Quran Apps in many lanuages:

Surah Al-Araf Ayahs #122 Translated in Burmese

فَوَقَعَ الْحَقُّ وَبَطَلَ مَا كَانُوا يَعْمَلُونَ
သို့ဖြစ်ပေရာ အမှန်သည်ထင်ရှားခဲ့ပြီ၊ ၎င်းပြင်ထို(ပဉ္စလက်ဆရာ)တို့ ပြုလုပ်ထားသော အမှုကိစ္စတို့ သည်အချည်းနှီး ပျက်စီး�ွားချေပြီ။
فَغُلِبُوا هُنَالِكَ وَانْقَلَبُوا صَاغِرِينَ
သို့ဖြစ်၍ လည်းကောင်း(ဖစ်ရ်အောင်နှင့်ယင်း၏မှူးမတ်)တို့သည် ထိုနေရာ၌ပင် အရေးရှုံးနိမ့်ခဲ့သည့်ပြင်ကျိုးယုတ်ရှက်ရလည်း ဖြစ်ခဲ့ကြရလေသည်။
وَأُلْقِيَ السَّحَرَةُ سَاجِدِينَ
ထို့ပြင် ပဉ္စလက်ဆရာတို့သည် ဦးချ မှောက်လဲသွားခဲ့ကြလေသည်။
قَالُوا آمَنَّا بِرَبِّ الْعَالَمِينَ
၎င်းတို့က ကျွန်ုပ်တို့သည် စကြာဝဋ္ဌာ ခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား ယုံကြည်ကြပါပြီ ဟု ပြောဆိုကြလေသည်။
رَبِّ مُوسَىٰ وَهَارُونَ
(နဗီတမန်တော်မူစာ)နှင့် (နဗီတမန်တော်)(ဟာရူန်) တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(အားယုံကြည် ကြလေပြီ)။တစ်နည်း။(ထိုအရှင်မြတ်သည်) တမန်တော်(မူစာ)နှင့်တမန်တော်(ဟာရူန်)တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်လည်း (ဖြစ်တော်မူသည်)။

Choose other languages: