Quran Apps in many lanuages:

Surah Al-Anaam Ayahs #41 Translated in Burmese

وَقَالُوا لَوْلَا نُزِّلَ عَلَيْهِ آيَةٌ مِنْ رَبِّهِ ۚ قُلْ إِنَّ اللَّهَ قَادِرٌ عَلَىٰ أَنْ يُنَزِّلَ آيَةً وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
၎င်းပြင် ထိုသူတို့က(အကယ်၍သာ မုဟမ္မဒ်သည် နဗီတမန်တော်ဖြစ်ခဲ့ပါလျှင်) ၎င်း၏အရှင်မြတ် ထံတော်မှ ၎င်းထံသို့ ပြာဋိဟာတစ်ရပ်ရပ်သည် မည်သည့်အတွက်ကြောင့် မကျရောက်ပါသနည်းဟု ပြောဆိုကြလေသည်။ (အိုနဗီတမန်တော်အသင်သည် ထိုသူတို့ အား ဤသို့) ပြောကြားပါလေ။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (ထိုသူတို့တောင်းဆိုသော)တန်ခိုး ပြာဋိဟာကို ချပေးနိုင်စွမ်းရှိတော်မူ သောအရှင်မြတ် ဖြစ်တော်မူ၏။ သို့ရာတွင် ထိုသူတို့အနက်မှ များစွာသော သူတို့သည် (ဤသည်ကိုပင်) မသိကြချေ။
وَمَا مِنْ دَابَّةٍ فِي الْأَرْضِ وَلَا طَائِرٍ يَطِيرُ بِجَنَاحَيْهِ إِلَّا أُمَمٌ أَمْثَالُكُمْ ۚ مَا فَرَّطْنَا فِي الْكِتَابِ مِنْ شَيْءٍ ۚ ثُمَّ إِلَىٰ رَبِّهِمْ يُحْشَرُونَ
၎င်းနောက် ပထဝီမြေဝယ် ရှိရှိသမျှသော သက်ရှိအပေါင်းတို့သည်လည်းကောင်း၊ မိမိတို့ တောင်ပံ နှစ်ဖက်ဖြင့်ပျံသန်းလျက်ရှိသော ငှက်တိရိစ္ဆာန် ပေါင်းတို့သည်လည်းကောင်း၊ အသင်တို့ကဲ့သို့ အုပ်စုများပင် ဖြစ်ကြပေသည်။ ငါအရှင်မြတ်သည် (မိမိမှတ်တမ်း) စာအုပ်တွင် တစုံတရာကိုမျှချန်လှပ်ထားတော်မူသည်မရှိချေ။ ထို့နောက် ၎င်းတို့အားလုံးသည် မိမိ၏ အရှင်မြတ်အထံတော်၌ပင် စုရုံးစေခြင်းကို ခံကြရ�ေမည်။
وَالَّذِينَ كَذَّبُوا بِآيَاتِنَا صُمٌّ وَبُكْمٌ فِي الظُّلُمَاتِ ۗ مَنْ يَشَإِ اللَّهُ يُضْلِلْهُ وَمَنْ يَشَأْ يَجْعَلْهُ عَلَىٰ صِرَاطٍ مُسْتَقِيمٍ
စင်စစ် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်သော သူတို့ကား နားပင်းသူများနှင့် ဆွံ့အသူများပင်ဖြစ်ကြကုန်၏။ အမှောင်အမျိုးမျိုးတွင်(တဝဲလည်လည်)ရှိကြကုန်၏။ အလ္လာဟ်အရှင်မြတ်သည်မိမိ အလိုရှိတော်မူသောသူအား (အမှန်တရားကိုသွေဖည်မှုကြောင့်) လမ်းလွဲ၌ပင် ရှိစေတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် မိမိအလိုတော်ရှိတော်မူသော သူအား (မိမိ၏ကျေးဇူးတော်ဖြင့်) ဖြောင့်မတ် မှန်ကန်သောတရားလမ်းပေါ်၌ တည်စေတော်မူ၏။
قُلْ أَرَأَيْتَكُمْ إِنْ أَتَاكُمْ عَذَابُ اللَّهِ أَوْ أَتَتْكُمُ السَّاعَةُ أَغَيْرَ اللَّهِ تَدْعُونَ إِنْ كُنْتُمْ صَادِقِينَ
(အို-နဗီတမန်တော်) အသင်သည်(ထိုသူတို့ အားဤသို့) ပြောဆိုပါလေ။ အသင်တို့ ပြောပြကြ ကုန်၊ အကယ်၍အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်သည် အသင်တို့၏အပေါ်၌ကျရောက်လာခဲ့သည်ရှိသော်၊ သို့တည်းမဟုတ် ကိယာမတ်(ရှင်ပြန်ထမည့်နေ့)သည် အသင်တို့ထံ ဆိုက်ရောက်လာခဲ့သည်ရှိသော် (ထိုကဲ့သို့သော အချိန်ကာလမျိုး၌လည်း) အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး (မိမိတို့ ကိုယ်တိုင် ဘုရားအဖြစ် ပြုလုပ် ကိုးကွယ်ကြကုန် သော) အခြားအရာများကိုပင်ဟစ်ခေါ်ကြမည်လော။ အသင်တို့ မှန်ကန်သောသူများဖြစ်ကြပါလျှင် (ထိုသို့သောအချိန်မျိုးတွင်လည်း အလ္လာဟ်ရှင်မြတ် အားစွန့်လွှတ်၍ မိမိတို့၏ ကိုးကွယ်ရာများကိုသာ ဟစ်ခေါ်သင့်ပေသည်)။
بَلْ إِيَّاهُ تَدْعُونَ فَيَكْشِفُ مَا تَدْعُونَ إِلَيْهِ إِنْ شَاءَ وَتَنْسَوْنَ مَا تُشْرِكُونَ
(ဤသို့) အလျင်းမဟုတ်ပေ၊ အမှန်စင်စစ်သော်ကား(ယင်းကဲ့သို့သောအချိန်အခါမျိုးတွင်)အသင်တို့သည်အထူးသဖြင့်(တစ်ဆူတည်းသော)ထိုအရှင်မြတ်ကိုသာလျှင် ဟစ်ခေါ်ကြပေမည်။ ၎င်း နောက် ထိုအရှင်မြတ်သည် မိမိအလိုတော်ရှိခဲ့ပါလျှင်၊ အကြင်(ဘေးအန္တရာယ်)ကိုလည်း ဖယ်ရှားတော်မူအံ့၊ထိုအရာ (ဘေးအန္တရာယ်ကိုဖယ်ရှားရန်)အတွက် အသင်တို့သည် (ထိုအရှင်မြတ်ကို) ဟစ်ခေါ်ကြကုန်၏။ ၎င်းပြင်(ထိုအခါဝယ်) အသင်တို့သည်လည်း မိမိတို့ (ယခု)တွဲဖက်(ကိုးကွယ်နေ)ကြကုန်သော အရာများကို မေ့ပျောက်သွားကြလတ္တံ့။ (ရကူ)

Choose other languages: