Quran Apps in many lanuages:

Surah Al-Araf Ayahs #62 Translated in Burmese

وَالْبَلَدُ الطَّيِّبُ يَخْرُجُ نَبَاتُهُ بِإِذْنِ رَبِّهِ ۖ وَالَّذِي خَبُثَ لَا يَخْرُجُ إِلَّا نَكِدًا ۚ كَذَٰلِكَ نُصَرِّفُ الْآيَاتِ لِقَوْمٍ يَشْكُرُونَ
အမှန်သော်ကား (မြေဩဇာ)ကောင်းမွန် သန့်စင်သောမြေ၌၊ထိုမြေမှ ၎င်းကိုဖန်ဆင်းတော်မူသောအရှင်မြတ်၏အမိန့်တော်ဖြင့် ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံများသည်(ကောင်းမွန်များပြားစွာ)ပေါက်ရောက်လေ၏။ သို့ရာတွင်(မြေဩဇာ) မကောင်းသောမြေမှာမူကား၊ အလွန်ခဲယဉ်းစွာပေါက်ရောက်လေ၏။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင်သက်သေသာဓကများကို ကျေးဇူးသိတတ်သူတို့အဖို့ နည်းအမျိုးမျိုးဖြင့် ညွှန်ပြမိန့်ကြားတော်မူခဲ့လေသတည်း။(ရကူ)
لَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِ فَقَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ إِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ عَظِيمٍ
စင်စစ်ဧကန် ငါအရှင်မြတ်သည် (နဗီတမ်တော်)နူဟ်ကို၊ ၎င်း၏အမျိုးသားတို့ထံ စေလွှတ်တော်မူခဲ့လေသည်။ထိုအခါ ယင်း(နဗီတမန်တော်) နူဟ်က (မိမိအမျိုးသားတို့အား)အို-ငါ၏ အမျိုးသား အပေါင်း�ို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ အသင်တို့၌အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာ အလျဉ်းမရှိပြီ။ ငါသည် အသင်တို့အပေါ်၌ အလွန် ကြီးကျယ်သောနေ့၏ ပြစ်ဒဏ် (သက်ရောက်မည်) ကို မလွဲဧကန် စိုးရိမ်မိသည်ဟုပြောကြားခဲ့လေသည်။
قَالَ الْمَلَأُ مِنْ قَوْمِهِ إِنَّا لَنَرَاكَ فِي ضَلَالٍ مُبِينٍ
ထို(နဗီတမန်တော်နူဟ်)၏ အမျိုးသားတို့အနက်မှ အကြီးအကဲတို့က ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်(နူဟ်)အား၊ ထင်ရှားလှစွာသော မှောက်မှားမှုတွင် (ကျရောက်နေသည်ကို) တွေ့မြင်နေရပါသည်ဟု ပြောဆိုကြကုန်၏။
قَالَ يَا قَوْمِ لَيْسَ بِي ضَلَالَةٌ وَلَٰكِنِّي رَسُولٌ مِنْ رَبِّ الْعَالَمِينَ
ထိုအခါ ၎င်း(နဗီတမန်တော်နူဟ်)က အိုငါ၏အမျိုးသားအပေါင်းတို့ ငါ၌မှောက်မှားမှုသည် အလျဉ်းမရှိပါ။ အမှန်စင်စစ်သော်ကား ငါသည် စကြဝဠာခပ်သိမ်းကိုဖန်ဆင်းမွေးမြူတော်မူသောအရှင် မြတ်အထံတော်မှ စေလွှတ်တော်မူသောရစူလ်တမန်တော် တစ်ပါးသာဖြစ်ပေသည်ဟု ဖြေကြားခဲ့လေသတည်း။
أُبَلِّغُكُمْ رِسَالَاتِ رَبِّي وَأَنْصَحُ لَكُمْ وَأَعْلَمُ مِنَ اللَّهِ مَا لَا تَعْلَمُونَ
ငါသည် မိမိအရှင်မြတ် မှာကြားလိုက်သောအမိန့်တော်များကို အသင်တို့ထံ ပို့ဆောင်ပါသည်။ ၎င်းပြင်ငါသည် အသင်တို့၏အကျိုးကိုလည်း လိုလားပါသည်။ ထို့ပြင်တဝ ငါသည် အလ္လာဟ်အရှင်မြတ်အထံတော်မှ အသင်တို့ မသိနားမလည်သော အရာများကိုလည်း သိရှိပါသည်။

Choose other languages: