Quran Apps in many lanuages:

Surah Al-Anaam Ayahs #106 Translated in Burmese

ذَٰلِكُمُ اللَّهُ رَبُّكُمْ ۖ لَا إِلَٰهَ إِلَّا هُوَ ۖ خَالِقُ كُلِّ شَيْءٍ فَاعْبُدُوهُ ۚ وَهُوَ عَلَىٰ كُلِّ شَيْءٍ وَكِيلٌ
(ဤသည်) ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသောအလ္လာဟ် အရှင်မြတ်ပင်တည်း။ ထိုအရှင်မြတ်မှတပါး ခဝပ်ကိုးကွယ်ရာအရှင်မရှိပြီ။(ထိုအရှင်မြတ်သည်) အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်ကိုသာခဝပ်ကိုးကွယ်ကြလေကုန်။ စင်စစ်သော် ကားထိုအရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို စီမံခန့်ခွဲပြီးငြိမ်းစေတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
لَا تُدْرِكُهُ الْأَبْصَارُ وَهُوَ يُدْرِكُ الْأَبْصَارَ ۖ وَهُوَ اللَّطِيفُ الْخَبِيرُ
(မံသ)စက္ခုများသည် ထိုအရှင်မြတ်အား (စိတ်ငုံ)မိနိုင်သည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်မှာကား(မံသ)စက္ခုများကို (စိတ်ငုံ) ငုံမိလျက် ရှိတော်မူချေသည်။စင်စစ်သော်ကား ထိုအရှင်မြတ်သည် အလွန်နက်နဲသိမ်မွေ့တော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်မြတ် ဖြစ်ပေသတည်း။
قَدْ جَاءَكُمْ بَصَائِرُ مِنْ رَبِّكُمْ ۖ فَمَنْ أَبْصَرَ فَلِنَفْسِهِ ۖ وَمَنْ عَمِيَ فَعَلَيْهَا ۚ وَمَا أَنَا عَلَيْكُمْ بِحَفِيظٍ
(အို-နဗီတမန်တော် အသင်သည် ဤသို့ ပြောဆိုပါလေ) ဧကန်စင်စစ် အသင်တို့ထံ၊ အသင်တို့၏အရှင်မြတ်အထံတော်မှ သက်သေခံများသည် ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ မည်သူမဆို(ထိုသက်သေခံ များကို)မြင်ပါလျှင်၊ ထိုသူ၏အဖို့သာ အကျိုးရှိအံ့။ ထိုနည်းတူစွာ မည်သူမဆိုမျက်စိကန်းလျက်နေပါလျှင် ထိုသူ၏အပေါ်၌သာ နစ်နာမှုရှိအံ့။ အမှန်သော်ကား ကျွန်ုပ်သည် အသင်တို့အပေါ်၌ ကြီးကြပ်အုပ်ထိန်းသူမဟုတ်ပေ။
وَكَذَٰلِكَ نُصَرِّفُ الْآيَاتِ وَلِيَقُولُوا دَرَسْتَ وَلِنُبَيِّنَهُ لِقَوْمٍ يَعْلَمُونَ
၎င်းပြင် ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် သက်သေ လက္ခဏာတော်များကို အမျိုးမျိုးအဖုံဖုံ ရှင်းလင်းပြတော်မူသည်။ (ယင်းသို့ရှင်းလင်း ပြတော်မူသည့်အခါ)ထိုကာဖိရ်များကအသင်သည်သင်ယူထားသည်ဟုပြောဆိုကြပေမည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထို(ကုရ်အာန်)ကို အသိတရားရှိသူများအဖို့ အထူးလင်းပြတော်မူရန်အလို့ငှာဖြစ်၏။
اتَّبِعْ مَا أُوحِيَ إِلَيْكَ مِنْ رَبِّكَ ۖ لَا إِلَٰهَ إِلَّا هُوَ ۖ وَأَعْرِضْ عَنِ الْمُشْرِكِينَ
(အို-နဗီတမန်တော်) အသင်သည် အသင့်အားမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ မိမိထံကျရောက်လာသော ဝဟ်ယ် အမိန့်တော်များကို လိုက်နာ၍နေပါလေ။ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိ။၎င်းပြင် အသင်သည် မုရှ်ရစ်က် များဖက်မှ မျက်နှာလွှဲထားပါလေ။

Choose other languages: