Quran Apps in many lanuages:

Surah Al-Araf Ayahs #168 Translated in Burmese

وَإِذْ قَالَتْ أُمَّةٌ مِنْهُمْ لِمَ تَعِظُونَ قَوْمًا ۙ اللَّهُ مُهْلِكُهُمْ أَوْ مُعَذِّبُهُمْ عَذَابًا شَدِيدًا ۖ قَالُوا مَعْذِرَةً إِلَىٰ رَبِّكُمْ وَلَعَلَّهُمْ يَتَّقُونَ
တဖန် အကြင်အခါဝယ် ၎င်းတို့အနက်မှ လူတစ်စုသည် (၎င်းတို့အား ဆုံးမဩဝါဒပေးသူတို့ကို) အသင်တို့သည် အကြင်အမျိုးသားတို့အား အဘယ်ကြောင့် ဆုံးမဩဝါဒပေးလျက် ရှိကြပါသနည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုအမျိုးသားတို့အား ပျက်စီးစေတော်မူမည်ဖြစ်သည်။ သို့မဟုတ် (ထိုအရှင်မြတ်သည်) ၎င်းတို့အား (အခြားတစ်စုံတစ်ရာ) ပြင်းထန်သောပြစ်ဒဏ်ကို ပေးတော်မူမည်ဖြစ်ချေ သည်ဟု ပြောကြားခဲ့လေသည်။ (ထိုအခါ) ထို (ဆုံးမဩဝါဒစကား ပြောကြားနေသူတို့က (ကျွန်ုပ်တို့သည်) အသင်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် အပြစ် လွတ်ရာလွတ်ကြောင်း ဖြစ်စေခြင်းငှာလည်းကောင်း၊ ထို(ဆုံးမဩဝါဒစကားပြောခြင်းခံကြရသော)သူတို့သည် အပြစ်မှ ကြဉ်ရှောင်ကြမည်ကို မျှော်လင့်၍လည်းကောင်း၊ (ဆုံးမဩဝါဒ ပေးခြင်းပင်ဖြစ်သည်) ဟူ၍ ဖြေကြားကြလေသတည်း။
فَلَمَّا نَسُوا مَا ذُكِّرُوا بِهِ أَنْجَيْنَا الَّذِينَ يَنْهَوْنَ عَنِ السُّوءِ وَأَخَذْنَا الَّذِينَ ظَلَمُوا بِعَذَابٍ بَئِيسٍ بِمَا كَانُوا يَفْسُقُونَ
တဖန် ထိုသူတို့သည် မိမိတို့သတိပေးခြင်း ခံကြရသောအမှုကိစ္စကို မေ့လျက်ပင်ရှိကြလေသောအခါ ငါအရှင်မြတ်သည် မကောင်းမှုတို့မှ မြစ်တားလျက်ရှိကြသူတို့အား ကယ်ဆယ်တော်မူ၍ မတရားကျူးလွန်သောသူတို့ကိုမူ ၎င်းတို့သည်သွေဖည်လျက် ရှိခဲ့ကြသောကြောင့် ပြင်းထန်သော ပြစ်ဒဏ်ဖြင့်ဖမ်းဆီးတော်မူခဲ့လေသတည်း။
فَلَمَّا عَتَوْا عَنْ مَا نُهُوا عَنْهُ قُلْنَا لَهُمْ كُونُوا قِرَدَةً خَاسِئِينَ
သို့ဖြစ်ပေရာ ထိုသူတို့သည် မိမိတို့ မြစ်တားခြင်းခံခဲ့ကြရသော အမှုကိစ္စနှင့်စပ်လျဉ်း၍ စည်းကမ်းကို ကျူးလွန်ခဲ့ကြသောအခါ ငါအရှင်မြတ်သည် ၎င်းတို့အား အသင်တို့သည် ယုတ်ညံ့သိမ်ဖျင်းသောမျောက်တိရစ္ဆာန်များဖြစ်ကြလော့ဟူ၍ မိန့်ကြား တော်မူခဲ့လေသတည်း။
وَإِذْ تَأَذَّنَ رَبُّكَ لَيَبْعَثَنَّ عَلَيْهِمْ إِلَىٰ يَوْمِ الْقِيَامَةِ مَنْ يَسُومُهُمْ سُوءَ الْعَذَابِ ۗ إِنَّ رَبَّكَ لَسَرِيعُ الْعِقَابِ ۖ وَإِنَّهُ لَغَفُورٌ رَحِيمٌ
၎င်းပြင် (အို-နဗီတမန်တော်၊ အသင်သည် ပြန်လည်သတိရပါလေ)။ အခါတစ်ပါး၌ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်(ဤသို့)ကြေငြာတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်၌ အကြင်ကဲ့သို့သောသူများကို ကိယာမတ် နေ့တိုင်အောင် မလွဲဧကန် လွှမ်းမိုးစေတော်မူအံ့။ ထိုသူများသည် ပြင်းထန်လှသောပြစ်ဒဏ်ကို၎င်းတို့၌ သက်ရောက်ကြစေအံ့။ ဧကန်မလွဲ အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် အလွန် လျင်မြန်စွာအပြစ်ပေးတော်မူသောအသျှင်ဖြစ်တော် မူပေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် မုချစင်စစ် အလွန်ချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်သနားကြင်နာညှာတာတော်မူသောအရှင်မြတ် ဖြစ်တော်မူသတည်း။
وَقَطَّعْنَاهُمْ فِي الْأَرْضِ أُمَمًا ۖ مِنْهُمُ الصَّالِحُونَ وَمِنْهُمْ دُونَ ذَٰلِكَ ۖ وَبَلَوْنَاهُمْ بِالْحَسَنَاتِ وَالسَّيِّئَاتِ لَعَلَّهُمْ يَرْجِعُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အားကမ္ဘာမြေဝယ် အုပ်စု(အမျိုးမျိုး) ကွဲပြားစေတော်မူခဲ့ လေသည်။၎င်းတို့အနက်အချို့သည် သူတော်ကောင်းများ ဖြစ်ကြသည်။ထို့ပြင် ၎င်းတို့တွင် ထို(သူတော်စင်များ)မှ တစ်ပါးသောသူများလည်းရှိခဲ့ကြ၏။ ၎င်းပြင် ငါအရှင်မြတ်သည် သုခချမ်းသာများ(ကိုချီးမြှင့်ပေးသ နားတော်မူခြင်းအား) ဖြင့်လည်းကောင်း၊ဆင်းရဲဒုက္ခများ (သက်ရောက်စေခြင်းအား)ဖြင့်လည်းကောင်း၊စမ်းသပ်တော်မူခဲ့လေသည်။ သို့မှသာလျှင် ၎င်းတို့သည် (မိမိတို့၏သွေဖည်မှုများမှ) ပြန်လှည့်လာကြတန်ရာသည်။

Choose other languages: