည်လည်းကောင်း၊ သက်သာချောင်ချိမှုသည်လည်းကောင်း၊ ငါတို့၏ဘိုးဘေးဘီဘင်တို့၌လည်း သက်ရောက်မြဲပင် ဖြစ်ခဲ့သည်ဟူ၍ ပြောဆိုလာကြကုန်၏။နှိပ်ကွပ်တော်မူလေသည်။ ထိုအခါ ငါအရှင်မြတ်သည်၎င်းတို့အား ၎င်းတို့သတိမမူ အမှတ်မဲ့ဖြစ်နေခိုက် ရုတ်တရက်ဖမ်းဆီး ကွပ်မျက်တော်မူခဲ့လေသတည်း။

Choose other languages: