Quran Apps in many lanuages:

Surah Al-Anbiya Ayahs #66 Translated in Burmese

قَالُوا أَأَنْتَ فَعَلْتَ هَٰذَا بِآلِهَتِنَا يَا إِبْرَاهِيمُ
(အိဗ်ရာဟီမ်သည် ၎င်းတို့ရှေ့မှောက်သို့ရောက်သောအခါ) ၎င်းတို့က အို-အိဗ်ရာဟီမ် အသင်သည်ပင်လျှင်ကျွန်ုပ်တို့၏ ကိုးကွယ်ရာများကို ဤသို့ ပြုလုပ်ခဲ့လေသလောဟုပြောဆို(မေးမြန်း)ခဲ့ကြကုန်၏။
قَالَ بَلْ فَعَلَهُ كَبِيرُهُمْ هَٰذَا فَاسْأَلُوهُمْ إِنْ كَانُوا يَنْطِقُونَ
ထို(အခါ) အိဗ်ရာဟီမ်က (ဤသို့)ပြောဆို (ဖြေကြား)ခဲ့၏။ အချင်းတို့၊ ထိုသို့အလျင်းမဟုတ်၊ စင်စစ်မှာကား၎င်းတို့၏ အကြီးအကဲဖြစ်သော ဤ(ရုပ်ပွားဆင်းတုကြီး) ကသာလျှင် ဤသို့ပြုလုပ်(ဟန်လက္ခဏာရှိ)သည်။ သို့ဖြစ်ပေရာအသင်တို့သည် ထိုရုပ်တုများကိုပင် အကယ်၍ ၎င်းတို့သည် စကားပြောဆိုနိုင်ကြပါလျှင် (မေးမြန်း၍ကြည့်)ကြလေကုန်။
فَرَجَعُوا إِلَىٰ أَنْفُسِهِمْ فَقَالُوا إِنَّكُمْ أَنْتُمُ الظَّالِمُونَ
ထိုအခါ ယင်းအမျိုးသားတို့သည် မိမိတို့၏စိတ်ထဲတွင် တွေးတောစဉ်းစားခဲ့ကြလေသည်။ ထို့နောက် ၎င်းတို့သည် (မိမိတို့အချင်းချင်း) "အသင်တို့ သည်သာလျှင်အမှားကိုကျူးလွန်သူများဖြစ်ကြသည်" ဟု (ထုတ်ဖော်) ပြောဆိုခဲ့ကြကုန်၏။
ثُمَّ نُكِسُوا عَلَىٰ رُءُوسِهِمْ لَقَدْ عَلِمْتَ مَا هَٰؤُلَاءِ يَنْطِقُونَ
ထို့နောက် ၄င်းတို့သည် မိမိတို့ဦးခေါင်းများကို အောက်သို့စိုက်လျက် (အို-အိဗ်ရာဟီမ်)ဤရုပ်ပွားဆင်းတုများ(အလျင်း)စကားပြောဆိုနိုင်ကြသည် မဟုတ်ကြောင်းကို အသင်သည်အသိပင် ဖြစ်သည် ဟုပြောဆိုခဲ့ကြကုန်၏။
قَالَ أَفَتَعْبُدُونَ مِنْ دُونِ اللَّهِ مَا لَا يَنْفَعُكُمْ شَيْئًا وَلَا يَضُرُّكُمْ
ထို(အခါ)အိဗ်ရာဟီမ်က သို့ပါလျက် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင် အကြင်အရာကို ခ၀ပ်ကိုးကွယ်ကြလေသလော။ ထိုအရာသည် အသင်တို့အား လုံးဝအကျိုးဖြစ်ထွန်း စေနိုင်သည်လည်းမဟုတ်ပေ။ အသင်တို့အား အကျိုးယုတ်စေနိုင်သည်လည်း မဟုတ်ပေ။

Choose other languages: