Quran Apps in many lanuages:

Surah Al-Anaam Ayahs #69 Translated in Burmese

قُلْ هُوَ الْقَادِرُ عَلَىٰ أَنْ يَبْعَثَ عَلَيْكُمْ عَذَابًا مِنْ فَوْقِكُمْ أَوْ مِنْ تَحْتِ أَرْجُلِكُمْ أَوْ يَلْبِسَكُمْ شِيَعًا وَيُذِيقَ بَعْضَكُمْ بَأْسَ بَعْضٍ ۗ انْظُرْ كَيْفَ نُصَرِّفُ الْآيَاتِ لَعَلَّهُمْ يَفْقَهُونَ
(အို-နဗီတမန်တော်)အသင်သည်(ဤသို့ လည်း)ပြောကြားပါလေ။ ထိုအရှင်မြတ်သည် အသင်တို့အပေါ်သို့အသင်တို့၏အထက်မှဖြစ်စေ၊ အသင်တို့၏ခြေထောက်များအောက်မှဖြစ်စေ၊ အပြစ်ဒဏ်(တစ်စုံတစ်ရာ)တို့ သက်ရောက်စေခြင်းကိုသော်လည်းကောင်း၊ အသင်တို့အား အသင်းအဖွဲ့များကွဲပြားစေပြီး အချင်းချင်းတိုက်ခိုက်စေလျက် အသင်တို့ အနက်အချို့၏(တိုက်ခိုက်မှု)အရသာကို မြည်းစမ်းခြင်းကို သော်လည်းကောင်း၊ ပြုစွမ်းနိုင်�ော်မူသောအရှင် ဖြစ်တော်မူသည်။(အို-နဗီတမန်တော်) ငါအရှင်မြတ်သည်(တောင်ဟီဒ်နှင့်စပ်လျဉ်း၍) သက်သေသာဓကများကို မည်သို့မည်ပုံ အမျိုးမျိုးအဖုံဖုံ ပြောင်းလွှဲပြသ တော်မူသည်ကို အသင်ရှုပါလေ၊သို့မှသာလျှင် ထိုသူများသည် နားလည်ကြပေမည်။
وَكَذَّبَ بِهِ قَوْمُكَ وَهُوَ الْحَقُّ ۚ قُلْ لَسْتُ عَلَيْكُمْ بِوَكِيلٍ
သို့ရာတွင် (အို-နဗီတမန်တော်) ထိုအရာကိုအသင်၏အမျိုးသားများက မဟုတ်မမှန်ဟုငြင်းပယ် ခဲ့ကြကုန်၏။ စင်စစ်သော်ကား ၎င်း(အပြစ်ဒဏ်)သည် အမှန်ပင်(သက်ရောက်မည်သာ)တည်း။ (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အား) ငါသည် အသင်တို့အပေါ် ကြီးကြပ်အုပ်ထိန်းသူမဟုတ်ပါ ဟု ပြောကြားပါလေ။
لِكُلِّ نَبَإٍ مُسْتَقَرٌّ ۚ وَسَوْفَ تَعْلَمُونَ
အကြောင်းကြားချက်၊ မှာကြားချက်သတင်းတိုင်း(ဖြစ်ပျက်ရန်) အတွက် ကန့်သတ်ထားသော အချိန်တစ်ချိန်ရှိ၏။ စင်စစ် အသင်တို့သည် မကြာမီအတွင်း သိရှိကြမည်။
وَإِذَا رَأَيْتَ الَّذِينَ يَخُوضُونَ فِي آيَاتِنَا فَأَعْرِضْ عَنْهُمْ حَتَّىٰ يَخُوضُوا فِي حَدِيثٍ غَيْرِهِ ۚ وَإِمَّا يُنْسِيَنَّكَ الشَّيْطَانُ فَلَا تَقْعُدْ بَعْدَ الذِّكْرَىٰ مَعَ الْقَوْمِ الظَّالِمِينَ
၎င်းပြင် (အို-နဗီတမန်တော်) ငါအရှင်မြတ်၏မုက္ခပါဌ်တော်များကို ကဲ့ရဲ့ပြစ်တင်သော သူတို့ကို အသင်တွေ့မြင်သောအခါ ၎င်းတို့သည် အခြားအကြောင်းအရာများ၌ စိတ်ဝင်စားသွားကြသည်အထိ အသင်သည် ၎င်းတို့၏ထံ (ထိုင်ခြင်း)မှ လွှဲရှောင်နေပါလေ။ ၎င်းပြင် အကယ်၍ ရှိုင်တွာန်သည် အသင့်အား မေ့လျော့စေခဲ့သော် ပြန်လည်သတိရရှိပြီးနောက်တွင်မူ အသင်သည် မတော်မတရားပြုမူသော သူတို့နှင့်အတူ မထိုင်ပါလေနှင့်။
وَمَا عَلَى الَّذِينَ يَتَّقُونَ مِنْ حِسَابِهِمْ مِنْ شَيْءٍ وَلَٰكِنْ ذِكْرَىٰ لَعَلَّهُمْ يَتَّقُونَ
၎င်းပြင် (ရှရီအတ်၏တားမြစ်ချက်များမှ) ကြဉ်ရှောင်ကြကုန်သောသူတို့အပေါ်၌ မွတ်ရှ်ရစ်က် တို့နှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းသည် လုံးဝမရှိချေ။ သို့ရာတွင်ထိုသူတို့အပေါ်၌ ဆုံးမဩဝါဒ စကားပြောရန် တာဝန်ကားရှိပေသည်။ သို့မှသာလျှင် ထိုသူများသည် ရှောင်ကြဉ်ကြပေမည်။

Choose other languages: