Quran Apps in many lanuages:

Surah Al-Anfal Ayahs #23 Translated in Burmese

إِنْ تَسْتَفْتِحُوا فَقَدْ جَاءَكُمُ الْفَتْحُ ۖ وَإِنْ تَنْتَهُوا فَهُوَ خَيْرٌ لَكُمْ ۖ وَإِنْ تَعُودُوا نَعُدْ وَلَنْ تُغْنِيَ عَنْكُمْ فِئَتُكُمْ شَيْئًا وَلَوْ كَثُرَتْ وَأَنَّ اللَّهَ مَعَ الْمُؤْمِنِينَ
(အို-မက္ကာမြို့သား ကာဖိရ်အပေါင်းတို့) အသင်တို့သည် အကယ်၍ စီရင်ဆုံးဖြတ်ချက်ကိုရလိုပါမူ စီရင်ဆုံးဖြတ်ချက်သည် အသင်တို့ရှေ့ဝယ် အမှန်ပင် အသင့်ရောက်ရှိနေချေ�ြီ။ သို့ရာတွင် အသင်တို့သည် အကယ်၍(ယခုကပင်)ရပ်စဲကြပါလျှင် ထိုရပ်စဲခြင်းသည် အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်သည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် ထပ်မံ၍ ပြုလုပ်ကြပါမူ ငါအင်မြတ်သည်လည်း ထပ်မံ၍ ပြုလုပ်တော်မူအံ့။ ထိုအခါ အသင်တို့၏အုပ်စုသည် မည်မျှပင်များပြားသော်လည်း အသင်တို့အဖို့ အနည်းငယ်မျှပင် အသုံးဝင်လိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲမုအ်မင်န် သက်ဝင်ယုံကြည်သူတို့နှင့်အတူ ရှိတော်မူသည်(ကိုလည်း ကောင်းစွာ သတိပြုကြလေကုန်)။(ရကူ)
يَا أَيُّهَا الَّذِينَ آمَنُوا أَطِيعُوا اللَّهَ وَرَسُولَهُ وَلَا تَوَلَّوْا عَنْهُ وَأَنْتُمْ تَسْمَعُونَ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့် တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်၏အမိန့်တော်များကိုလည်းကောင်း၊ လိုက်နာကြလေကုန်။ ၎င်းပြင်အသင်တို့သည် ကြားသိလျက်နှင့် ထိုအမိန့်တော်(များ)မှ လွှဲဖယ်မသွားကြကုန်လင့်။
وَلَا تَكُونُوا كَالَّذِينَ قَالُوا سَمِعْنَا وَهُمْ لَا يَسْمَعُونَ
ထို့ပြင် အသင်တို့သည် အကြင်သူများကဲ့သို့မဖြစ်ကြကုန်လင့်။ ထိုသူများသည် ကျွန်တော်မျိုးတို့ ကြားကြပါပြီ ဟု ပြောဆိုခဲ့ကြလေသည်။ စင်စစ်မူကား ၎င်းတို့သည်(တစ်စုံတစ်ရာကိုမျှ) ကြားကြသည်မဟုတ်ပေ။
إِنَّ شَرَّ الدَّوَابِّ عِنْدَ اللَّهِ الصُّمُّ الْبُكْمُ الَّذِينَ لَا يَعْقِلُونَ
း22| ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အထံတော်တွင် အဆိုးဆုံးသတ္တဝါသည် အကြင် ဆွံ့အ၊ နားပင်း သောသတ္တဝါများပင် ဖြစ်ကြကုန်၏။ ထိုသတ္တဝါတို့သည်ကား (မည်သည့်တစ်စုံတစ်ရာကိုမျှ) မသိနားမလည် ကြချေ။
وَلَوْ عَلِمَ اللَّهُ فِيهِمْ خَيْرًا لَأَسْمَعَهُمْ ۖ وَلَوْ أَسْمَعَهُمْ لَتَوَلَّوْا وَهُمْ مُعْرِضُونَ
အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့တွင် တစ်စုံတစ်ရာ ကောင်းမွန်သော အချက်ကို အကယ်၍သာ သိမြင်တော်မူခဲ့ပါမူ ၎င်းတို့အား မုချ ကြားနာစေတော်မူခဲ့အံ့။ သို့ရာတွင် (ယခုသော်ကား)၎င်းတို့အား အကယ်၍ ကြားနာစေတော်မူသည့်တိုင်အောင် မလွဲဧကန် ၎င်းတို့သည် ဂရုမစိုက်ဘဲ လွှဲဖယ်တိမ်းရှောင်သွားကြမည်သာတည်း။

Choose other languages: