Quran Apps in many lanuages:

Surah Al-Araf Ayahs #120 Translated in Burmese

قَالَ أَلْقُوا ۖ فَلَمَّا أَلْقَوْا سَحَرُوا أَعْيُنَ النَّاسِ وَاسْتَرْهَبُوهُمْ وَجَاءُوا بِسِحْرٍ عَظِيمٍ
ထို(တမန်တော်မူစာ)က၊ အသင်တို့သည် ပင်လျှင် ပစ်ချလေကုန်ဟု ပြောကြားလေ၏။ ထို့နောက် ၎င်း(ပဉ္စလက်ဆရာ)တို့သည် (မိမိတို့ လှင်ကန်များနှင့် ကြိုးများကို)ပစ်ချကြ ၍ လူတို့၏မျက်စိများကို လှည့်စားကြလေသည်။ ၎င်းပြင် ထိုသူတို့အား ကြောက်လန့်စေခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်းတို့သည် ကြီးကျယ်သော စုန်းပယောဂကိုဆောင်ယူခဲ့ ကြလေသတည်း။
وَأَوْحَيْنَا إِلَىٰ مُوسَىٰ أَنْ أَلْقِ عَصَاكَ ۖ فَإِذَا هِيَ تَلْقَفُ مَا يَأْفِكُونَ
ထိုအခါ ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာထံ အသင်သည် မိမိလှင်ကန်တောင်ဝှေးကို ပစ်ချလော့ဟူ၍ အမိန့်တော် ထုတ်ပြန်တော်မူခဲ့လေသည်။ သို့ဖြစ်ရာ[နဗီတမန်တော်(မူစာ)သည် မိမိလှင်ကန်တောင်ဝှေးကို ပစ်ချလေရာ] ထိုလှင်ကန် တောင်ဝှေးသည် ရုတ်တရက် (ေ>မနဂါးကြီးဖြစ်လာပြီး) ထိုမျက်လှည့်ဆရာများ လှည့်စားကြသည့် အရာများကို မျိုလေတော့သည်။
فَوَقَعَ الْحَقُّ وَبَطَلَ مَا كَانُوا يَعْمَلُونَ
သို့ဖြစ်ပေရာ အမှန်သည်ထင်ရှားခဲ့ပြီ၊ ၎င်းပြင်ထို(ပဉ္စလက်ဆရာ)တို့ ပြုလုပ်ထားသော အမှုကိစ္စတို့ သည်အချည်းနှီး ပျက်စီး�ွားချေပြီ။
فَغُلِبُوا هُنَالِكَ وَانْقَلَبُوا صَاغِرِينَ
သို့ဖြစ်၍ လည်းကောင်း(ဖစ်ရ်အောင်နှင့်ယင်း၏မှူးမတ်)တို့သည် ထိုနေရာ၌ပင် အရေးရှုံးနိမ့်ခဲ့သည့်ပြင်ကျိုးယုတ်ရှက်ရလည်း ဖြစ်ခဲ့ကြရလေသည်။
وَأُلْقِيَ السَّحَرَةُ سَاجِدِينَ
ထို့ပြင် ပဉ္စလက်ဆရာတို့သည် ဦးချ မှောက်လဲသွားခဲ့ကြလေသည်။

Choose other languages: