Quran Apps in many lanuages:

Surah Al-Araf Ayahs #121 Translated in Burmese

وَأَوْحَيْنَا إِلَىٰ مُوسَىٰ أَنْ أَلْقِ عَصَاكَ ۖ فَإِذَا هِيَ تَلْقَفُ مَا يَأْفِكُونَ
ထိုအခါ ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာထံ အသင်သည် မိမိလှင်ကန်တောင်ဝှေးကို ပစ်ချလော့ဟူ၍ အမိန့်တော် ထုတ်ပြန်တော်မူခဲ့လေသည်။ သို့ဖြစ်ရာ[နဗီတမန်တော်(မူစာ)သည် မိမိလှင်ကန်တောင်ဝှေးကို ပစ်ချလေရာ] ထိုလှင်ကန် တောင်ဝှေးသည် ရုတ်တရက် (ေ>မနဂါးကြီးဖြစ်လာပြီး) ထိုမျက်လှည့်ဆရာများ လှည့်စားကြသည့် အရာများကို မျိုလေတော့သည်။
فَوَقَعَ الْحَقُّ وَبَطَلَ مَا كَانُوا يَعْمَلُونَ
သို့ဖြစ်ပေရာ အမှန်သည်ထင်ရှားခဲ့ပြီ၊ ၎င်းပြင်ထို(ပဉ္စလက်ဆရာ)တို့ ပြုလုပ်ထားသော အမှုကိစ္စတို့ သည်အချည်းနှီး ပျက်စီး�ွားချေပြီ။
فَغُلِبُوا هُنَالِكَ وَانْقَلَبُوا صَاغِرِينَ
သို့ဖြစ်၍ လည်းကောင်း(ဖစ်ရ်အောင်နှင့်ယင်း၏မှူးမတ်)တို့သည် ထိုနေရာ၌ပင် အရေးရှုံးနိမ့်ခဲ့သည့်ပြင်ကျိုးယုတ်ရှက်ရလည်း ဖြစ်ခဲ့ကြရလေသည်။
وَأُلْقِيَ السَّحَرَةُ سَاجِدِينَ
ထို့ပြင် ပဉ္စလက်ဆရာတို့သည် ဦးချ မှောက်လဲသွားခဲ့ကြလေသည်။
قَالُوا آمَنَّا بِرَبِّ الْعَالَمِينَ
၎င်းတို့က ကျွန်ုပ်တို့သည် စကြာဝဋ္ဌာ ခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား ယုံကြည်ကြပါပြီ ဟု ပြောဆိုကြလေသည်။

Choose other languages: