Quran Apps in many lanuages:

Surah Al-Anbiya Ayahs #63 Translated in Burmese

قَالُوا مَنْ فَعَلَ هَٰذَا بِآلِهَتِنَا إِنَّهُ لَمِنَ الظَّالِمِينَ
ယင်းအမျိုးသားတို့က ကျွန်ုပ်တို့၏ကိုးကွယ်ရာများကို မည်သူသည် ဤသို့ပြုလုပ်ခဲ့ပါဘိသနည်း။ ဧကန်မလွဲ ထိုသူသည် ကျူးကျော်စော်ကားသူတစ်ဦးပင် ဖြစ်သည်ဟုပြောဆိုခဲ့ကြကုန်၏။
قَالُوا سَمِعْنَا فَتًى يَذْكُرُهُمْ يُقَالُ لَهُ إِبْرَاهِيمُ
ယင်းအမျိုးသားတို့(အနက်အချို့)ကကျွန်ုပ်တို့သည် အိဗ်ရာဟီမ်ဟုခေါ်တွင်သော လူငယ်တစ်ဦးအား ဤ(ကျွန်ုပ်တို့၏ကိုးကွယ်ရာ)တို့ကို (ပြစ်တင်) ပြောဆိုသည်ကိုကြားဖူးခဲ့ကြသည်ဟု ပြောကြကုန်၏။
قَالُوا فَأْتُوا بِهِ عَلَىٰ أَعْيُنِ النَّاسِ لَعَلَّهُمْ يَشْهَدُونَ
(ထိုအခါ) ယင်းအမျိုးသားတို့က သို့ဖြစ်လျှင်အသင်တို့သည် အိဗ်ရာဟီမ်အား လူအပေါင်းတို့၏မျက်မှောက်သို့ ၎င်းတို့(အားလုံး အိဗ်ရာဟီမ်)အား မြင်နိုင်ကြအံ့သောငှာ ခေါ်ဆောင်ခဲ့ကြလေကုန်ဟု ပြောဆိုကြလေ၏။
قَالُوا أَأَنْتَ فَعَلْتَ هَٰذَا بِآلِهَتِنَا يَا إِبْرَاهِيمُ
(အိဗ်ရာဟီမ်သည် ၎င်းတို့ရှေ့မှောက်သို့ရောက်သောအခါ) ၎င်းတို့က အို-အိဗ်ရာဟီမ် အသင်သည်ပင်လျှင်ကျွန်ုပ်တို့၏ ကိုးကွယ်ရာများကို ဤသို့ ပြုလုပ်ခဲ့လေသလောဟုပြောဆို(မေးမြန်း)ခဲ့ကြကုန်၏။
قَالَ بَلْ فَعَلَهُ كَبِيرُهُمْ هَٰذَا فَاسْأَلُوهُمْ إِنْ كَانُوا يَنْطِقُونَ
ထို(အခါ) အိဗ်ရာဟီမ်က (ဤသို့)ပြောဆို (ဖြေကြား)ခဲ့၏။ အချင်းတို့၊ ထိုသို့အလျင်းမဟုတ်၊ စင်စစ်မှာကား၎င်းတို့၏ အကြီးအကဲဖြစ်သော ဤ(ရုပ်ပွားဆင်းတုကြီး) ကသာလျှင် ဤသို့ပြုလုပ်(ဟန်လက္ခဏာရှိ)သည်။ သို့ဖြစ်ပေရာအသင်တို့သည် ထိုရုပ်တုများကိုပင် အကယ်၍ ၎င်းတို့သည် စကားပြောဆိုနိုင်ကြပါလျှင် (မေးမြန်း၍ကြည့်)ကြလေကုန်။

Choose other languages: