Quran Apps in many lanuages:

Surah Al-Araf Ayahs #141 Translated in Burmese

وَأَوْرَثْنَا الْقَوْمَ الَّذِينَ كَانُوا يُسْتَضْعَفُونَ مَشَارِقَ الْأَرْضِ وَمَغَارِبَهَا الَّتِي بَارَكْنَا فِيهَا ۖ وَتَمَّتْ كَلِمَتُ رَبِّكَ الْحُسْنَىٰ عَلَىٰ بَنِي إِسْرَائِيلَ بِمَا صَبَرُوا ۖ وَدَمَّرْنَا مَا كَانَ يَصْنَعُ فِرْعَوْنُ وَقَوْمُهُ وَمَا كَانُوا يَعْرِشُونَ
၎င်းနောက် ငါအရှင်မြတ်သည် အားအင်ချည့်နဲ့သည်ဟု ထင်မြင်ယူဆခြင်းခံခဲ့ကြရသော (အစ္စရာအီလီ) အမျိုးသားတို့အား အကြင်နယ်မြေဒေသ၏ အရှေ့ပိုင်းဒေသများ ကိုလည်းကောင်း၊ အနောက်ပိုင်း ဒေသများကိုလည်းကောင်း၊ စိုးပိုင်စေတော်မူခဲ့လေသည်။ ထိုနယ်မြေဒေသများတွင်ငါအရှင်မြတ်သည် မင်္ဂလာနှင့် ပြည့်စုံစေတော်မူခဲ့၏။ ၎င်းပြင်အစ္စရာအီလီအမျိုးသားတို့နှင့်ပတ်သက်၍ အသင့်အား မွေးမြူတော်မူသောအရှင်၏ အလွန် မွန်မြတ်လှသောကတိတော်သည်လည်း ၎င်းတို့သည်းခံခဲ့ကြသည့်အတွက်ကြောင့် ပြီးမြောက်အတည် ဖြစ်သွားချေပြီ။ ၎င်းပြင် ငါအရှင်မြတ်သည် ဖစ်ရ်အောင်န်နှင့် ၎င်း၏အမျိုးသားများ ပြုလုပ်ထားခဲ့ကြသောအရာများကိုလည်းကောင်း၊ မြင့်မားစွာ တည်ဆောက် ထားခဲ့ကြသောအဆောက်အအုံများကိုလည်းကောင်း၊ လုံးဝဖျက်ဆီးတော်မူခဲ့လေသည်။
وَجَاوَزْنَا بِبَنِي إِسْرَائِيلَ الْبَحْرَ فَأَتَوْا عَلَىٰ قَوْمٍ يَعْكُفُونَ عَلَىٰ أَصْنَامٍ لَهُمْ ۚ قَالُوا يَا مُوسَى اجْعَلْ لَنَا إِلَٰهًا كَمَا لَهُمْ آلِهَةٌ ۚ قَالَ إِنَّكُمْ قَوْمٌ تَجْهَلُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် အစ္စရာအီလီအမျိုးသားတို့အား သမုဒ္ဒရာပင်လယ်ကို ကူးကျော်ဖြတ်သန်း၍တစ်ဖက်ကမ်းသို့ ရောက်စေတော်မူခဲ့လေသည်။ ထို့နောက်၎င်းတို့သည် အကြင်လူမျိုးတို့ထံ ရောက်ရှိလာကြကုန်သည်။ထိုလူမျိုးတို့သည် မိမိတို့၏ရုပ်ပွားဆင်းတုများကို စွဲလမ်းလျက်ရှိကြ လေသည်။ မိမိတို့၏ရုပ်ပွားဆင်းတုများထံ ချဉ်းကပ်(ကိုးကွယ်)လျက် ရှိကြလေသည်။ (ထိုအခါ) ၎င်း (အစ္စရာအီလီအမျိုးသား) တို့က အို-(နဗီတမန်တော်)မူစာ၊ အသင်သည်ကျွန်ုပ်တို့အဖို့လည်း ၎င်းတို့၌ရှိကုန်သော ကိုးကွယ်ရာများကဲ့သို့ကိုးကွယ်ရာတစ်ဆူကိုပြုလုပ်၍ ပေးပါလော့ဟု ပြောဆိုကြလေသည်။ (ထိုအခါနဗီတမန်တော်)မူစာက(၎င်းတို့အား) အချင်းတို့၊ အသင်တို့သည် ဧကန်စင်စစ် (အလွန်တရာမျှ) အသိတရား ကင်းမဲ့ကြကုန်သော သူမိုက်များပင် ဖြစ်ကြကုန်သည်ဟုပြောဆိုခဲ့လေ၏။
إِنَّ هَٰؤُلَاءِ مُتَبَّرٌ مَا هُمْ فِيهِ وَبَاطِلٌ مَا كَانُوا يَعْمَلُونَ
ဧကန်မလွဲ ၎င်းတို့ လုံးပန်းလျက်ရှိကြသောအမှုကိစ္စများသည် ဖျက်ဆီးခြင်းခံရပေမည်။ ထို့ပြင် ၎င်းတို့ပြုလျက်ရှိကြသော အမှုကိစ္စများသည်(လုံးဝ) အချည်းနှီး (အခြေအမြစ်မရှိသော) ကိစ္စများသာ ဖြစ်ကုန်၏။
قَالَ أَغَيْرَ اللَّهِ أَبْغِيكُمْ إِلَٰهًا وَهُوَ فَضَّلَكُمْ عَلَى الْعَالَمِينَ
(နဗီတမန်တော်)မူစာက (ဆက်လက်၍)ပြောကြားခဲ့သည်မှာ အချင်းတို့ ငါသည် အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာတစ်ပါးကို ရှာဖွေ၍ပေးရပါမည်လော၊ အမှန်စင်စစ်သော်ကား ထို(အလ္လာဟ်)အရှင်မြတ်သည် (အချို့ သောကျေးဇူးတော်များတွင်) အသင်တို့အားစကြဝဠာ ခပ်သိမ်းတို့ထက် ထွတ်မြတ်စေတော်မူခဲ့ပြီး ဖြစ်ချေသည် ဟု ပြောကြားခဲ့လေသည်။
وَإِذْ أَنْجَيْنَاكُمْ مِنْ آلِ فِرْعَوْنَ يَسُومُونَكُمْ سُوءَ الْعَذَابِ ۖ يُقَتِّلُونَ أَبْنَاءَكُمْ وَيَسْتَحْيُونَ نِسَاءَكُمْ ۚ وَفِي ذَٰلِكُمْ بَلَاءٌ مِنْ رَبِّكُمْ عَظِيمٌ
ထိုမှတစ်ပါး(အသင် တို့သည် ပြန်လည်၍ သတိရကြလေကုန်)၊ အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင်တို့အား ဖစ်ရ်အောင်န်၏အမျိုးသားတို့ (၏ ဘေးအန္တရာယ်များ)မှလွတ်မြောက်စေတော် မူခဲ့လေသည်။ ၎င်းတို့သည် အသင်တို့အပေါ်၌ အလွန်ဆိုးရွားလှသော ဘေးဒုက္ခများကို သက်ရောက်စေကြလေသည်။ ၎င်းတို့သည် အသင်တို့၏သား ယောက်ျားကလေးများကို(ရက်စက်ကြမ်းကြုတ်စွာ) သတ်ဖြတ်ကြလေသည်။ သို့ရာတွင် အသင်တို့၏အမျိုးသမီးများကို မူကား (၎င်းတို့၏ကျွန်မများအဖြစ် ခိုင်းစေနိုင်ရန် သတ်ဖြတ်ခြင်းမပြုပဲ)အသက်ချမ်းသာ ပေးကြလေသည်။ စင်စစ်သော်ကား ဤသည်အသင်တို့အဖို့အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ ကြီးကျယ်လှစွာသောစမ်းသပ်မှု တစ်ရပ်ပင် ရှိချေသတည်း။(ရကူ)

Choose other languages: