Quran Apps in many lanuages:

Surah Al-Ahzab Ayahs #14 Translated in Burmese

إِذْ جَاءُوكُمْ مِنْ فَوْقِكُمْ وَمِنْ أَسْفَلَ مِنْكُمْ وَإِذْ زَاغَتِ الْأَبْصَارُ وَبَلَغَتِ الْقُلُوبُ الْحَنَاجِرَ وَتَظُنُّونَ بِاللَّهِ الظُّنُونَا
အကြင်အခါဝယ် ထိုစစ်တပ်များသည် အသင်တို့၏ အထက်ဘက်မှလည်းကောင်း၊ အသင်တို့၏ အောက်ဘက်မှလည်းကောင်း၊ (စုရုံး) ချီတက်လာခဲ့ကြကုန်၏။ ထိုမှတစ်ပါးအကြင်အခါဝယ် မျက်စိများသည် (ကြောက်ရွံ့ထိတ်လန့်မှုကြောင့်) ပြူး၍သွားခဲ့ကြကုန်၏။ ထို့ပြင် နှလုံးများမှာလည်းလည်မျိုသို့ရောက်ရှိ၍သွားခဲ့ကြ၏။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ အမျိုးမျိုးသောထင်မြင်ယူဆချက်များကို ထင်မြင်ယူဆခဲ့ကြကုန်သတည်း။
هُنَالِكَ ابْتُلِيَ الْمُؤْمِنُونَ وَزُلْزِلُوا زِلْزَالًا شَدِيدًا
ထိုရောအခါဝယ် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့မှာ စမ်းသပ်ခြင်းခံခဲ့ကြရသည့်ပြင်၊ ပြင်းထန်စွာ တုန်လှုပ်ချောက်ချားစေခြင်းကိုလည်း ခံခဲ့ကြရကုန်၏။
وَإِذْ يَقُولُ الْمُنَافِقُونَ وَالَّذِينَ فِي قُلُوبِهِمْ مَرَضٌ مَا وَعَدَنَا اللَّهُ وَرَسُولُهُ إِلَّا غُرُورًا
ထိုမှတစ်ပါး အကြင်အခါဝယ် မုနာဖစ်က်အယောင်ဆောင်မုစ်လင်မ်များနှင့် စိတ်နှလုံးများတွင် ရောဂါရှိသူတို့က အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်သည်လည်းကောင်း၊ ကျွန်ုပ်တို့အားဖြားယောင်းခြင်းမှတစ်ပါး မှန်ကန်သောကတိကို ပေးခဲ့ကြသည်မဟုတ် ဟု ပြောဆိုလျက် ရှိခဲ့ကြကုန်၏။
وَإِذْ قَالَتْ طَائِفَةٌ مِنْهُمْ يَا أَهْلَ يَثْرِبَ لَا مُقَامَ لَكُمْ فَارْجِعُوا ۚ وَيَسْتَأْذِنُ فَرِيقٌ مِنْهُمُ النَّبِيَّ يَقُولُونَ إِنَّ بُيُوتَنَا عَوْرَةٌ وَمَا هِيَ بِعَوْرَةٍ ۖ إِنْ يُرِيدُونَ إِلَّا فِرَارًا
၎င်းပြင် အကြင်အခါဝယ် ထိုသူတို့အနက် လူတစ်စုကအို-ယတ်ဆရစ်ဗ်မြို့သားတို့၊ အသင်တို့အဖို့ရပ်တည်ရာဌာနဟူ၍ အလျှင်းမရှိပြီဖြစ်ရာ အသင်တို့သည် ပြန်သွားကြကုန်လော့ ဟု ပြောဆိုခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့အနက် လူတစုသည် ဧကန်အမှန် ကျွန်ုပ်တို့၏အိမ်များမှာလုံခြုံမှုမရှိပါ ဟုပြောဆိုကာ နဗီတမန်တော်မြတ်ထံမှ ခွင့်ပန်လျက် ရှိကြကုန်၏။ စင်စစ်သော်ကား ယင်းအိမ်များမှာ လုံခြုံမှုကင်းမဲ့စွာ ရှိနေကြသည်မဟုတ်ပေ။ ၎င်းတို့မူကား ထွက်ပြေးရန်သာ ကြံရွယ်နေကြကုန်သတည်း။
وَلَوْ دُخِلَتْ عَلَيْهِمْ مِنْ أَقْطَارِهَا ثُمَّ سُئِلُوا الْفِتْنَةَ لَآتَوْهَا وَمَا تَلَبَّثُوا بِهَا إِلَّا يَسِيرًا
စင်စစ်သော်ကား ၎င်းတို့ထံ ယင်း ယတ်ဆရစ်ဗ် မြို့၏ ဘေးပတ်ဝန်းကျင်များမှ (ကာဖိရ် စစ်သည်တို့သည်) ဝင်ရောက်ခဲ့ကြသော် ထို့နောက် ၎င်းတို့သည် ဖျက်ဆီးမှုပြုရန် (မုစ်လင်မ်တို့နှင့် တိုက်ခိုက်ရန်) တောင်းဆိုခြင်းကိုခံခဲ့ကြရသော် ၎င်းတို့သည် ထိုအိမ်များ၌ အနည်းငယ်မျှသာဆိုင်းငံ့ပြီး ရုတ်တရက်ချက်ချင်းပင်လျှင် ယင်းဖျက်ဆီးမှု (တိုက်ခိုက်မှု)ကို အမှန်ပင်လက်ခံပြုလုပ်ကြမည်သာ။

Choose other languages: