Quran Apps in many lanuages:

Surah Al-Anfal Ayahs #25 Translated in Burmese

وَلَا تَكُونُوا كَالَّذِينَ قَالُوا سَمِعْنَا وَهُمْ لَا يَسْمَعُونَ
ထို့ပြင် အသင်တို့သည် အကြင်သူများကဲ့သို့မဖြစ်ကြကုန်လင့်။ ထိုသူများသည် ကျွန်တော်မျိုးတို့ ကြားကြပါပြီ ဟု ပြောဆိုခဲ့ကြလေသည်။ စင်စစ်မူကား ၎င်းတို့သည်(တစ်စုံတစ်ရာကိုမျှ) ကြားကြသည်မဟုတ်ပေ။
إِنَّ شَرَّ الدَّوَابِّ عِنْدَ اللَّهِ الصُّمُّ الْبُكْمُ الَّذِينَ لَا يَعْقِلُونَ
း22| ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အထံတော်တွင် အဆိုးဆုံးသတ္တဝါသည် အကြင် ဆွံ့အ၊ နားပင်း သောသတ္တဝါများပင် ဖြစ်ကြကုန်၏။ ထိုသတ္တဝါတို့သည်ကား (မည်သည့်တစ်စုံတစ်ရာကိုမျှ) မသိနားမလည် ကြချေ။
وَلَوْ عَلِمَ اللَّهُ فِيهِمْ خَيْرًا لَأَسْمَعَهُمْ ۖ وَلَوْ أَسْمَعَهُمْ لَتَوَلَّوْا وَهُمْ مُعْرِضُونَ
အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့တွင် တစ်စုံတစ်ရာ ကောင်းမွန်သော အချက်ကို အကယ်၍သာ သိမြင်တော်မူခဲ့ပါမူ ၎င်းတို့အား မုချ ကြားနာစေတော်မူခဲ့အံ့။ သို့ရာတွင် (ယခုသော်ကား)၎င်းတို့အား အကယ်၍ ကြားနာစေတော်မူသည့်တိုင်အောင် မလွဲဧကန် ၎င်းတို့သည် ဂရုမစိုက်ဘဲ လွှဲဖယ်တိမ်းရှောင်သွားကြမည်သာတည်း။
يَا أَيُّهَا الَّذِينَ آمَنُوا اسْتَجِيبُوا لِلَّهِ وَلِلرَّسُولِ إِذَا دَعَاكُمْ لِمَا يُحْيِيكُمْ ۖ وَاعْلَمُوا أَنَّ اللَّهَ يَحُولُ بَيْنَ الْمَرْءِ وَقَلْبِهِ وَأَنَّهُ إِلَيْهِ تُحْشَرُونَ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်၏ အမိန့်တော်များကို ထိုရစူလ်တမန် တော်သည် အသင်တို့ကိုအသင်တို့ အသက်ရှင်စေနိုင်သော အကြောင်းများသို့ ဖိတ်ခေါ်သောအခါ လိုက်နာကြလေကုန်။ ထိုမှတစ်ပါး ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် လူနှင့်လူ၏စိတ်နှလုံးအကြားတွင်အကာအဆီး ဖြစ်တော်မူသည်ကိုလည်းကောင်း၊ ထို့ပြင် အသင်တို့သည် ဧကန်မလွဲ ထိုအရှင်မြတ်၏ အထံတော်၌ပင် စုံရုံးကြရမည်ကိုလည်းကောင်း၊ အသင်တို့သည် ကောင်းစွာ သိထားကြလေကုန်။
وَاتَّقُوا فِتْنَةً لَا تُصِيبَنَّ الَّذِينَ ظَلَمُوا مِنْكُمْ خَاصَّةً ۖ وَاعْلَمُوا أَنَّ اللَّهَ شَدِيدُ الْعِقَابِ
၎င်းပြင် အသင်တို့သည် အကြင် ပြစ်ဒဏ်မှကြဉ်ရှောင်ကြလေကုန်။ ထိုပြစ်ဒဏ်သည် အသင်တို့ အနက်မှမတရားကျူးလွန်သူတို့ အပေါ်၌သာလျှင် သီးသန့်၍ အလျင်းသက်ရောက်လိမ့်မည် မဟုတ်ပေ။ ထိုမှတစ်ပါး ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှုဒုစရိုက်ကျူးလွန်သူတို့အား) ပြင်းထန်စွာ ပြစ်ဒဏ် စီရင်တော်မူသောအရှင် ဖြစ်တော်မူသည်ကိုလည်း (ကောင်းစွာ) သိထားကြလေကုန်။ တဖန် အသင်တို့သည် ပြန်လည်၍ သတိရကြလေကုန်။

Choose other languages: