Quran Apps in many lanuages:

Surah Al-Araf Ayahs #114 Translated in Burmese

يُرِيدُ أَنْ يُخْرِجَكُمْ مِنْ أَرْضِكُمْ ۖ فَمَاذَا تَأْمُرُونَ
၎င်းသည် (မိမိ ပဉ္စလက်ပညာ၏အစွမ်းဖြင့်)အသင်တို့အား အသင်တို့၏နယ်မြေ(ဝါ)တိုင်းပြည်မှ ထုတ်ပစ်ရန် ကြံရွယ်လျက်ရှိနေလေသည်။ သို့ဖြစ်ပေရာ အသင်တို့သည်(ဤကိစ္စနှင့်စပ်လျဉ်း၍)မည်သို့ အကြံပေးလိုကြသနည်း။
قَالُوا أَرْجِهْ وَأَخَاهُ وَأَرْسِلْ فِي الْمَدَائِنِ حَاشِرِينَ
ထိုအခါ ယင်း(ဖစ်ရ်အောင်န်၏မှူးမတ်)တို့က(ဖစ်ရ်အောင်န်အား ဤသို့)လျှောက်ထားအကြံဉာဏ် ပေးကြလေသည်။ ၎င်းနဗီတမန်တော်(မူစာ)နှင့် ၎င်း၏နောင်တော်နဗီတမန်တော်ဟာရူန်)အား ဆိုင်းခွင့်ပေးပါ။ ဆိုင်းငံ့၍ထားပါ။ထို့ပြင် အမြို့မြို့အရွာရွာသို့ မင်းစေများကို စေလွှတ်ပါ။
يَأْتُوكَ بِكُلِّ سَاحِرٍ عَلِيمٍ
ထိုမင်းစေသည် ဘုရင်းမင်းမြတ်၏ထံသို့ (တစ်ဖက်ကမ်းခတ်) ကျွမ်းကျင် တတ်မြောက်သောပဉ္စလက် ဆရာအပေါင်းတို့ကို (ရှာဖွေ) ခေါ်ဆောင်လာကြပေမည်။
وَجَاءَ السَّحَرَةُ فِرْعَوْنَ قَالُوا إِنَّ لَنَا لَأَجْرًا إِنْ كُنَّا نَحْنُ الْغَالِبِينَ
ထို့နောက် ပဉ္စလက်ဆရာတို့သည် ဖင်ရ်အောင်န်ထံသို့ ရောက်ရှိလာခဲ့ကြလေသည်။ ထိုပဉ္စလက် ဆရာတို့ကအကယ်၍ ကျွန်တော်မျိုးတို့သည် အောင်နိုင်ခဲ့ကြပါလျှင် (ကြီးကျယ်သော) ဆုလာဘ် တစ်ခုခုကို မုချရရှိကြပါလိမ့်မည်(လော)ဟုပြောဆို ကြလေသည်။
قَالَ نَعَمْ وَإِنَّكُمْ لَمِنَ الْمُقَرَّبِينَ
ထိုအခါ ယင်း(ဖစ်ရ်အောင်န်)က (ပြန်၍) ပြောဆို သည်မှာ ဟုတ်ပေသည်၊ (အသင်တို့သည် ဆုလာဘ်များကိုမုချရရှိမည်)။ ၎င်းပြင် ထိုသို့ဖြစ်ခဲ့လျှင် အသင်တို့သည် (ငါနှင့်အတူ) လက်ပွန်း တတီးနေထိုင် (ချစ်ကျွမ်း)သူတို့တွင်လည်းမုချ အပါအဝင် ဖြစ်ကြလတ္တံ ဟု ပြောဆိုလေ၏။(တစ်နည်း)(ထိုအခါ) ယင်း(ဖစ်ရ်အောင်န်)ကကောင်း၏(အသင်တို့ တောင်းဆိုကြသည့်အတိုင်း ဆုလာဘ်တော် ကိုလည်းငါပေးမည်။) ထို့ပြင်တဝ အသင်တို့သည် အပါးတော်၌ရာထူးဌာနန္တရဖြင့် မြှောက်စားခြင်း ခံရသူများ၊ လူယုံတော်များလည်း မုချဖြစ်ကြပေမည်ဟု ပြောဆိုလေ၏။

Choose other languages: