Quran Apps in many lanuages:

Surah Al-Anaam Ayahs #39 Translated in Burmese

وَإِنْ كَانَ كَبُرَ عَلَيْكَ إِعْرَاضُهُمْ فَإِنِ اسْتَطَعْتَ أَنْ تَبْتَغِيَ نَفَقًا فِي الْأَرْضِ أَوْ سُلَّمًا فِي السَّمَاءِ فَتَأْتِيَهُمْ بِآيَةٍ ۚ وَلَوْ شَاءَ اللَّهُ لَجَمَعَهُمْ عَلَى الْهُدَىٰ ۚ فَلَا تَكُونَنَّ مِنَ الْجَاهِلِينَ
သို့ရာတွင် (အို-နဗီတမန်တော်) အကယ်၍ ၎င်းတို့၏ လွှဲဖယ်တိမ်းရှောင်သွားခြင်းသည် အသင့် အပေါ်ဝယ်ရင်လေးဖွယ်ဖြစ်နေပါလျှင်၊ အသင်သည် တတ်စွမ်းနိုင်ပါကမြေအောက်တွင် လိုဏ်ခေါင်းတခုခု ကိုဖြစ်စေ၊ မိုးပေါ်သို့(တက်နိုင်ရန်) လှေကားတခုခု ကိုဖြစ်စေ၊ ရှာဖွေပြီးလျှင် ၎င်းတို့အဖို့ တန်ခိုးပြာဋိဟာ တစ်ရပ်ရပ်ကိုယူဆောင်ခဲ့ပါလေ။ စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိပါမူ၊ ၎င်းတို့အားလုံးကို တရားလမ်းမှန်ပေါ်၌ တစ်စည်းတစ်လုံးတည်း တည်ရှိစေတော်မူအံ့။ သို့ဖြစ်ပေရာ အသင်သည် အသိဉာဏ်ကင်းမဲ့သောသူတို့တွင် အပါအဝင်မဖြစ်ပါလေနှင့်။
إِنَّمَا يَسْتَجِيبُ الَّذِينَ يَسْمَعُونَ ۘ وَالْمَوْتَىٰ يَبْعَثُهُمُ اللَّهُ ثُمَّ إِلَيْهِ يُرْجَعُونَ
(စိတ်စေတနာ ဖြူစင်စွာဖြင့် တရားကို) နားထောင်သောသူများသာလျှင် တရားကို လက်ခံနာယူကြပေသည်။ အမှန်စင်စစ် သူသေတို့မူကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ရှင်ပြန်ထစေတော်မူမည်။ ထို့နောက်၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့သာလျှင် ပြန်သွားကြရမည်။
وَقَالُوا لَوْلَا نُزِّلَ عَلَيْهِ آيَةٌ مِنْ رَبِّهِ ۚ قُلْ إِنَّ اللَّهَ قَادِرٌ عَلَىٰ أَنْ يُنَزِّلَ آيَةً وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
၎င်းပြင် ထိုသူတို့က(အကယ်၍သာ မုဟမ္မဒ်သည် နဗီတမန်တော်ဖြစ်ခဲ့ပါလျှင်) ၎င်း၏အရှင်မြတ် ထံတော်မှ ၎င်းထံသို့ ပြာဋိဟာတစ်ရပ်ရပ်သည် မည်သည့်အတွက်ကြောင့် မကျရောက်ပါသနည်းဟု ပြောဆိုကြလေသည်။ (အိုနဗီတမန်တော်အသင်သည် ထိုသူတို့ အား ဤသို့) ပြောကြားပါလေ။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (ထိုသူတို့တောင်းဆိုသော)တန်ခိုး ပြာဋိဟာကို ချပေးနိုင်စွမ်းရှိတော်မူ သောအရှင်မြတ် ဖြစ်တော်မူ၏။ သို့ရာတွင် ထိုသူတို့အနက်မှ များစွာသော သူတို့သည် (ဤသည်ကိုပင်) မသိကြချေ။
وَمَا مِنْ دَابَّةٍ فِي الْأَرْضِ وَلَا طَائِرٍ يَطِيرُ بِجَنَاحَيْهِ إِلَّا أُمَمٌ أَمْثَالُكُمْ ۚ مَا فَرَّطْنَا فِي الْكِتَابِ مِنْ شَيْءٍ ۚ ثُمَّ إِلَىٰ رَبِّهِمْ يُحْشَرُونَ
၎င်းနောက် ပထဝီမြေဝယ် ရှိရှိသမျှသော သက်ရှိအပေါင်းတို့သည်လည်းကောင်း၊ မိမိတို့ တောင်ပံ နှစ်ဖက်ဖြင့်ပျံသန်းလျက်ရှိသော ငှက်တိရိစ္ဆာန် ပေါင်းတို့သည်လည်းကောင်း၊ အသင်တို့ကဲ့သို့ အုပ်စုများပင် ဖြစ်ကြပေသည်။ ငါအရှင်မြတ်သည် (မိမိမှတ်တမ်း) စာအုပ်တွင် တစုံတရာကိုမျှချန်လှပ်ထားတော်မူသည်မရှိချေ။ ထို့နောက် ၎င်းတို့အားလုံးသည် မိမိ၏ အရှင်မြတ်အထံတော်၌ပင် စုရုံးစေခြင်းကို ခံကြရ�ေမည်။
وَالَّذِينَ كَذَّبُوا بِآيَاتِنَا صُمٌّ وَبُكْمٌ فِي الظُّلُمَاتِ ۗ مَنْ يَشَإِ اللَّهُ يُضْلِلْهُ وَمَنْ يَشَأْ يَجْعَلْهُ عَلَىٰ صِرَاطٍ مُسْتَقِيمٍ
စင်စစ် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်သော သူတို့ကား နားပင်းသူများနှင့် ဆွံ့အသူများပင်ဖြစ်ကြကုန်၏။ အမှောင်အမျိုးမျိုးတွင်(တဝဲလည်လည်)ရှိကြကုန်၏။ အလ္လာဟ်အရှင်မြတ်သည်မိမိ အလိုရှိတော်မူသောသူအား (အမှန်တရားကိုသွေဖည်မှုကြောင့်) လမ်းလွဲ၌ပင် ရှိစေတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် မိမိအလိုတော်ရှိတော်မူသော သူအား (မိမိ၏ကျေးဇူးတော်ဖြင့်) ဖြောင့်မတ် မှန်ကန်သောတရားလမ်းပေါ်၌ တည်စေတော်မူ၏။

Choose other languages: