Quran Apps in many lanuages:

Surah Al-Araf Ayahs #124 Translated in Burmese

وَأُلْقِيَ السَّحَرَةُ سَاجِدِينَ
ထို့ပြင် ပဉ္စလက်ဆရာတို့သည် ဦးချ မှောက်လဲသွားခဲ့ကြလေသည်။
قَالُوا آمَنَّا بِرَبِّ الْعَالَمِينَ
၎င်းတို့က ကျွန်ုပ်တို့သည် စကြာဝဋ္ဌာ ခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား ယုံကြည်ကြပါပြီ ဟု ပြောဆိုကြလေသည်။
رَبِّ مُوسَىٰ وَهَارُونَ
(နဗီတမန်တော်မူစာ)နှင့် (နဗီတမန်တော်)(ဟာရူန်) တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(အားယုံကြည် ကြလေပြီ)။တစ်နည်း။(ထိုအရှင်မြတ်သည်) တမန်တော်(မူစာ)နှင့်တမန်တော်(ဟာရူန်)တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်လည်း (ဖြစ်တော်မူသည်)။
قَالَ فِرْعَوْنُ آمَنْتُمْ بِهِ قَبْلَ أَنْ آذَنَ لَكُمْ ۖ إِنَّ هَٰذَا لَمَكْرٌ مَكَرْتُمُوهُ فِي الْمَدِينَةِ لِتُخْرِجُوا مِنْهَا أَهْلَهَا ۖ فَسَوْفَ تَعْلَمُونَ
ထိုအခါ ဖစ်ရ်အောင်န်က ငါသည် အသင်တို့အားခွင့်မပြုမီပင် အသင်တို့သည် [ထို(မူစာနှင့်ဟာရူန် တို့၏)အရှင်အား] [(တနည်း)(မူစာ)အား] သက်ဝင် ယုံကြည်ခဲ့ကြချေပြီလော။ ဤသည်ကား ဧကန်စင်စစ် ပရိယာယ် မာယာကာရတစ်ရပ်ပင် ဖြစ်ချေသည်။ အသင်တို့သည် ယင်းပရိယာယ်မာယာကာရကို မြို့ထဲ၌ ထိုမြို့တွင် နေထိုင်ကြသောသူတို့အား မြို့တွင်းမှ ထုတ်ပစ်ကြရန် (မူစာနှင့်လျှို့ဝှက်စွာပူးပေါင်း၍) ကြံစည်ခဲ့ကြကုန်သည်။ သို့ဖြစ်ပေရာ မကြာမြင့်မီပင် အသင်တို့သည် (အကြောင်း) သိရှိကြ(ရပေလိမ့်) မည်ဟုပြောဆို ကြိမ်းဝါးခဲ့လေသတည်း။
لَأُقَطِّعَنَّ أَيْدِيَكُمْ وَأَرْجُلَكُمْ مِنْ خِلَافٍ ثُمَّ لَأُصَلِّبَنَّكُمْ أَجْمَعِينَ
ငါသည် မုချမလွဲ အသင်တို့၏လက်များကိုလည်းကောင်း၊ အသင်တို့၏ခြေများကိုလည်းကောင်း၊ (ဝဲယာ)လွှဲ၍ ဖြတ်တောက်မည်။ ထို့နောက် ငါသည် မုချဧကန်အသင်တို့ အားလုံးကို လက်ဝါးကပ်တိုင်တင်မည်။

Choose other languages: